Author: Baby Yit Lone

  • The Unseeable

    The Unseeable

    The Unseeable (2006) အခုတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၀၆ ကထွက်ရှိထားတဲ့ ထိုင်းသရဲကားပဲဖြစ်ပါတယ်။ တုန်လှုပ်ခြောက်ခြားဖို့ အရမ်းကောင်းတာကြောင့် သရဲကားကြိုက်သူတွေအတွက် အကြိုက်တွေ့စေမှာအမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်း နွန်ကျန်ဆိုတဲ့ အမျိုးသမီးဟာ ယောကျာ်းဖြစ်သူ အိမ်ကထွက်သွားကတည်းက သတင်းအစအန လုံး၀မကြားရဘဲ အချိန်အကြာကြီးစောင့်မျှော်‌ခဲ့ရပါတယ်။ ဒီလိုနဲ့ နွန်ကျန်တစ်ယောက် ယောကျာ်းဖြစ်သူ ပြန်မလာတော့တဲ့အဆုံး ကိုယ်၀န်တစ်ဖက်နဲ့ ယောကျာ်းသွားရာ ဖရာ့နခွန်မြို့ကို လိုက်သွားဖို့ပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။ အဲ့ဒီမြို့မှာ အသိမိတ်ဆွေလုံး၀မရှိပေမယ့်လည်း လမ်းမှာဆုံတဲ့ အသိတစ်ယောက်‌ရဲ့ ကျေးဇူးကြောင့် လျှို့ဝှက်ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ အိမ်တော်ကြီးကို ရောက်သွားခဲ့ပါတယ်။ ကိုယ်၀န်တစ်ဖက်နဲ့မို့ အိမ်ရှင်က နေထိုင်ခွင့်မပေးဘဲ ခေတ္တတည်းခိုခွင့်ပေးခဲ့ပြီး နွန်ကျန်ကို ရှောင်ရမယ့်အရာတွေကြိုပြောခဲ့ပြီးသားပါ။ အိမ်ရှင်ပြောတဲ့ ရှောင်ရန်ဆောင်ရန်တွေကတော့ နွန်ကျန်ရဲ့ စူးစမ်းလိုစိတ်ကို အနိုင်မရရှိခဲ့ပါဘူး။ သိုပေမယ့် နွန်ကျန်မသိခဲ့တာက အဲဒီအိမ်တော်ကြီးမှာ အင်မတန်ကို ကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခု…

  • The Great Flood

    The Great Flood

    The Great Flood (2025) “Prison Playbook”ဇာတ်ကားမှ မင်းသား Park Hae Soo နဲ့ “A Hundred Memories” ဇာတ်ကားမှ မင်းသမီး Kim Da Miတို့ အဓိကပါဝင်ထားတဲ့ Sci-Fi/ Disaster အမျိုးအစား ရုပ်ရှင်ကားသစ် ထွက်ရှိလာပါပြီ။ ဇာတ်လမ်းကတော့ ကမ္ဘာမြေပေါ်ကို ပြင်းထန်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မကြုံစဖူး ကြီးမားတဲ့ ရေဘေးအန္တရာယ်ကြီးက ကျရောက်လာပါတယ်။ တစ်ကမ္ဘာလုံး ရေအောက်ကို တဖြည်းဖြည်းချင်း နစ်မြုပ်နေချိန်မှာ AI ဖွံ့ဖြိုးတိုးတက်ရေးသုတေသီ ဂူအန်နာ (Kim Da Mi) နဲ့ သူမရဲ့သားလေး ဂျာအင်းတို့လည်း ရေနစ်မြုပ်နေတဲ့ တိုက်ခန်းတစ်ခုထဲမှာ ပိတ်မိသွားပါတော့တယ်။ အဲဒီအချိန်မှာ သူမကို ကယ်တင်ဖို့အတွက် ဆွန်းဟီးဂျို (Park…

  • “ဘောနပ်စ်”

    “ဘောနပ်စ်”

