Author: Baby Yit Lone

  • ဘဏ်​တွေက​ငွေထုတ်တာကန့်သတ်ပြီး​နောက်ပိုင်း အခုရက်ပိုင်းအတွင်းတစ်​သောင်းတန်​ငွေစက္ကူအသစ်​တွေထုတ်​ပေးလာ

    ဘဏ်​တွေက​ငွေထုတ်တာကန့်သတ်ပြီး​နောက်ပိုင်း အခုရက်ပိုင်းအတွင်းတစ်​သောင်းတန်​ငွေစက္ကူအသစ်​တွေထုတ်​ပေးလာ

    ဘဏ်တွေကနေ​ငွေစက္ကူထုတ်ယူမှု​တွေကိုကန့်သတ်ခဲ့ပြီး​နောက် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းမှာဘဏ်​တွေက​ငွေထုတ်တဲ့အခါကျပ် တစ်သောင်းတန်ငွေစက္ကူအသစ်တွေ ရလာတယ်လို့ ငွေထုတ်ခဲ့သူတွေ ကပြောပါတယ်။ အခုလ နောက်ဆုံးပတ်က ငွေထုတ်ယူမှုတွေမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေက ဆေးအနံ့တောင်ထွက်နေသေးတယ်လို့ ဆိုပါတယ်။ “ငွေကအသစ်တွေပဲ။ဆေးအနံ့တွေတောင် မပျောက်သေးဘူး။လိုသလောက်တော့ ထုတ်မရသေးဘူး။တခါထုတ်သိန်း ၁၅၀ လောက်တော့ ရတယ်။ဒါလည်းဘဏ်ထဲရှိတဲ့ ငွေပမာဏပေါ်မူ တည်ပြီး ထုတ်ပေးတာ။ထုတ်ရတဲ့ အကြောင်းအရင်းကိုပါဖြည့်ရသေးတယ်”လို့ ကမ္ဘောဇ ဘဏ်ကနေငွေထုတ်ယူခဲ့သူတဦးကပြောပါတယ်။ ဒါ​ကြောင့်စစ်​ကောင်စီက ​ငွေစက္ကူအသစ်​တွေထပ်မံရိုက်နှက်ပြီးအခုရက်ပိုင်းမှာဖြန့်​ဝေလာတာဖြစ်ပြီး အများအပြားရိုက်နှက်ထုတ်​ဝေရင်​ငွေဖောင်းပွမှု အန္တရာယ်ပိုကြီးနိုင်တယ်လို့ လုပ်ငန်းရှင်အချို့က​ပြောပါတယ် ။​ ဒါ့အပြင်ငွေစက္ကူအသစ်တွေကြောင့် ပြည်တွင်းငွေကြေးစျေး ကွက်ထဲမှာ အတု၊အစစ် ထင်မှားမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ “Taxi သမားကိုထုတ်ပေးတာမယူဘူး။ ဘာဖြစ်လို့လဲ AYA ကအခုပဲထုတ်လာတာဆိုပြီး။ အုပ်လိုက်ပြမှယူတယ် “လို့ ကျပ်တစ်သောင်းတန်ငွေစက္ကူအသစ် သုံးစွဲမှုနဲ့ ပတ်သက်လို့ ကြုံတွေ့ခဲ့ရသူက ပြောပါတယ်။ ဘဏ္ဍာနှစ်တစ်နှစ်အတွင်း နိုင်ငံရဲ့ဘက်ဂျက်လိုငွေ ပေါ်မူတည်ပြီး ငွေစက္ကူအသစ်ထုတ်တာဒါမှမဟုတ် ငွေစက္ကူအဟောင်းကို…

