Author: Baby Yit Lone
-

ဇီးကုန်းရဲစခန်းစီးနင်းတိုက်ခိုက်ခံရမှု တပ်ထောက်ခံသူတွေက ရဲတွေကို အပြစ်တင်
ဝါသဝလက်အောက်ပျူစောထီး ၁၀၀ ခန့်နဲ့ ရဲစခန်းထဲ တပ်ပြန်စွဲပြီး မြို့အဝင်၊အထွက်ပိတ်ထား စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းတိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပေါ့လျော့မှုကြောင့်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေ ဝေဖန်အပြစ်တင်ရေးသားနေကြပြီး တိုက်ခိုက်ခံရပြီးတဲ့နောက် ပျူစောထီးနဲ့ပူးပေါင်းတပ်ဖွဲ့တွေက ရဲစခန်းမှာ ပြန်လည်တပ်စွဲထားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၇ ရက်ညနေ ၃ နာရီလောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇီးကုန်းမြို့ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူအများရဲ့ချီးကျူးမှုကိုလည်း ခံခဲ့ရတာပါ။ စစ်တပ်ကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာတော့ ဇီးကုန်းရဲစခန်းတိုက်ခိုက်ခံရမှုဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးပေါ့လျော့မှု၊ PDF တွေရဲ့ အယုံသွင်းခံရမှုတွေကြောင့်ဖြစ်ကြောင်း၊ တိုက်ခိုက်ခံရမှုရုပ်သံမှတ်တမ်း အွန်လိုင်းမှာပျံ့နှံ့သွားတာကြောင့် တပ်သိက္ခာကျကြောင်းဆိုကာ အပြစ်တင်ရေးသားတာတွေကို တွေ့ရပါတယ်။ PDF နယ်မြေအတွင်းရဲစခန်းတွေက ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လူ၊လက်နက်၊ခဲယမ်း အင်အားအနည်းငယ်နဲ့သာ ခုခံတိုက်ခိုက်နေရတာကြောင့် စိတ်ဓာတ်ရေးရာတွေမှာ ကျဆင်းနေကြသလို ရဲတပ်ဖွဲ့ဝင်အများအပြားဟာ…
-

စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းထိုးတဲ့စစ်တပ်ရဲ့ ရုပ်အလောင်းတွေတွေ့
စစ်ကိုင်းမြို့နယ်မှာ လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့စစ်တပ် မိုင်းမိပြီး သေဆုံးနေတဲ့ ရုပ်အလောင်း ၅လောင်းတွေ့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းမြို့နယ်အရှေ့ခြမ်းက စမွန်းနဲ့ခက်ခကျေးရွာကြားမှာ စစ်ကောင်စီတပ်သားတွေ မိုင်းမိပြီး အဲဒီအနီးမှာပဲ အလောင်းတွေကို မြေမြှုပ်ထားခဲ့တာလို့ သိရပါတယ်။ “အခုထိ နယ်မြေအကုန်မရှင်းလင်းရသေးဘူး။လောလောဆယ် ၅လောင်းတွေ့ထားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ ခက်ခအနောက်ရွာဘုန်းကြီးကျောင်းကိုဝင်ပြီး ကျောင်းထိုင်ဘုန်းကြီးကို သတ်ကာ “စစ်တပ်ကို နိုင်ချင်ရင် -က်ခံလိုက်)ဆိုတဲ့ စာကို ဘုရားရင်ပြင်မှာ ရေးသွားတယ်လို့လည်း သိရပါတယ်။ အဲဒီ စစ်ကြောင်းဟာ မင်းကွန်းတိုက်နယ်ဘက်ကနေ စစ်ကိုင်း၊ဝက်လက်နဲ့ မတ္တရာမြို့နယ် သုံးနယ်အစပ်နေရာတွေကို စစ်ကြောင်းထိုး သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းလို့ သိရပါတယ်။ စစ်ကြောင်းဟာ ဇူလိုင်လကနေစက်တင်ဘာအထိ အဲဒီသုံးမြို့နယ်အတွင်းမှာကျောင်းထိုင် ဆရာတော်တွေအပါအဝင် ပြည်သူ ၃၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။ လက်တလောမှာ အဲဒီစစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်း၊အောင်ဇေယျကျေးရွာမှာတပ်စွဲထားတဲ့…
-

