Author: Baby Yit Lone
-

-

-

AA က အောက်လမ်းများဖြင့် တိုက်ခိုက်နေသည်ဟုဆိုကာ စစ်တပ်က လက်နက်ခဲယမ်းများတွင် ဘုရားစာများ ကပ်ခြင်း၊ ထမီစများ ချည်နှောင်ခြင်းများ လုပ်ဆောင်ခိုင်းဟု အလင်းဝင်တပ်သား နေသူရမျိုး ပြောဆို
AA က အောက်လမ်းများဖြင့် တိုက်ခိုက်နေသည်ဟုဆိုကာ စစ်တပ်က လက်နက်ခဲယမ်းများတွင် ဘုရားစာများ ကပ်ခြင်း၊ ထမီစများ ချည်နှောင်ခြင်းများ လုပ်ဆောင်ခိုင်းဟု အလင်းဝင်တပ်သား နေသူရမျိုး ပြောဆို
-

သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံရ
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ဇူလိုင် ၅ ရက်က နိုင်ငံရေးအကျဉ်းသားတွေကို နာမည်ကြီး လူမိုက်အကျဉ်းသား ဦးဆောင်တဲ့အဖွဲ့က ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် တချို့ ထိခိုက်ဒဏ်ရာရပြီး နိုင်ငံရေးအကျဉ်းသားတယောက် အပြင်ဆေးရုံထုတ်ကာ အရေးပေါ် ဆေးကုသပေးနေရတယ်လို့ အကျဉ်းဦးစီး ဝန်ထမ်းအသိုက်အဝန်းဆီက သိရပါတယ်။ ထောင်ဝန်ထမ်းတယောက်က “အဓိက ရိုက်တဲ့ကောင်က အရင်တုန်းကလည်း ခဏခဏ နိုင်ကျဉ်းတွေကို ပြဿနာရှာတယ်၊ ခဏခဏ အနိုင်ကျင့်တယ်၊ ရိုက်တာတွေ လုပ်လွန်းလို့ ဝိုင်းတိုင်ထားတာ။ အခုကတော့ တော်တော်ကို ဆိုးလာတာ။ မနေ့ (ဇူလိုင် ၅ ရက်) က သူနဲ့ သူ့တပည့်တွေ နိုင်ကျဉ်းတွေကို ဝိုင်းရိုက်လိုက်တာ၊ နိုင်ကျဉ်းတယောက် သာယာဝတီဆေးရုံကြီးကို တင်လိုက်ရတယ်။ ထောင်ထဲမှာ တော်ရုံတန်ရုံနဲ့ အပြင်ဆေးရုံထွက်ရလေ့မရှိဘူး။ သေခါနီးမှသာ ထုတ်တာ။ အခုက ဒဏ်ရာ ဘယ်လောက်ပြင်းလဲမသိ၊ ဒါကြောင့်…
-