Author: Baby Yit Lone

  • ငါးနှစ်သက်တမ်းပြည့်ခဲ့ပြီဖြစ်တဲ့ MDY PDF

    ငါးနှစ်သက်တမ်းပြည့်ခဲ့ပြီဖြစ်တဲ့ MDY PDF

    စစ်ရုံးချုပ်ရဲ့ကွပ်ကဲမှုအောက်မှာ “အထူးလှုပ်ရှားတပ်မ”အဖြစ်တာဝန်ထမ်းဆောင်​နေ​ကြောင်းအသိပေး နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုထဲမှမွေးဖွားပေါ်ပေါက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF ဟာ တော်လှန်ရေးရဲ့ အနိမ့်အမြင့် အတက်အကျ လောကဓံတရားကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက်မှာ တပ်ဖွဲ့စည်းမှု ၅နှစ်ပြည့်ပြီဖြစ်ကြောင်း မန္တလေး PDFက အသိပေးပြီး စစ်အာဏာရှင် စနစ် အမြစ်ပြတ်တဲ့အထိ ဦးလည်မသုန် တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ဖော်ပြထားပါတယ်။ မန္တလေး PDFဟာ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၂၅ရက်ကို အစွဲပြုပြီး တပ်မွေးနေ့အဖြစ် သတ်မှတ်ကျင်းပနေခြင်းဖြစ်ပါတယ်။ လက်ရှိမှာ မန္တလေး PDFဟာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ စစ်ရုံးချုပ်ရဲ့ကွပ်ကဲမှုအောက်မှာ “အထူးလှုပ်ရှားတပ်မ”အဖြစ် တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်လျက်ရှိတယ်လို့လည်း အသိပေးထားပါတယ်။ တပ်မကွပ်ကဲရေးမှူး ရဲဘော်ကိုနေ “ငါးနှစ်ပြည့်တပ်မွေးနေ့မှာ တပ်ထဲက…

  • လှိုင်သာယာမှာ ညအချိန် ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြို့ပြအဖွဲ့တွေတိုက်ခိုက်

    လှိုင်သာယာမှာ ညအချိန် ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြို့ပြအဖွဲ့တွေတိုက်ခိုက်

    ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “ပြင်းအားမြင့်အဝေးထိန်းမိုင်း တစ်လုံး အသုံးပြုခဲ့ပါတယ်။ ကျနော်တို့ အဲ့ကင်းပတ်ကားကို မထိထိအောင် သေချာစောင့်ဆိုင်းပြီး အချိန်ကိုက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။”လို့ စစ်ဆင်ရေးနဲ့ ပတ်သတ်ပြီး ပြောပါတယ်။ လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းကနေ စက်မှုဇုံအတွင်းကို ညစဉ် ကင်းပတ် ထွက်ပြီး ပေါ်တာဆွဲနေတဲ့စစ်ကောင်စီတပ်သား၊ ရဲ နဲ့ ပျူစောထီးတွေကို စစ်ရေးပစ်မှတ်အနေနဲ့ မနေ့က (ဖေဖော်ဝါရီ ၂၄) ည ၁၁နာရီခွဲလောက်မှာ (၂၀)ရပ်ကွက်၊ ဆရာစံလမ်းမပေါ်က (၈၆) ဂိတ်ဟောင်းမှတ်တိုင်အနီးမှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ “အဲ့ကောင်တွေ သေချာပေါက်ထိနိုင်တယ်ဗျ။ အတိအကျတော့ ကျနော်တို့ စုံစမ်းနေဆဲပါဘဲ။” လို့…