ဖားကန့်တွင် စစ်ကော်မရှင် လေကြောင်းမှ ဗုံးကြဲ၍ သားအမိ ၂ ဦးသေဆုံး
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ထုံးဘိုကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်၍ သားအမိ နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ (စက်တင်ဘာလ ၁၉ ရက်) မနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဒရုန်းဖြင့် ဗုံးကြဲချသွားခြင်းဖြစ်ကြောင်း ဖားကန့်မြို့နေ ကိုစိုးကြီးက ပြောသည်။ ကိုနေမင်းထွန်း(အသက် ၃၀ ခန့်) နှင့် ၎င်း၏ မိခင်ဖြစ်သူ သေဆုံးသွားခြင်းဖြစ်ပြီး အဆောက်အဦအချို့ ပျက်စီးသွားကြောင်း ဒေသခံက ပြောသည်။ “အကြမ်းဖက်စစ်ကော်မရှင်၊ SNA နဲ့ ပသစများက ကျွန်တော်တို့ ဖားကန့်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ပစ်လိုက်၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်လိုက် လုပ်နေတာ။ ပြည်သူတွေ နေ့စဥ်နဲ့ အမျှ ဒဏ်ရာရလိုက် သေဆုံးလိုက်တွေ ဖြစ်နေတယ်” ဟု…
-

ပြင်ဦးလွင်အဝင် X-ray ဂိတ်ဟောင်းတွင် စစ်တပ်က တိုင်းရင်းသားများအား ပစ်မှတ်ထားစစ်ဆေး ငွေညှစ်နေ
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အဝင် X-ray ဂိတ်အဟောင်းတွင် စစ်တပ်အရာရှိများက ရှမ်းပြည်နယ် မြောက်ပိုင်းမှ လာသည့် တိုင်းရင်းသားများအား ပစ်မှတ်ထားစစ်ဆေးပြီး ငွေညှစ်နေသည်ဟု ကိုယ်တိုင် ကြုံခဲ့ရသူများထံက သိရသည်။ ခရီးသည်ကား၊ အိမ်စီးကားများတွင် ဗမာစကား ကောင်းစွာ မပြောတတ်သူများပါလာပါက ကားပေါ်မှ ဆင်းခိုင်းကာ တင်းတင်းကျပ်ကျပ် စစ်ဆေးသည်ဟု ဆိုသည်။ “ဗမာလို မပြောတတ်တဲ့ ကိုးကန့်၊ ဝ၊ ပလောင်တို့ မုန်းဝန်းဗမာ လူမျိုးတွေပါရင် ကား ဘေးထိုးခိုင်းပြီး ခေါ်သွားတာ။ ဒူးထောက်ခိုင်းတယ်။ သေနတ်မောင်းတင်ပြီး ခြိမ်းခြောက်တယ်။ သေချာမရှင်းပြနိုင်ရင် မိုးချုပ်အထိ ခေါ်ထားတယ်။ ငွေပေးမှ ပြန်လွှတ်ပေးတာ” ဟု ကိုယ်တိုင်ကြုံခဲ့ရသည့် ခရီးသွားတစ်ဦးက ပြောသည်။ ယခုလဆန်းပိုင်းတွင် ရှမ်းမြောက်ဒေသမှ လာသည့် “ဝ” တိုင်းရင်းသား လူငယ်တစ်ဦးအား ဗမာစကား မတတ်ဟု ဆိုကာ…
-

KIA တပ်မဟာ (၁၁) နယ်မြေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့
ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲက စစ်သင်တန်းပေးဖို့ ပြင်ဆင်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၁၇ ဦးထိရှိခဲ့ပါတယ်။ KIA တပ်မဟာ (၁၁) နယ်မြေ၊ တပ်ရင်း ၁၂ နေရာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်အစောပိုင်း သန်ခေါင်ယံမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “ပြောရရင်ကတော့ တကယ့် စိတ်မကောင်းစရာပါပဲ။ ကြားရသလောက်က ဟိုလို စစ်သင်တန်းပေးနေတဲ့ နေရာမျိုးတော့ မဟုတ်ဘူး။ အခုမှ ဖွင့်ဖို့ ပြင်ဆင်နေတဲ့နေရာ ဟုတ်တယ်တဲ့”လို့ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ၁၇ ဦးက ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၁၉ ဦးခန့်က ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ် ၂၆ ဦးကတော့ နည်းပါးဒဏ်ရာရခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။…