Author: Baby Yit Lone
-

မိတ္ထီလာမှာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ
မိတ္ထီလာသူနာပြုသင်တန်းကျောင်းမှာ သင်တန်းသူတယောက် ကိုယ့်ကိုယ်ကိုမီးရှို့ သတ်သေမှုဖြစ်ပွား မိတ္ထီလာမြို့နယ်၊အစိုးရ သူနာပြုသင်တန်းကျောင်းမှာ ဒီနေ့ ဩဂုတ် ၁၂ ရက်နေ့ မနက်အစောပိုင်းက သင်တန်းသူအမျိုးသမီးတယောက် အိမ်သာထဲမှာ မိမိကိုယ်ကို ဒီဇယ်လောင်းမီးရှို့ကာ သတ်သေမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “အိမ်သာထဲမှာ ဒီဇယ်ပုံးတွေ့တယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့တယ်သုံးသပ်တာပါ။” လို့ ဖြစ်စဥ်သိရှိသူတယောက်ပြောပါတယ်။ သူနာပြုသင်တန်းကျောင်းရှိ ရေချိုးခန်းနဲ့ အိမ်သာတွဲရက်ခန်းထဲမှာ အခန်းတံခါးကို ဂျက်ထိုးထားပြီး အဆုံးစီရင်ခဲ့တာဖြစ်ကြောင်း ၊ မီးခိုးနံ့တွေ ထွက်လာမှသာ ပတ်ဝန်းကျင်ကသိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ” အခန်းက ဂျက်ထိုးထားတော့ အခန်းအပေါ်ကို လှေခါးထောင်တက် အောက်ဆင်းပြီးမှ ဂျက်ဖြုတ်ရတယ်။ အပေါက်က ဖွင့်မရဘဲ အလောင်း နဲ့ ပိတ်ခံနေလို့ အလောင်းကိုအပေါ်ဆွဲတင်ပြီးမှ အပေါက်ဖွင့်ရတယ်။အဲဒီအထိကိုမီးအကြွင်းအကျန်က ကျန်နေသေးတယ်။” လို့ သူကထပ်မံပြောပါတယ်။ အဆိုပါ သင်တန်းသူအမျိုးသမီးက အသက် ၂၀…
-

ထိုင်းနိုင်ငံ Uthai Thani ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၅၅ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ Uthai Thani ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၅၅ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာနက သတင်းဖော်ပြသည်။ ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ Uthai Thani အတွင်းရှိ တောထဲတွင် ရပ်နားထားသော ကား ၃ စီးကို ထိုင်းအာဏာပိုင်များက သွားရောက် စစ်ဆေးရာ ကားအတွင်းနှင့် အနီးအနားတွင် မြန်မာနိုင်ငံသား ၅၅ ဦး ကို တွေ့ရှိရကြောင်း၊ ၎င်းတို့မှာ အထောက် အထား စာရွက်စာတမ်းမပါဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး အမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး ၁၉ ဦးရှိကြောင်း သိရှိရသည်။ အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တရားမဝင် မြန်မာများမှာ ဘန်ကောက်တွင်…
-

KIA စစ်ဦးစီးချုပ်၊ မင်းအောင်လှိုင်နဲ့ ဘီဘီစီ ရှင်းတမ်း
2024 – စကစ က KIA ကို နပတ လာဖို့ ပြော။ ✅ နပတ မလာလည်း online က ပြောရအောင်တဲ့။ KIA က မလာဘူး၊ မင်းတို့ သတ္တိရှိရင် မြစ်ကြီးနားလာခဲ့ပါ လို့ပြော။ online ကပြောမရ၊ recording လုပ် ဖြတ်ညှပ်ခံရမယ် တဲ့ စကစက မြစ်ကြီးနား မလာရဲ၊ တိုက်ပွဲတွေရှိနေလို့ ရပ်ပေးပါလို့ ပြော။ KIA က တရုပ် ဂျပန် နိုင်ငံတကာကို – တွေ့လား မအလ က ၆ ကြောက် ငြိမ်းချမ်းရေး မလိုချက်ဘူးဘူးလို့ ပြော 2025- KIA က တလရတပ်တွေနဲ့ တွေ့။✅ စကစ က…
-