  • မြန်မာပြည်သားတွေ မွဲသွားတာဟာ “ငွေမည်း”တွေကြောင့်လည်း ပါတယ်

    မြန်မာပြည်သားတွေ မွဲသွားတာဟာ “ငွေမည်း”တွေကြောင့်လည်း ပါတယ်

    မြန်မာပြည်သားတွေ မွဲသွားတာဟာ “ငွေမည်း”တွေကြောင့်လည်း ပါတယ်လို့ ဆိုရမယ်။ မြန်မာပြည်နဲ့ မပြောဘဲ အခြား သန့်ရှင်းတဲ့ နိုင်ငံတစ်ခုခုနဲ့ နှိုင်းယှဉ်ပြောရင် နားလည်လွယ်လိမ့်မယ်။​ သန့်ရှင်းတယ်လို့ ပြောပေမယ့် သန့်ရှင်းဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်ခုလို့ ဆိုကြစို့။ ဥပမာ- သန့်ရှင်းနိုင်ငံ။ လူတစ်စုဟာ အရင်က မွဲတယ်။ ရုတ်တရက် ငွေရတယ်။ ကျိကျိတက် ချမ်းသာလာတယ်။ “သူဟာ ဒီငွေကို ဘယ်က ရသလဲ” အပြင်းအထန် လိုက်ကြပါတယ်။ – လာဘ်ပေးလာဘ်ယူလား? – အခွန်ရှောင်လား? – မူးယစ်ဆေးလား? – လိမ်လည်တာလား? – ခိုးလာတာလား?စသည်။ ငွေမည်းဖြစ်နေခဲ့မယ်ဆိုရင် လူကိုလည်း အရေးယူမယ်။ ငွေကိုလည်း သိမ်းမယ်။ ဘာပြုလို့ အပြင်းအထန်လိုက်ကြတာလဲ? ငွေမည်းကလည်း ငွေပါပဲ။ ငွေမည်းကို ဒီအတိုင်း ပေးသုံးလိုက်လို့…

  • အမေအရင်းကို အိမ်ဖော်လိုခိုင်းကာ ခင်ပွန်းသည်နဲ့ အတင်းပေးစားတဲ့ သမီးကြောင့် ထွက်ပြေးလာရတဲ့ မိခင်…

    အမေအရင်းကို အိမ်ဖော်လိုခိုင်းကာ ခင်ပွန်းသည်နဲ့ အတင်းပေးစားတဲ့ သမီးကြောင့် ထွက်ပြေးလာရတဲ့ မိခင်…

    အမေအရင်းကို အိမ်ဖော်လိုခိုင်းကာ ခင်ပွန်းသည်နဲ့ အတင်းပေးစားတဲ့ သမီးကြောင့် ထွက်ပြေးလာရတဲ့ မိခင်… ကိုယ်တိုင်ဗိုက်နဲ့လွယ်မွေးထားတဲ့ သမီးအရင်းတွေရဲ့ စွန့်ပစ်မှုကိုသာမက ဆဲဆို စော်ကား ခံခဲ့ရတဲ့ အသက် (၇၀) ကျော် အဘွားအိုရဲ့ အဖြစ်ကသနားစရာပါ အဘွားဟာ ရန်ကုန်မှာရှိတဲ့ သမီးအကြီးဆီမှာ အားကိုးတကြီး သွားနေခဲ့ပေမဲ့ သမီးကြီးက တာဝန်မယူနိုင်ဘူးဆိုကာ တွံတေးမှာရှိတဲ့ သမီးငယ်ဆီကို ပို့ဆောင်ခဲ့ပါတယ်။ သမီးငယ်ဆီရောက်တဲ့အခါမှာတော့ အဘွားရဲ့ဘဝဟာ ငရဲခန်းလို ဖြစ်သွားခဲ့ပါတယ်။ သမီးငယ်ဟာ မိခင်ကို အိမ်ဖော်တစ်ယောက်လို အိမ်အလုပ်တွေ ခိုင်းစေရုံတင်မကဘဲ အစ်မဖြစ်သူဆီကနေ “အမေ နေမကောင်းဘူး” လို့ လိမ်လည်ကာ ပိုက်ဆံတွေ တောင်းယူပြီး ကိုယ်တိုင်သုံးစွဲခဲ့ပါတယ်။ ပိုပြီး စက်ဆုပ်စရာကောင်းတာက သမီးငယ်ဟာ မိခင်အရင်းကို သူမရဲ့ခင်ပွန်း (အဘွားရဲ့သမက်) နဲ့ပါ စွပ်စွဲပြောဆိုပြီး အတင်းပေးစားတဲ့အထိ ယုတ်ညံ့တဲ့…

