Author: Baby Yit Lone
-

ဒေါ်အောင်ဆန်းစုကြည် အသက်ထင်ရှား ရှိပါသေးသလား
သံသယဖြစ်ဖွယ် အချက်အလက်များနှင့် Speak Out လုပ်ကြရန် တိုက်တွန်းချက် လက်ရှိအချိန်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်အပေါ် စိုးရိမ်ပူပန်မှုများ အထူးမြင့်တက်နေပါသည်။ အထူးသဖြင့် စစ်ကောင်စီအတွင်းပိုင်းမှ ထွက်ပေါ်လာသော ကောလဟာလသတင်းများအရ သူမ ကွယ်လွန်သွားပြီလားဆိုသည့် မေးခွန်းမှာ ပိုမိုကျယ်လောင်လာသည်။ ကျွန်ုပ်တို့အနေဖြင့် အောက်ပါခိုင်လုံသော အချက်အလက်များကို အခြေခံ၍ စစ်ကောင်စီထံမှ အဖြေတောင်းရန် လိုအပ်နေပြီ ဖြစ်ပါသည်။ ၁။ နိုင်ငံတကာ ဖိအားများကို အရေးမစိုက်နိုင်တော့ခြင်း နိုင်ငံတကာမှ အထူးကိုယ်စားလှယ်များ၊ သံတမန်များနှင့် အနီးကပ်ဆုံးမိသားစုဝင်ဖြစ်သူ သားငယ် ကိုထိန်လင်း (Kim Aris) ကိုယ်တိုင် တွေ့ဆုံခွင့်တောင်းဆိုနေသည့်တိုင် စစ်ကောင်စီဘက်မှ ယနေ့တိုင် အတွေ့မခံနိုင်ခြင်းမှာ အလွန်ထူးခြားနေပါသည်။ ပုံမှန်အားဖြင့် စစ်ကောင်စီသည် ၎င်းတို့အကျပ်ရိုက်ချိန်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချ၍…
-

သမ္မတထရမ့်က အီရန်ကို ခြွင်းချက်မရှိ လက်နက်ချဖို့ တောင်းဆို
သမ္မတထရမ့်က အမေရိကန်-အစ္စရေး အီရန်စစ်ပွဲ တစ်ပတ်နီးပါးအကြာတွင်အီရန်ကို ခြွင်းချက်မရှိ လက်နက်ချရန် တောင်းဆိုလိုက်သည်။ ယင်းပြင်သမ္မတထရမ့်ကးနိုင်ငံ၏ နောက်ခေါင်းဆောင်ကို ရွေးချယ်ရာတွင် ပါဝင်လိုကြောင်း ထပ်မံပြောကြားခဲ့သည်။ “ခြွင်းချက်မရှိ လက်နက်ချခြင်းမှလွဲ၍ အီရန်နှင့် မည်သည့်သဘောတူညီချက်မျှ ရှိမည်မဟုတ်ပါ!”ဟု သမ္မတထရမ့်က ရေးသားခဲ့သည်။ “ထို့နောက်တွင် ကြီးကျယ်ပြီး လက်ခံနိုင်သော ခေါင်းဆောင်(များ)ကို ရွေးချယ်ပြီးနောက်ကျွန်ုပ်တို့၏ မဟာမိတ်များနှင့် အတူ ယခင်ကထက် စီးပွားရေးအရ ပိုမိုကြီးမား၊ ပိုမိုကောင်းမွန်ပြီး ပိုမိုအားကောင်းလာစေရန် မနားမနေ လုပ်ဆောင်သွားကြမည်” ဟု ထရမ့်က ရေးသားခဲ့သည်။ အမေရိကန်-အစ္စရေး ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၃၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်း အီရန် လခြမ်းနီအဖွဲ့က ပြောကြားခဲ့သည်။ ဒလက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူ ၁၂၃ ဦး သေဆုံးပြီး ၆၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းပြောဆိုသည်။…
-

