Author: Baby Yit Lone
-

ဆင်ဖြူကျွန်းပေါ်က စစ်စခန်းတွေကို သိမ်းပိုက်မှာဖြစ်တာကြောင့် မြို့နေလူထုအားလုံး အမြန်ဆုံးရွှေ့ပြောင်းကြဖို့ စလင်းပကဖထုတ်ပြန်
ဆင်ဖြူကျွန်းပေါ်က စစ်စခန်းတွေကို သိမ်းပိုက်မှာဖြစ်တာကြောင့် မြို့နေလူထုအားလုံး အမြန်ဆုံးရွှေ့ပြောင်းကြဖို့ စလင်းပကဖထုတ်ပြန် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာရှိတဲ့ ဆင်ဖြူကျွန်းမြို့ပေါ်က စစ်အုပ်စုစခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ရွှေ့ပြောင်းကြဖို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖက ဒီဇင်ဘာ ၂၅ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ဆင်ဖြူကျွန်းမြို့နယ်နေ ပြည်သူတွေအနေနဲ့ ဒီနေ့မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်းမှာ စလင်းမြို့နယ်ကို ရွှေ့ပြောင်းကြဖို့နဲ့ခရီးငွားတွေ ပြည်သူတွေအနေနဲ့လည်း စစ်ယာဉ်တန်းတွေအနီးက ကပ်မလိုက်ဖို့ စလင်း -(ပကဖ) ဆိုထားပါတယ်။ “ပြည်သူတွေ အချိန်မှီရွှေ့ပြောင်းနိုင်ဖို့နဲ့ စကမ ယာဉ်တန်းများနဲ့ အနီးကပ်မလိုက်ကြဖို့ သတိပေးချင်ပါတယ်“လို့ စလင်းပကဖ တာဝန်ရှိသူက ပြောပါတယ်။ စစ်အုပ်စုတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီခန့်ကစပြီး…
-

ပြည်သူတွေက သူ့ကို မြန်မြန်သေဖို့ ဆုတောင်းတာ သိတယ်လို့ ဇော်မင်းထွန်း ဝန်ခံ
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဇော်မင်းထွန်း တစ်ယောက် ကျန်းမာရေး အသည်းအသန် ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူတွေက ဒါဟာ ကောလာဟလ မဟုတ်ဘဲ တကယ်ဖြစ်လာဖို့ကို တစ်ခဲနက် ဆုတောင်းခဲ့ကြတာပါ။ ဒီအခြေအနေကို ဇော်မင်းထွန်းက “တချို့လည်း မေတ္တာပို့တာပေါ့နော်။ မြန်မြန်သေအေးတာပဲ ဆိုပြီးတော့” လို့ ရယ်ကျဲကျဲနဲ့ တုံ့ပြန်ခဲ့ပါတယ်။ “ပုံမှန်အားဖြင့်အားဖြင့်တော့ နိုင်ငံခေါင်းဆောင်ကောင်းတွေ ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းတွေထွက်လာရင် စိုးရိမ်ပူပန်ပေးကြတာ ထုံးစံဖြစ်ပေမယ့် ဇော်မင်းထွန်းအတွက်တော့ မပါပါဘူး”လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။
-

စစ်အုပ်စုက အသစ်ဖွင့်လိုက်သည့် MRTV နှင့် MRN သတင်းပေ့ချ်များကို Facebook က ထပ်မံဖယ်ရှားခဲ့ပြန်
အကြမ်းဖက်စစ်အုပ်စုက ယခုဒီဇင်ဘာလအတွင်းတွင်မှ အသစ်ဖွင့်လိုက်သော MRTV နှင့် MRN သတင်းပေ့ချ်များကို Facebook က ထပ်မံဖယ်ရှားလိုက်ပြန်သည့်အတွက် ယင်းသည် မြန်မာစစ်အုပ်စု ဝါဒမှိုင်းဖြန့်ယန္တရားအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့ကြောင်း Justice For Myanmar အဖွဲ့က ယနေ့ထုတ်ပြန်သည်။ Facebook သည် MITV နှင့် ရတနာပုံသတင်းစာတို့၏ စာမျက်နှာများကို အစောပိုင်းကတည်းက ဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း YouTube၊ Twitch နှင့် Kick တို့က ၄င်းတို့ပလက်ဖောင်းပေါ်ရှိ အဆိုပါ MRTV တိုက်ရိုက်ထုတ်လွှင့်မှုများအား ပိတ်ပင်မှုများ ရှိလာခဲ့ပြီးနောက်တွင် Facebook က ယခုကဲ့သို့ MRTV နှင့် MRN စာမျက်နှာအသစ်များကိုပါ ထပ်မံဖယ်ရှားခဲ့ခြင်း ဖြစ်သည်။ Facebook ၏ မိခင်ကုမ္ပဏီ Meta သည် ၂၀၂၁ ခုနှစ်မှစတင်၍…
-