  • အမေပေးတဲ့လယ်တစ်ကွက်ကို အကျိုးရှိရှိ အပြားလိုက်ရောင်းစားတတ်သူ

    အမေပေးတဲ့လယ်တစ်ကွက်ကို အကျိုးရှိရှိ အပြားလိုက်ရောင်းစားတတ်သူ

    ❝ အမေပေးတဲ့လယ်တစ်ကွက်ကို အကျိုးရှိရှိ အပြားလိုက်ရောင်းစားတတ်သူ ❞ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက တရုတ်ပြည် ချုံကင်းက ရွာသူအမျိုးသမီးတစ်ယောက်ဟာ တရုတ်နှစ်ကူးအိမ်မှာချက်စားဖို့ ဝက်ပေါ်ဖို့လုပ်သတဲ့ … ဖြစ်ချင်တော့ အဲ့ဒီ အသက် ၂၃ နှစ်ရှိ Daidai ဆိုတဲ့ အမျိုးသမီးရဲ့အဖေက အသက်ကြီးနေပြီမို့ ဝက်နှစ်ကောင်ကို မပေါ်နိုင်ဘူးဖြစ်နေတယ်။ အဲ့မှာ Daidai က TikTok လို တရုတ်ဆိုရှယ်မီဒီယာ Douyin ပေါ်တက်ပြီး “စမီးကိုချစ်ရင် ဝက်ပေါ်ဖို့ ကူနိုင်မလားရှင့်” ဆိုပြီးတင်လိုက်တာ … ဘသားချော အယောက် ၁၀၀၀ ကျော်ဟာ ချုံကင်းက Daidai တို့ရွာကို “မောင်ကြီးပေါ်ပေးမယ်” လုပ်ဖို့ ထွက်လာပါလေရောတဲ့။ 🚙🚗🛻 ရွာသေးသေးလေးကို ယောက်ျားသား အယောက် ၁၀၀၀ ကျော်လောက်က ကားအသီးသီးနဲ့ ရောက်ချလာလိုက်တာ…

  • ပဲခူး ကဝနယ် ဘုရား​ပေါ် နဂါးပူးကိစ္စ  မြို့နယ် သံဃနာယကဆင့်ခေါ်..

    ပဲခူး ကဝနယ် ဘုရား​ပေါ် နဂါးပူးကိစ္စ မြို့နယ် သံဃနာယကဆင့်ခေါ်..

    ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကသစ်ပင်အုပ်စု တဲစုကျေးရွာ တဲစုကျောင်းအတွင်း နဂါရုံ ဘုရားပေါ်တက်၍ မာရ်နတ်သမီးများ အရတီ တဏှာ ရဂါ တို့ကဲ့သို့ မတော်မရော် ကပျက်ကချော် သာသနာငြှိုးနွမ်းအောင် အမျိူးသမီးသုံးယောက် နဂါးပူးပြ ကပြ ကိစ္စရပ်အတွက် ယနေ့ 26-2-2026 ကြာသပတေးနေ့ နေ့လည်အချိန်တွင် ပဲခူးတိုင်း ကဝမြို့နယ် မြို့နယ်သံဃနာယကရုံးသို့ အောက်ပါ အုပ်ချုပ်ရေးမှူး ကျောင်းထိုင်အပါ သက်ဆိုင်သူများအား ပဲခူးတိုင်း ကဝမြို့နယ် ကသစ်ပင်အုပ်စု တဲစုကျေးရွာ အုပ်ချုပ်ရေးမှူး- ဦးသောင်းအေး။ ဂေါပက- ဦးကျော်ဌေး ဦးဆောင်လမ်းညွှန် ဘိုးတော်ယောင်ယောင် ဓာတ်ယောင်ယောင် ဦးစံနိုင်။ ခွင့်ပြုသူ – တဲစုကျောင်းဆရာတော် ဦးပဏ်။ နဂါးရုံဘုရားပေါ်တက် နဂါးပူးပြသူ အမျိူးသမီးသုံးဦး ဦးဆောင်- ကျောင်းဆရာမ မမွန်မွန်မြင့်နှင့် အခြားအမျိူးသမီး နှစ်ဦး တဲစုရွာ။…