Author: Baby Yit Lone
-

ဗန်းမော်တိုက်ပွဲ အမြောက်တပ်နှင့် လေယာဉ်ကွင်းနေရာအချို့မှ KIA ဆုတ်ခွာရ
ကချင်ပြည်နယ်၊ဗန်းမော်မြို့တိုက်ပွဲတွင်စစ်တပ်ဘက်ကလေကြောင်း၊ ဒရုန်းဖြင့် အပြင်းအထန်တိုက်ခိုက်၍ အမြောက်တပ်ရင်း (၃၆၆)နှင့် လေယာဉ်ကွင်းစသည့်နေရာအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်ကပြန်လည်လက်လွှတ်လိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ “လေယာဉ်ဗုံး၊ဒရုန်းဗုံး မိုးရွာသလို အဆက်မပြတ် ပစ်နေကြလို့ လေယာဉ် ကွင်းနဲ့ အမတ(၃၆၆) နည်းနည်းဆုတ်ပေးထားတယ်ပြောတယ်။ အဲဒီလောက်ပဲ သိသေးတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ကချင်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ တဦးကလည်း “မနေ့ညနေပိုင်းကစ တချို့နေရာကနေ ဆုတ်ပေးထားတယ်ကြားတယ်။ အဓိကတော့ နည်းပညာ စစ်ပွဲပဲ။ တရုတ်နဲ့ ရုရှားဘက်က စကစကို နည်းပညာသာမကဘဲ ဒရုန်းနဲ့ ခေတ်မှီဗုံးတွေပါ ထောက်ပံ့ ပေးနေပြီလို့ သုံးသပ်ရတယ်” ဟု ပြောသည်။ ဩဂုတ် ၁ရက်တွင် ဗန်းမော်မြို့သို့ ဆိုက်ကပ်လာနိုင်သည့် စစ်သင်္ဘောအုပ်စုနှင့်အတူ အဆိုပါ လက်နက်ခဲယမ်းများ သယ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ဗန်းမော်မြို့နေရာအချို့ကို KIAက လက်လွှတ်လိုက်ရသည့် သတင်းမှန်ပါက…
-

ကြံ့ဖွတ်ပါတီရဲ့ အလွန်ယုတ်ညံ့ အောက်တန်းကျတဲ့ နှစ်ကျပ်ကွက် ရိုက်ချက်
ကြံ့ဖွတ်ပါတီက မင်းအောင်လှိုင်ရဲ့ ခွေးတိုးပေါက် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ ပါတီစည်းရုံးရေး လုပ်တယ်။ စည်းရုံးရေး လုပ်တာကို လူကြီးလူကောင်းဆန်ဆန် မလုပ်ဘဲ နိုင်ငံရေး စစ်ရေး အခြေအနေကို နားမလည်တဲ့ ကူကယ်ရာမဲ့ ပြည်သူတွေကို ချနင်းပြီး အောက်တန်းကျကျ ယုတ်မာတယ်။ ယုတ်မာပုံ ယုတ်မာနည်းက…. ဖွတ်ပါတီထဲကို ဝင်ရင် စစ်မှုထမ်း ကင်းလွတ်ခွင့်ရမယ် ဆိုပြီး မသိနားမလည်တဲ့ စစ်မှုထမ်း အသက်အရွယ် လူငယ်တွေကို စည်းရုံးတယ်။ သူတို့ကတော့ ပါတီဝင်အင်အား (စာရွက်ပေါ်က စာရင်းအရ) တိုးသွားပေမယ့်- ငါတို့ကတော့ ဖွတ်ပါတီထဲ ဝင်လိုက်ပြီဖြစ်လို့ စစ်မှုထမ်း ဆွဲခံရမှာ မဟုတ်တော့ဘူး ဆိုပြီး စိတ်ချလက်ချ ယုံကြည်သွားလာ လုပ်ကိုင်စားသောက်နေတဲ့ လူငယ်တွေကို ခွေးတပ်က အလွယ်တကူ ပေါ်တာဆွဲ ဖမ်းဆီးနိုင်သွားတယ်။ ဒီရက်ပိုင်းတွေမှာ ကြံ့ဖွတ်ပါတီထဲ ဝင်လိုက်တဲ့…
-

တစ်လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် မိုးကုတ်ဒေသခံ ၂၀ ကျော် သေဆုံး
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်နေရာ ဇူလိုင်လဆန်းမှ ဩဂုတ်လ၊ ၉ ရက်နေ့အထိ ရှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံဃာ၊ ကလေးငယ်များ အပါအဝင် ဒေသခံ ၂၁ ဦး သေဆုံးခဲ့ပြီး လူ ၅၀ ကျော်ဒဏ်ရာရခဲ့သည်ဟု တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA) ထံက သိရသည်။ ဇူလိုင်လတွင် ခြောက်ကြိမ်၊ ယခုလအတွင်း နှစ်ကြိမ် စုစုပေါင်း ရှစ်ကြိမ် လေယာဉ်ဖြင့် ဗုံးကြဲခဲ့စဉ် ထိုသို့ ထိခိုက်သေဆုံးမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏ တိုက်ခိုက်မှုများအတွင်း ဘုန်းကြီးကျောင်းများနှင့် လူနေ အဆောက်အအုံ ၅၀ နီးပါး ပျက်စီးခဲ့သည်ဟု TNLA က ဆိုသည်။ ပြီးခဲ့သည့်ဩဂုတ်လ၊ ၉ ရက်နေ့၊ ညနေ၊ ၆ နာရီ ၃၀ မိနစ် အချိန်က…
-

AA က သိမ်းပိုက်ထားသော နယ်မြေများနှင့်မြို့များကို စစ်ကောင်စီထံပြန်ပေးရန် ဖြစ်နိုင်ခြေ နည်းပါး
AA က သိမ်းပိုက်ထားသော နယ်မြေများနှင့်မြို့များကို စစ်ကောင်စီထံပြန်ပေးရန် ဖြစ်နိုင်ခြေ နည်းပါးပြီး ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ
-

မသာချ လမ်းကြောင်းအသေးစိတ် ပေါက်ကြားခဲ့သဖြင့် လုံခြုံရေး အစီအမံများ အဆင့်ထပ်မံ မြှင့်တင်ပြောင်းလဲခဲ့ရ
မြင့်ဆွေ မသာချ လမ်းကြောင်းအသေးစိတ် ပေါက်ကြားခဲ့သဖြင့် လုံခြုံရေး အစီအမံများ အဆင့်ထပ်မံ မြှင့်တင်ပြောင်းလဲခဲ့ရပြီး ဒရုန်း Jammer နှင့် Drone Guard များ နှစ်ဆတိုးချထား