Author: Baby Yit Lone
-

ဗန်းမော်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား
ကချင်ပြည်နယ်ဗန်းမော်မြို့သို့စစ်သင်္ဘောများနှင့်ပို့ဆောင်ထားသည့်လက်နက်ခဲယမ်းများကိုဗန်းမော်ရှိလက်ကျန်စစ်ကောင်စီတပ်ဖွဲ့များထံ ဖြန့်ဝေရန် ကြိုးပမ်းနေ၍ တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ ဩဂုတ် ၁ ရက်တွင် ဗန်းမော်သို့ စစ်ကောင်စီတပ်သင်္ဘောများဆိုက်ကပ်ခဲ့ပြီးနောက်စစ်တပ်က လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှုများ အများအပြား ပြုလုပ် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ယနေ့(ဩဂုတ် ၂၀ရက်)တွင်လည်းတိုက်ပွဲဆက်ဖြစ်နေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “သူတို့က သင်္ဘောကနေ ရိက္ခာတွေနဲ့လက်နက်တွေ သူတို့တပ်ဖွဲ့တွေဆီကိုပို့ချင်တာ။အဲဒါကြောင့် စကစ (၂၁)မှာစုပုံထားတဲ့ လက်နက်တွေနဲ့ ရိက္ခာတွေ ပို့ချင်တာ အဲဒါကြောင့် သူတို့က စစ်မျက်နှာ သုံးလေးခု ဖွင့်ပြီးမှ ထိုးစစ်ဆင်လာတာပေါ့။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ ထိုသို့ထိုးစစ်ဆင်နေသော်လည်းနှစ်ပတ်ခန့်ကြာ တိုက်ပွဲများဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ထိုးဖောက်နိုင်ခြင်းမရှိသေးဟုဆိုသည်။ “စကခ(၂၁)ကသီးသန့်အနေအထား၊ပြီးတော့ တက္ကသိုလ်ကျောင်းဝင်းမှာလည်း သူတို့ရှိတယ်။ ပြီးတော့ မံစီထွက်ပေါက် မံစီဘက် သွားတဲ့လမ်း အဲဒီမှာ ၄၇တပ်ရင်းရှိတယ်အဲဒီမှာလည်း သူတို့ရှိသေးတယ်။ ပြီးတော့ မြို့တွင်းမှာလည်း ရှိတယ်။ ပြီးတော့ မိုးမောက်ဘက်ထွက်တဲ့လမ်း အဲဒီမှာ လေ့ကျင့်ရေးတပ်ရင်းတို့ BE…
-

စစ်တပ်၏ ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံဟု ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့လုပ်ရပ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် NUG ထပ်မံသတိပေး
စစ်တပ်၏ ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံဟု ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့လုပ်ရပ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် NUG ထပ်မံသတိပေး မြန်မာနိုင်ငံတွင် စစ်တပ်က ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တိုင်းရင်းသားများနှင့်နွေဦး တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့ လုပ် ရပ်များတွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ထပ်မံသတိပေးလိုက်သည်။ ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် ၁၅/၂၀၂၅တွင် အမျိုးသားညီ ညွတ် ရေး အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။ အကြမ်းဖက်စစ်တပ်က…
-

ကောလင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုအား အရေးယူမှု စိတ်ဝင်စားနေကြ
ကောလင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုအား အရေးယူမှု စိတ်ဝင်စားနေကြ စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတဦးအား အမျိုးသား ၃ဦးမှ အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုမှ တရားခံများအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖမှ ဖမ်းဆီးထားပြီး မည်သို့အရေးယူမည်ကို စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ ပြီးခဲ့သည် ဩဂတ်လ ၁၂ရက်၊နံနက် ၁၀နာရီခန့်တွင် ကောလင်းမြို့နယ်၊စာရင်းဝင်ရွာအနီးရှိချောင်းထဲတွင် လျာ၊နားရွက်များဖြတ်ခံထားရပြီး မျက်လုံးများဖောက်ထုတ်ခြင်းခံထားရသည့် အမျိုးသမီးအလောင်းတလောင်းအား ဒေသခံများမှ တွေ့ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်အား ကောလင်းမြို့နယ် ပလဖမှ စစ်ဆေးခဲ့ပြီးနောက် စုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂတ်လ ၁၃ရက်နေ့တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ပေတပင်ရွာနေ အသက် ၂၄နှစ်အရွယ် ဖြိုးဝေအောင်၊ဆပ်သွားချောင်းရွာမှ အသက် ၁၅နှစ်အရွယ် ချစ်ခိုင်ဦး၊ကျွန်းလှမြို့နယ်၊ရွာကုန်းကြီးရွာမှအသက် ၁၉နှစ်အရွယ် ရှိုင်းထက်အောင်တို့ အား ပလဖမှ…
-

