Author: Baby Yit Lone
-

-

ဝန်ကြီးဟောင်း၊ ရန်ကုန်ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌရဲ့တူ ပြည်မြို့နယ်မှာ ပေါ်တာဆွဲခံရပြီး သိန်း ၅၀ နဲ့ရွေးရ
ဖမ်းဆီးခဲ့ကြသူ စစ်တပ်အကြီးအကဲနဲ့ စခန်းမှူးတွေကို တရားစွဲပြီး ပြုတ်အောင်လုပ်မယ်လို့ ဆို
-

နယ်မြေချဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု ငါးရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် အထိနာကာ ပြန်ဆုတ်ပြေး
တမူးနယ်ထဲ နယ်မြေချဲ့ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု ငါးရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် အထိနာကာ ပြန်ဆုတ်ပြေး
-

စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲ မဟာဗျူဟာ (သို့မဟုတ်) အာဏာတည်မြဲရေး နိုင်ငံရေးဇာတ်စင်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ် ၂၀၂၅ ခုနှစ်ကုန်၌ ကျင်းပမည်ဟု ကြေညာထားသော ရွေးကောက်ပွဲသည် နိုင်ငံရေးဖိနှိပ်မှု၊ တရားမဝင်ပါတီဖျက်သိမ်းခြင်းနှင့် ပြည်တွင်း စစ်မီးကြားမှ နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူရန် ကြိုးပမ်းချက်တစ်ခု ဖြစ်နေသည်။ ထို့အပြင် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်မှ ပေါ်ပေါက်လာမည့် ရွေးကောက်ခံအစိုးရအဖွဲ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတနေရာယူ၍ ၎င်း၏ ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုမူ လူယုံတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား လွှဲပြောင်း ထားရှိလိမ့်မည်ဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်နေသည်။ “ဒီဟာတွေကို ကြည့်ရင်လည်း မဖြစ်နိုင်ဘူးလို့ ပြောမရဘူး။ သမ္မတလုပ်မယ့်သူက အမတ်ဖြစ်ဖို့ မလိုဘူးလေ။ နောက်ပြီး ယူနီဖောင်းချွတ် ဆင်းလာတဲ့သူတွေက ကျွန်တော်တို့လို ပါတီတွေဆီ မလာပါဘူး၊ ပြည်ခိုင်ဖြိုးပဲ သွားကြတာ” ဟု…
-

MNDAA ထိန်းချုပ်ထားသည့် မုံးကိုးတွင် မြန်မာနိုင်ငံအလံ ပြန်လည်လွှင့်ထူ
ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာနယ်စပ်၊ မုံးကိုး လဝက ရုံးဟောင်းမှာ ဩဂုတ် ၁၀ ရက်နေ့ မနက်အစောပိုင်းကစလို့ မြန်မာအလံ ပြန်လည်လွှင့်ထူထားတာတွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံ အမျိုးသားတယောက်က “မုံးကိုးက အရင်စစ်တပ်ရှိတုန်းက လဝကရုံးဟောင်းမှာ ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့ မနက် အစ မြန်မာအလံ ပြန်လွှင့်ထားပြီ” လို့ ပြောပါတယ်။ MNDAA ဘက်က သက်ဆိုင်ရာတာဝန်ရှိတွေကို မေးကြည့်တော့ MNDAA တပ်စခန်းကလွဲလို့ တခြား အရပ်သားပြည်သူတွေနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ရှမ်းပြည်နယ် အထူးဒေသ ၁ အလံနဲ့ မြန်မာအလံ လွှင့်ထူဖို့ ရှိတယ်လို့ပြောကြောင်း သူကဆက် ပြောပါတယ်။ ပန်ဆိုင်း (ကြူကုတ်) ဒေသခံတယောက်က “ပန်ဆိုင်း…