Author: Baby Yit Lone

  • ခါမေနီသေဆုံးကြောင်း အီရန်နိုင်ငံပိုင် မီဒီယာအတည်ပြု

    ခါမေနီသေဆုံးကြောင်း အီရန်နိုင်ငံပိုင် မီဒီယာအတည်ပြု

    အကြီးကျယ်ဆုံးထိုးစစ်ဆင်မည်ဟု ကြေညာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ ဟာ ရုံးခန်းမှာ တာဝန်ထမ်းဆောင်နေစဉ် သေဆုံးသွားပြီလို့ အီရန်နိုင်ငံပိုင် မီဒီယာက တရားဝင် အတည်ပြု ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ ခါမေနီရဲ့ သမီး၊ သမက်နဲ့ မြေးဖြစ်သူတို့ပါ အတူသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ခါမေနီ ပုန်းအောင်းနေတယ်ဆိုတဲ့ သတင်းတွေဟာ ရန်သူတွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာဖြစ်တယ်လို့ အီရန်သတင်းဌာနက တုံ့ပြန်ထားပါတယ်။ တီဟီရန်မြို့က သူ့ရဲ့ ရုံးခန်းအဆောက်အအုံ ပျက်စီးသွားတာကိုလည်း ဂြိုဟ်တုပုံရိပ်တွေကတဆင့် အတည်ပြုတွေ့ရှိရပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ် IRGC က အိမ်နီးချင်းနိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ အမေရိကန်စခန်း ၁၄ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်အယောက် ၂၀၀ ထက်မနည်း…

  • ပုလဲမြို့နယ်၌ တိုက်ပွဲဖြစ်

    ပုလဲမြို့နယ်၌ တိုက်ပွဲဖြစ်

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံသွင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၁ နာရီလောက်ကစပြီး မုံသွင်ရွာရဲ့အနောက်တောင်ဘက် ဒေသအခေါ် ဘုရားကုန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။ မုံသွင်ရွာက စစ်ရှောင်တယောက်က “တိုက်ပွဲကြာချိန်က တနာရီလောက်တော့ ကြာလိမ့်မယ်။ နှစ်ဖက် အထိခိုက်ကတော့ ဘာမှမသိရသေးဘူး။ အဲဒီလို တိုက်ပွဲဖြစ်နေချိန် မုံသွင်ရွာထဲမှာ နောက်ချန်နေတဲ့ စစ်သားတွေက ထွန်စက်တစီးကိုလည်း မီးရှို့တာတွေလုပ်တယ်” လို့ ပြောပါတယ်။ မုံသွင်ရွာဟာ အိမ်ခြေ ‌‌‌‌‌‌‌‌၇၀၀ လောက်ရှိပြီး ပုလဲမြို့ရဲ့ မြောက်ဘက် ၆ မိုင်လောက် ကွာဝေးပါတယ်။ စစ်ကောင်စီ စစ်ကြောင်းဟာ BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ဆီ လက်နက်ချအညံ့ခံပြီး ဖေဖော်ဝါရီ ၁၉ ရက်ကစလို့…

  • နိုင်ငံရေးစင်မြင့်ပေါ်က ခွေးကျ, ကျခဲ့ရသူ သက်သက်ခိုင်ရဲ့နိဂုံး

    နိုင်ငံရေးစင်မြင့်ပေါ်က ခွေးကျ, ကျခဲ့ရသူ သက်သက်ခိုင်ရဲ့နိဂုံး

    တိုက်ဆိုင်မှုလော၊ ပစ်မှတ်ထားမှုလော – ဒေါ်သက်သက်ခိုင်၏ နိုင်ငံရေးနိဂုံးကို ဆန်းစစ်ခြင်း စစ်ဗိုလ်ချုပ်များ စနစ်တကျ ပြင်ဆင်ထားသော ၂၀၂၅ ရွေးကောက်ပွဲ ကစားကွင်းထဲ ဝင်ရောက်သွားသည့် ဒေါ်သက်သက်ခိုင်၏ ကံကြမ္မာသည် သူမျှော်လင့်မထားသည့် နိဂုံးပိုင်းသို့ ဦးတည်နေသည်ဟု ဆိုနိုင်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်န်ိုင်ငံလုံးအတိုင်းအတာအားဖြင့် ပါတီပေါင်း ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ စစ်တပ် ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီအရေအတွက် ၅၇ ပါတီရှိသော်လည်း တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့်ပါတီမှာ စုစုပေါင်း ခြောက်ပါတီသာရှိခဲ့ပြီး ထိုပါတီများထဲတွင် ဒေါ်သက်သက်ခိုင်​၏ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အပါအဝင်ဖြစ်သည်။ ထူးခြားမှုအဖြစ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ဩဂုတ်လ ၁၄ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံထားသော…

  • ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေ သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်ပြန်

    ကမ္ဘာ့ရွှေဈေးတက်လို့ ပြည်တွင်းရွှေ သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်ပြန်

    ကမ္ဘာ့ရွှေဈေး အတက်ကြမ်းလာတာကြောင့် ပြည်တွင်း‌က အခေါက်ရွှေ တကျပ်သားဈေးဟာလည်း လက်ရှိမှာ ကျပ် သိန်း ၁၁၀ ဝန်းကျင်အထိ ခုန်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၂၈၀ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၁၀၀ နီးပါး ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။ “အီရန်ကို အစ္စရေးက တိုက်နေပြီဆိုပြီးတော့ သတင်းတွေ တက်လာတော့ ကမ္ဘာ့ရွှေဈေးတွေ တက်တာပေါ့။ ဒါကြောင့် ဒီမှာလည်း ၁၁၀ လောက်အထိ တက်သွားတယ်လို့ သတင်းကြားတယ်။ ဈေးကတော့ တက်တာက ဆက်တက်ဦးမယ်ထင်တယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လျက်ရှိတာမှာ တရက်အတွင်း ကျပ်…

  • လားရှိုးကုန်စုံဆိုင်က သိန်း ၁,၀၀၀ နဲ့ ပြန်.ပေးဆွဲခံရသည့် အမျိုးသမီးကိစ္စ နောက်ဆက်တွဲ – တရားခံတွေက အိမ်နီးချင်းတွေ ဖြစ်နေ!

    လားရှိုးကုန်စုံဆိုင်က သိန်း ၁,၀၀၀ နဲ့ ပြန်.ပေးဆွဲခံရသည့် အမျိုးသမီးကိစ္စ နောက်ဆက်တွဲ – တရားခံတွေက အိမ်နီးချင်းတွေ ဖြစ်နေ!

    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက် (၅) နယ်မြေ (၁၉)၊ နမ့်ကျန်လမ်းနှင့် လမ်းသွယ်(၂)လမ်း ထောင့် ရှိ ကုန်စုံဆိုင်တစ်ခုတွင် အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ချိန်ရွယ်ပြန်ပေးဆွဲသွားသည့် ကျူးလွန်သူများအနက် (၃) ဦးကို ဖမ်းဆီးရမိပြီး ပြန်ပေးဆွဲခံရသူမှာလည်း ဘေးကင်းစွာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၄) ရက်၊ ညနေ (၄) နာရီ (၄၀) မိနစ်ခန့်က Mask တပ်ထားသည့် အမျိုးသား (၄) ဦးသည် CROWN Athalatte (အဖြူရောင်) ယာဉ်ဖြင့် အဆိုပါ နမ့်ကျန်လမ်းရှိ “ကျိန်တက်” ကုန်စုံဆိုင်သို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့အနက် (၃) ဦးသည် ဆိုင်အတွင်းဝင်ရောက်ကာ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦး ကို…