  • သူဌေးရပ်ကွက်မှာတောင် မလုံခြုံတော့ဘူးနော်

    သူဌေးရပ်ကွက်မှာတောင် မလုံခြုံတော့ဘူးနော်

    သူဌေးရပ်ကွက်မှာတောင် မလုံခြုံတော့ဘူးနော် ရာဇာနေဝင်း ဖုန်းကို အိမ်ကို လာနေကျသူကဘဲ ညအချိန်မတော် ပြူတင်းပေါက်ကနေ ယူသွားတာတဲ့👇 လူရင်းတွေက ပိုကြောက်ဖို့ ကောင်းတယ် ပြန်မပေးရင်တော့ ရဲတိုင်မယ်တဲ့ My I ph 17pro orange ကိုညကအဲပြူတင်းပေါက်ဖွင့်ပီးဝိုင်းထားတဲ့နေရာမာထားတာခိုးသွားတယ် wifi speakerကတော့မယူတော့ဘဲ(ထားတဲ့နေရာမဟုတ်)အဲ့နေရာပြန်ချသွားတယ် ခိုးတဲ့သူကmy home လာနေကြသူ သူဘယ်လိုခြံထဲဝင်ရမလဲph ဘယ်မာထားလဲသူသိတယ် I m home alone လဲသူသိတယ် သူမသိတာကအဲ့ph ကpassword မသိဘဲ သူံးမရတာရယ် gpsဖွင့်ပီးပြန်ရှာရင်ရတယ်ဆိုတာဘဲ အေးဆေးပြန်လာပေးရင်တော့no problem cctv တွေဖွင့်ကြည့်ပီးမမိရင်တော့ရဲကရှင်းလိမ့်မယ် I Ph ကapple I D မသိဘဲ ဘယ်သူမသူံးမရပါ ခိုးတုန်းကအသူံးပြုသွားသည့်တုတ်နှင့်ဖွင့်ခိုးသွားသည့်ပြူတင်းပေါက်

  • နဂါးကို အကြမ်းဖက်စစ်တပ်ထံ ကယ်ထုတ်ပေးတဲ့ ဘုန်းကြီးကို ပုလဲပလဖ ​ထိန်းသိမ်းထား

    နဂါးကို အကြမ်းဖက်စစ်တပ်ထံ ကယ်ထုတ်ပေးတဲ့ ဘုန်းကြီးကို ပုလဲပလဖ ​ထိန်းသိမ်းထား

    ရွာသူရွာသား​တွေက ဘုန်းကြီးကိုပြန်လွှတ်​ပေးဖို အသနားခံစာပို့ “ဘုန်းကြီး အသက်ကို အာမခံတယ်။ အကောင်းပတိ ရှိပြီး စစ်ဆေးစရာတွေ များကြီး ရှိတယ်။ ဥပဒေအထက်တော့ မည်သူမျှမရှိရပေ” – ပုလဲပကဖ စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ဗိုလ်နဂါးကို စစ်တပ်ရှိရာဆီ ပို့ဆောင်ပေးခဲ့ပြီး BNRA အဖွဲ့ပိုင်ပစ္စည်းတွေကို လက်ခံထားတဲ့ ပုလဲမြို့နယ် ၊ကံကြီးရွာကဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော်ကို ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။ ဖေ‌ဖော်ဝါရီလ ၁၈ရက်နေ့ ညနေမှာ စစ်ကောင်စီထံ ဗိုလ်နဂါးပူးပေါင်းသွားပြီးနောက်ပိုင်း ဒက္ခိဏာရုံ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသကို ခေါ်ယူထိန်းသိမ်းခဲ့တာလို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ “၁၇ရက်နဲ့ ၁၈ရက်နေ့က နဂါးကို ပိတ်ဆို့ထားချိန်မှာ ဆရာတော်က အကာအကွယ်ပေးပြီး ခေါ်ထုတ်သွားတာ။နဂါးနဲ့ BNRA အဖွဲ့ပိုင် ပစ္စည်းတွေ၊ စာရင်းတွေကလည်း ဆရာတော်ဆီမှာ ရှိနေတာဖြစ်တယ်”လို့ပြောပါတယ်။ ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDFတပ်ရင်းတွေကဖေဖော်ဝါရီလ၁၇ရက်မနက်ပိုင်းမှာ…

  • လာမည့်ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထုတ်ပြော

    လာမည့်ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထုတ်ပြော

    အကြမ်းဖက်စစ်တပ်က လာမည့် ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတော် ၏ တာဝန်ကို ပြန်လည် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ နောင်၀ိုးတပ်နယ်တွေ့ဆုံပွဲတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။ လာမည့် မတ်လ ၁၆ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်း ပရန်နှင့် မတ်လ ၁၈ ရက်နေ့တွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်း အဝေးများကျင်းပရန် ခေါ်ယူထားကြောင်း၊ ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုသည်။ စစ်တပ်က ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊…