Author: Baby Yit Lone

  • မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲ

    မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲ

    မိုးကုတ်မြို့ကို ယနေ့နံနက်ပိုင်း ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး၊ ကရင်နီပြည်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲနေ မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို စစ်တပ်က ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ်…

  • အောင်မင်းပြောတဲ့ မယားငယ် ဌာနချုပ်

    အောင်မင်းပြောတဲ့ မယားငယ် ဌာနချုပ်

    နေပြည်တော်မှာရှိတဲ့ ကြံ့ဖွတ်ပါတီရဲ့ ဌာနချုပ်ကို ပါတီအလုပ်တွေ လုပ်ဖို့ ကြီးကျယ်ခမ်းနားစွာ ဖွင့်ထားတာလို့ တချို့က ထင်ကောင်းထင်ကြမယ်။ တကယ်တော့ ကြံ့ဖွတ်ပါတီရဲ့ ရုံးဝန်း အကျယ်ကြီးထဲမှာ လူနေဆောင်တွေ အမြောက်အမြား ဆောက်လုပ်ထားတယ်။ ကြံံဖွတ်က ပါတီကြီးတစ်ခု ဆိုတော့ စာရေးမတွေ အများအပြား ခန့်တယ်၊ လိုလို မလိုလို ခန့်တယ်။ ဘာလို့ခန့်လဲ ဆိုတော့ စာရေးမတွေကို ကြံ့ဖွတ်ပါတီ ရုံးချုပ်ထဲမှာပဲ နေစရာ အဆောင်ပေးချင်လို့။ ပြီးရင် ဘူးလက်လှဆွေလို တနှာရူးကောင်တွေက အဆောင်နေ စာရေးမတွေကို အာဏာ ငွေကြေး အကုန်သုံးပြီး ဝိုက်တီးဆွဲတော့တာပဲ။ ကြံ့ဖွတ်ပါတီ ဌာနချုပ်အတွင်းမှာရှိတဲ့ စာရေးမတွေ လင်ကောင်မပေါ်ပဲ ဗိုက်ကြီးလို့ ဖျက်ချရတဲ့ ဖြစ်စဉ်တွေအကြောင်း ၂၀၂၃ လောက်က စစ်ကဲကြီး ချန်နယ်ကနေ သက်သေ အခိုင်အမာနဲ့ ဖော်ကောင်လုပ်ဘူးတယ်။…

  • ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်

    ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်

    ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ဦး သေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း People’s Democratic Army – PDA မှ စစ်ရေးတာဝန်ခံ ရဲဘော်အုပ်စိုးက ပြောဆိုသည်။ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီမှ စတင်ပြီး ညောင်ဦးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက စုတည်ရွာ နှင့် ရွာသစ်တောင်ရွာအကြား ဘူတာရုံဟောင်းအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။…

  • ရေဖြူမြို့နယ် ကော့လှိုင်‌ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၁၇ ဦး သေဆုံး

    ရေဖြူမြို့နယ် ကော့လှိုင်‌ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၁၇ ဦး သေဆုံး

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်‌ကျေးရွာအနီး စစ်‌ကြောင်းထိုးလာ‌သော အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေးဆိုခွင့်ရှိသူက မိတလဉာဏ် ပြောဆိုသည်။ ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရေဖြူမြို့နယ် ၊ကော့လှိုင်ကျေးရွာအနီးသို့ စစ်‌ကြောင်းထိုးလာ‌သော အင်အား ၁၅၀ ခန့် ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် တော်လှန်‌ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုထိတွေ့ တိုက်ပွဲသည် ညနေ ၆ နာရီဝန်းကျင်ခန့်ထိဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ…

  • သေဒဏ်ကို အံတုပြီး စစ်တပ်ရဲ့ ရွေကောက်ပွဲကို ဆန့်ကျင်ကြောင်း အရှိန်မြင့် တိုက်ခိုက်နေတဲ့ ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့များ

    သေဒဏ်ကို အံတုပြီး စစ်တပ်ရဲ့ ရွေကောက်ပွဲကို ဆန့်ကျင်ကြောင်း အရှိန်မြင့် တိုက်ခိုက်နေတဲ့ ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့များ

    သေဒဏ်ကို အံတုပြီး စစ်တပ်ရဲ့ ရွေကောက်ပွဲကို ဆန့်ကျင်ကြောင်း အရှိန်မြင့် တိုက်ခိုက်နေတဲ့ ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့များ စစ်တပ်က ရွေးကောက်ပွဲအတွက် နှောက်ယှက် ဟန့်တားခြင်း၊ ဖျက်ဆီးပါက သေဒဏ်အထိပေးနိုင်ကြောင်း ဥပဒေပြဌန်းပြီး သတင်းထုတ်ပြန်ခဲ့ပေမယ့် ရန်ကုန်မြို့က မြေအောက်တော်လှန်ရေးအဖွဲ့တွေကတော့ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဖြစ်မြောက်ရေး အထောက်ပံ့ပေးနေတဲ့ နေရာတွေကို အရှိန်မြင့် ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေပါတယ်။ အခုလို ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဟာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။ “ကျွန်တော်တို့ အခုလို လုပ်နေတယ်ဆိုတဲ့က ရှင်းရှင်းလေးပါ ရိုင်းသလို ဖြစ်သွားရင် ခွင့်လွတ်ပါဗျ။ မအလရဲ့ ရွေးကောက်ပွဲကို ဖျက်စီးလို့ သေဒဏ်ပေးရင် သောက်ဂရုကို မစိုက်တာ သေမှာ မကြောက်လို့လည်း တော်လှန်ရေးလမ်းကြောင်းပေါ်…