စစ်တွေအနီးနေရာ ၁၅ ခုလောက်မှာ AA နဲ့ တိုက်ပွဲပြင်းထန်နေသလို AA ကလက်နက်ကြီးတွေနဲ့ တုံ့ပြန်ပစ်ခတ်မှုတွေရှိနေ
အာရက္ခတပ်တော် ( AA) နှင့် စစ်ကော်မရှင်တပ်တို့သည် မြေပြင် နေရာ (၁၅) ခုလောက်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး AA ကလည်း လက်နက်ကြီးများဖြင့် စစ်တွေအခြေစိုက် စစ်ကော်မရှင် တပ်ရင်းများကို တုံ့ပြန်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ ယနေ့ မတ်လ ၇ ရက် နံနက် ၄ နာရီခန့်က စတင်ပြီး အာရက္ခတပ်တော်မှ စစ်တွေ အခြေစိုက် ရွှေမင်းဂံ ရေတပ်၊ ခလရ (၂၀)၊ ရဲတပ်ရင်း (၁၂)၊ ပဒလိတ်တပ်ရင်း (၂၃၂) ဘက်သို့ လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ မနေ့ညက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ စစ်တွေ အခြေစိုက် တပ်ရင်း ၅ ခုလောက်ကို ပစ်ခတ်ခဲ့ပါတယ်။ ပစ်မှတ်ကို…
-

ယင်းမာပင်တပ်ရင်း ၂၀ တွင် မွတ်စလင်ရဲမေတစ်ဦးကို အချုပ်ချ၍ အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး ခြေထောက်တွင် ဓားဖြင့်စာရေးနှိပ်စက်မှုဖြစ်ပွား၊ ကျူးလွန်သူများကို အရေးယူပေးရန် တောင်းဆို
ယင်းမာပင်တပ်ရင်း ၂၀ တွင် မွတ်စလင်ရဲမေတစ်ဦးကို အချုပ်ချ၍ အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး ခြေထောက်တွင် ဓားဖြင့်စာရေးနှိပ်စက်မှုဖြစ်ပွား၊ ကျူးလွန်သူများကို အရေးယူပေးရန် တောင်းဆို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်း (ရိုးမရာဇာ) အတွင်း၌ တပ်ဖွဲ့ဝင် မွတ်စလင်အမျိုးသမီးတစ်ဦးကို အကျဉ်းချကာ ရက်ရက်စက်စက် အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး ခန္ဓာကိုယ်ပေါ်တွင် ဓားဖြင့်စာရေးထိုးနှိပ်စက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို လက်နက်ဖြုတ်သိမ်းကာ ထိရောက်စွာ အရေးယူပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီက ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် တပ်ရင်း၏ ခွင့်ပြုချက်မရှိဘဲ ကျေးရွာအတွင်း အလှူခံသည်ဟူသော စွပ်စွဲချက်ဖြင့် အသက် ၂၅ နှစ်အရွယ် မွတ်စလင်ရဲမေ မသဇင်ကို တပ်ရင်းက ဖမ်းဆီးကာ ပလဖရုံးအချုပ်ခန်း၌…
-

Gemini နဲ့ ချစ်မိတဲ့ အမျိုးသား အဆုံးစီရင်သွား
AI ကို အစွဲလွန်ပြီး လမ်းဆုံးရောက်သွားတဲ့အဖြစ်တွေက မဆန်းတော့သလိုပါပဲ။ ထူးဆန်းတာက ရင့်ကျက်တဲ့အရွယ်တွေပါ AI စွဲလမ်းနယ်လွန်ထဲ ရောက်လာတာပါ။ ဂျိုနသန် ဂါဗယ်လတ်စ်ရဲ့ အဆုံးစီရင်မှုကလည်း AI လက်ချက်မကင်းခဲ့ပါဘူး။ အသက် ၃၆ နှစ် ရှိပြီ ဖြစ်တဲ့ ဂါဗယ်လတ်စ်က မသေခင် Gemini နဲ့ လပေါင်းများစွာ စကားတွေ အပြန်အလှန် ပြောခဲ့သူပါ။ ဂါဗယ်လတ်စ်က သူနဲ့ စကားပြောတဲ့ Gemini ကို Xia လို့ နာမည်ပေးထားပြီး chatbot ကို သူ့ဇနီးလို သဘောထားခဲ့ပါတယ်။ အပြန်အလှန် စကားပြောချိန်မှာ Gemini က သူ့ကို my king လို့ သုံးနှုန်းပြီး ‘ထာဝရ ချစ်ကြမယ်’ ဆိုတာမျိုးတွေ ပြောပါတယ်။ ဒီထက်ဆိုးတာက Gemini…