    သူ့နာမည်က ဇွဲ .. ။ နာမည်အရင်းက ဇွဲနေအောင် ဖြစ်သော်လည်း နေအောင်ဆိုသည်က သူ့အဖေနာမည် ဖြစ်သဖြင့် သူ့ကိုယ်သူ ဇွဲဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့သည်။ အများကလည်း သူပြောသလို သူ့ကို ဇွဲဟုသာ ခေါ်ခဲ့သဖြင့် အပေါင်းအသင်းများကြားတွင် သူ့နာမည်အရင်း ဇွဲနေအောင်ကို သိသည့်သူတောင် ရှားပါးလှသည်။ ဇွဲသည် ခေတ်လူငယ် တစ်ယောက် .. တိတိကျကျ ပြောရလျှင် တက္ကသိုလ်ကျောင်းပြီးခါစ အသက်၂၄နှစ်အရွယ် တက်သစ်စ လူငယ်တစ်ယောက်။ ဘယ်နေရာတွင် အသုံးတည့်မည်မှန်း သေချာမသိသော ဘွဲ့တစ်ခုကို ရန်ကုန်မြို့စွန်ရှိ တက္ကသိုလ်တစ်ခုမှရရှိပိုင်ဆိုင်ထားသော လူငယ်ယောက်ျားလေးတစ်ယောက်ဟုလည်း ထပ်မံ၍ ဖြည့်စွက်ဆိုလို့ရသည်။ ဇွဲသည် ရန်ကုန်ဇာတိတော့ မဟုတ်။ အထက်အညာရှိ မြို့တစ်မြို ့မှ နေ၍ ရန်ကုန်လာပြီး ကျောင်းတက်ခြင်း ဖြစ်သည်။ အညာသားဟု ဆိုလို့ရသော်လည်း ဇွဲက…

  • မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေးခဲ့သည့် အက်ပ်နှင့် ဝဘ်ဆိုက်များပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုများ ရပ်ဆိုင်းသွား

    မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေးခဲ့သည့် အက်ပ်နှင့် ဝဘ်ဆိုက်များပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုများ ရပ်ဆိုင်းသွား

    Twitch ၏ အရေးယူမှုကြောင့် မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေးခဲ့သည့် အက်ပ်နှင့် ဝဘ်ဆိုက်များပေါ်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုများ ရပ်ဆိုင်းသွား Amazon ပိုင် အမေရိကန် တိုက်ရိုက်ထုတ်လွှင့်မှု (livestream) ပလက်ဖောင်းတစ်ခုဖြစ်သော Twitch သည် Justice For Myanmar (JFM) ၏ တိုင်ကြားမှုများကြောင့် ၄င်း၏ ပလက်ဖောင်းအတွင်း စစ်အုပ်စုအသုံးပြု‌နေသော MRTV အက်ပလီကေးရှင်းများ နှင့် MRTV နှင့် MITV ဝဘ်ဆိုက်များတွင် အသုံးပြုနေသည့် တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ် ၁၄ ခုကို မကြာသေးမီက ဖယ်ရှားလိုက်သည်။ အဆိုပါ အက်ပ်များနှင့် ဝဘ်ဆိုက်များကို ၂၀၂၂ ခုနှစ်တွင် မင်းအောင်လှိုင်ကိုယ်တိုင် မိတ်ဆက်ပေး ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့၏ အတုအယောင်ရွေးကောက်ပွဲ စတင်ရန် နှစ်ပတ်ပင် မလိုတော့သည့် အချိန်အရောက်တွင်မှ ယခုကဲ့သို့ ထုတ်လွှင့်မှုများ…

  • မြန်မာက နယ်သာလန်သံရုံးပိတ်မယ်

    မြန်မာက နယ်သာလန်သံရုံးပိတ်မယ်

    ရန်ကုန်က နယ်သာလန်သံရုံး ပိတ်သိမ်းသွားမယ်လို့ သံရုံးဒုတိယအကြီးအကဲမစ္စတာ ဝင်းဗန်ဒေါန်က ဒီဇင်ဘာ တတိယအပတ်ထဲမှာ အတည်ပြုပါတယ်။ ဥရောပနိုင်ငံသံရုံးတွေဆက်တိုက်ပိတ်သိမ်းနေချိန်မှာပဲ နောက်ထပ်သံရုံးတစ်ခုထပ်ပိတ်တာ ကြုံလာရတာပါ။ ရန်ကုန်က နယ်သာလန်သံရုံးကိုပိတ်ဖို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက စီစဉ်နေခဲ့တာလို့ သူက အသိပေးပါတယ်။ နယ်သာလန်နိုင်ငံအနေနဲ့ မြန်မာအပါအဝင် ကမ္ဘာတလွှားက သံရုံး ၁၁ ရုံးကို ပိတ်သွားမှာဖြစ်ပြီး ဒါဟာ အစိုးရရဲ့ ငွေကြေးဖြတ်တောက်စီမံမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ သံရုံးပိတ်ရတာဟာ နယ်သာလန်နဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေမှာ အခက်အခဲတွေရှိလာတာကြောင့်လို့ ယူဆနိုင်တဲ့အကြောင်း သူကဖြည့်ပြောပါတယ်။ ဒါပေမဲ့ မြန်မာက နယ်သာလန်သံရုံးပိတ်မယ့် ကာလကိုတော့ မစ္စတာ ဝင်းဗန်ဒေါန်က အတိအကျ ထုတ်မပြောခဲ့ပါဘူး။ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ နယ်သာလန်သံရုံးကနေပဲ ကိုင်တွယ်စီမံသွားမယ်လို့ သိရပါတယ်။ နယ်သာလန်…