ပုဂံ၊ ညောင်ဦးမှာ ဧည့်သည်နှစ်ဦး ထပ်မံပျောက်ဆုံးနေ
ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့ကို အလည်လာတဲ့ ဧည့်သည်ဇနီးမောင်နှံနှစ်ဦး ပျောက်ဆုံးနေကြောင်း နီးစပ်သူတွေက ပြောပါတယ်။ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရားအနီးက Zfreeti Hotel မှာ တည်းခိုနေတဲ့ ဇနီးမောင်နှံဟာ မနေ့က ဒီဇင်ဘာ ၂၃ ရက် မနက် ၉ နာရီခန့်က ပုပ္ပါးတောင်ဘက်သွားမယ်ဆိုပြီး ငှားထားတဲ့ ဆိုင်ကယ်နဲ့ ထွက်သွားရာကနေ ဟိုတယ်ကို ပြန်ရောက်မလာတော့ဘဲ ဒီကနေ့ (ဒီဇင်ဘာ ၂၄ရက်) ညနေပိုင်းအထိ အဆက်အသွယ်မရတော့တာဖြစ်ကြောင်း ဆွေမျိုးသားချင်းတစ်ဦးက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။ “၂၃ရက်နေ့မနက် ၉နာရီလောက်မှာ ပုပ္ပါးဘက်သွားမယ်ဆိုပြီး လင်မယားနှစ်ယောက် ဆိုင်ကယ်ငှားပြီး ထွက်သွားကြပါတယ်။ ယနေ့ ၂၄ရက် ယခု Post တင်တဲ့အချိန် 6:21 pm အထိ အဆက်အသွယ် မရသေးပါရှင် ဟိုတယ်ကနေ ထွက်သွားတာပါ”လို့ ၎င်းက ရေးသားထားပါတယ်။…
-

မြောက်ကျွန်းသူ လူပေလော
“ မြောက်ကျွန်းသူ မြောက်ကျွန်းသားတို့သည် တရားဝင် ဇနီးမယား မရှိ (ဝါ) တစ်လင်တစ်မယား စနစ်မရှိ..။ မုဒိန်းဆန်ဆန် အဓမ္မ ကာမအမှုများလည်း ကင်းရှင်း၏။ အိမ်ထောင်ရေး အရှုပ်အထွေးများလည်း လုံးဝ ကင်းရှင်း၏။ အကြင်ဖိုသတ္တဝါသည် အကြင်မသတ္တဝါအား အချစ်လွန်ကဲခြင်း တည်းဟူသော လိင်စိတ်ဖြင့် ကာမဂုဏ် ဆက်ဆံသွားလိုအံ့..။ ထို ဖိုမ သတ္တဝါနှစ်ဦးစလုံး အလိုတူ ကျေနပ်ပြီးသား ဖြစ်၏။ ကာမဂုဏ် မေထုန်မှုဖြင့် သံဝါသ ပြုလိုကြလျှင် လူသူ မမြင်ကွယ်ရာ အရပ်၌ (၇) ရက်တိုင်တိုင် အားပါးတရ ဝဝလင်လင် ဆက်ဆံကြ၏။ မြူးထူးပျော်ပါးကြ၏။ ပြီးလျှင် ငါ့လင်ငါ့မယားဟု စွဲလန်းသော ဥပါဒါန်များ မရှိဘဲ လွတ်လွတ်လပ်လပ် နေထိုင်ကြသည်။ သားသမီး မွေးဖွားလာလျှင်လည်း ကလေးအများနှင့် စုပေါင်းထားလိုက်သည်။ နို့တိုက်ခြင်းမှအစ…