နာမည်ကြီး လိင်ပညာပေး ဗလော့ဂါ အမျိုးသမီး ပြည်သူ့ပါတီအတွက်မဲဆွယ်ပေး
လိင်မှုဆိုင်ရာ ပညာပေးဗီဒီယိုတွေ ရိုက်ကူးတင်ဆက်ပေးနေတဲ့ နာမည်ကြီး ဗလော့ဂါ V V Chen ဟာ ပြည်သူ့ပါတီရဲ့ ပဲခူးတိုင်းရုံးဖွင့်ပွဲကို ဩဂုတ် ၉ ရက်နေ့မှာ တက်ရောက်ခဲ့ပြီးနောက် ဖွင့်ပွဲမှာ သူပါဝင်တဲ့ ဓာတ်ပုံတွေနဲ့အတူ “ ရွှေမော်ဓောမှာ နားထွင်းမယ်။ ခေါင်းဆောင်ဆိုတာ ကိုယ်တွေကရွေးချယ်ရတာဖြစ်တယ် ခေါင်းဆောင်က ကိုယ်တွေကိုရွေးချယ်ရမှာမဟုတ်။” လို့ ဒီကနေ့မှာ ရေးတင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ နောက်ထပ် Facebook စာမျက်နှာကနေလည်း ဘယ်ဘက်ကမှ မဟုတ်ပေမယ့် “ဘက်မဲ့နေတဲ့ပါတီမဟုတ်ပါ ပြည်သူ့ဘက်ကိုရပ်တည်ပြီး ပြည်သူ့အတွက်သာ အကျိုးမျှော်မှန်းတဲ့ ပြည်သူ့ပါတီဖြစ်ပါတယ်။” လို့လည်း ထပ်မံရေးသားခဲ့ပါတယ်။ စစ်ကော်မရှင်က ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီလတွေမှာ ရွေးကောက်ပွဲကျင်းပေးမယ်လို့ ကြေညာပြီးတဲ့ နောက် ပါတီတချို့ဟာ စည်းရုံးလှုပ်ရှားမှုတွေ အပြိုင်အဆိုင်လုပ်လာကြပါတယ်။ ဦးကိုကိုကြီး ဦးဆောင်တဲ့…
-

မြိုင်မြို့နယ်တွင် စစ်တပ်က ကိုယ့်စခန်းကိုယ် မီးရှို့ပြီး တပ်ပြန်ဆုတ်
မကွေးတိုင်း၊ မြိုင်မြို့ရဲ့မြောက်ဘက် မီတာ ၆၅၀ လောက် ဝေးကွာတဲ့ စစ်တပ် စစ်ဆေးရေး ကင်းစခန်းတခုကို ဩဂုတ် ၁၁ ရက်နေ့ မနက်မှာ မီးရှို့ပြီး တပ်ဆုတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဆိုပါစခန်းမှာ စစ်သားအင်အား ၂၀ လောက်ရှိပြီး မြိုင်မြို့အတွင်း ဝင်လာသူမှန်သမျှကို စစ်ဆေး၊ ဖမ်းဆီး၊ ရိုက်နှက်တာတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။ မြိုင်ဒေသခံတယောက်က “သူတို့စခန်းကို သူတို့ကိုယ်တိုင် မီးရှို့ပြီး မြိုင်မြို့ထဲ ပြန်ဆုတ်သွားတယ်။ အခုတော့ အဲဒီကောင်တွေ မြိုင်မြို့ထဲက ဈေးအနီးမှာ စခန်းချနေတယ်။ တိုက်ပွဲမဖြစ်ဘူး အစ်ကိုရေ။ ပြည်သူ့ကာကွယ်ရေးတပ်က လာတိုက်မှာ ကြောက်ပြီး ကိုယ့်စခန်းကို မီးရှို့ပြီး နောက်ဆုတ်လာတာရယ်” လို့ ပြောပါတယ်။ အဆိုပါဂိတ်မှာ စစ်တပ်က ၂၀၂၂ ခုကနေ ဒီနေ့အချိန်အထိ စခန်းချနေထိုင်ပြီး…