မိန်းမတစ်ယောက်ကြောင့် ဆယ်လီ ဘဝပျက်ခဲ့ရတဲ့ Kelvin Kate
ငါယောကျ်ားပဲဆိုပြီး ဘယ်စော်ကိုမှ လွယ်လွယ်မစားနဲ့ … ဘဝပါပျက်တယ် ညီကိုတို့ !!! ဒီကိစ္စတွေကို ဘယ်တော့မှ ထုတ်မပြောတော့ပါဘူးလို့ ဆုံးဖြတ်ထားပေမဲ့ ယနေ့အချိိန်ထိ Comment / Chat Box တွေမှာ ကျွန်တော့်ကို အဲ့ကိစ္စနဲ့ ပက်သတ်လို့မပြီးနိုင်ကြသေးလို့ကျွန်တော် အခု ဖြေရှင်းရပါတော့မယ်။ ဟာသ Video Content တွေနဲ့ အရှိန်တော်တော်ရလာပြီး ရုပ်ရှင် Project တွေအထိ တက်လှမ်းခါစအချိန်မှာပဲ ကျွန်တော်က ”မိန်းမနဲ့ကလေးရှိရက်နဲ့ တိတ်တိတ်ပုန်းနေတဲ့ကောင် အိမ်တွင်းအကြမ်းဖက်တဲ့ကောင် မိန်းမကို ရိုက်တဲ့ကောင် လူစိတ်မရှိတဲ့ကောင်” အဖြစ် နာမည်ပျက်ခဲ့ရတာ အားလုံးသိမှာပါ။ ဖြစ်စဉ်ကို အစအဆုံးပြန်ပြောင်းပြောပြရမယ်ဆိုရင် – ကျွန်တော်နဲ့ သူက ကျွန်တော့်အသက် ၂၀ သူ့အသက် ၂၇ မှာတွေ့ခဲ့တာပါ၊ ချစ်သူရည်းစားအနေနဲ့လည်း မဟုတ်ဘဲ One night…
-

ယူကရိန်းလက်ဖြောင့်သေနတ်သမားက ရုရှားစစ်သား ၂ ဦးကို ၂ မိုင်ခွဲအကွာမှပစ်ခတ်ပြီး ကမ္ဘာ့စံချိန် သစ်တင်
ယူကရိန်းလက်ဖြောင့်သေနတ်သမားတဦးသည် ရုရှားစစ်သားနှစ်ဦးအား ၂ ဒသမ ၅ မိုင်အကွာမှ ထိမှန် အောင်ပစ်ခတ်ပြီးနောက် အဝေးဆုံးမှပစ်သတ်မှုအတွက် ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။ Telegram ၌တင်ထားသောဗီဒီယိုတွင် ရုရှားကျူးကျော်စစ်ကိုဆန့်ကျင်သည့်အနေဖြင့် ယူကရိန်းအတွက် တိုက်ပွဲဝင်နေသည့် ယူကရိန်းလက်ဖြောင့်သေနတ်သမားတဦးသည် အဝေးမှပစ်မှတ်သို့ ပစ်ခတ်မှုများစွာ ပြုလုပ်ခဲ့ပြီး ပစ်မှတ်ကိုမထိမီ “လက်ခနဲ” ဖြစ်သွားသည်ကို တွေ့မြင်ခဲ့ရသည်။ ယခု စံချိန်တင် ယူကရိန်းလက်ဖြောင့်သေနတ်သမား၏ပစ်ခတ်မှုအား ရုရှားက ထိုးစစ်ဆင်နေသည့် ယူကရိန်း၏ တစိတ်တပိုင်းဖြစ်သော ဒိုးနတ်ခ်ဒေသရှိ ပိုရိုဗက်ခ်-မာနိုဟက်ဒ်ခံစစ်လိုင်းတွင် တွေ့မြင်ခဲ့ရ ခြင်းဖြစ်သည်။ အဆိုပါပစ်ခတ်မှုတွင် ရုရှားစစ်သားနှစ်ဦး သေဆုံးခဲ့ရပြီး သေနတ်သမားအား ဒရုန်းကင်းထောက် လှုပ်ရှား မှုနှင့် ဆက်တိုက်ပစ်ခတ်ရန် ဉာဏ်ရည်တုနည်းပညာဖြင့် အကူအညီပေးခဲ့ပြီး Snipex Alligator ရိုင်ဖယ် ဖြင့် သြဂုတ် ၁၄ ရက်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း The Times က…