Author: Baby Yit Lone

  • သူဌေးရပ်ကွက်မှာတောင် မလုံခြုံတော့ဘူးနော်

    သူဌေးရပ်ကွက်မှာတောင် မလုံခြုံတော့ဘူးနော်

    သူဌေးရပ်ကွက်မှာတောင် မလုံခြုံတော့ဘူးနော် ရာဇာနေဝင်း ဖုန်းကို အိမ်ကို လာနေကျသူကဘဲ ညအချိန်မတော် ပြူတင်းပေါက်ကနေ ယူသွားတာတဲ့👇 လူရင်းတွေက ပိုကြောက်ဖို့ ကောင်းတယ် ပြန်မပေးရင်တော့ ရဲတိုင်မယ်တဲ့ My I ph 17pro orange ကိုညကအဲပြူတင်းပေါက်ဖွင့်ပီးဝိုင်းထားတဲ့နေရာမာထားတာခိုးသွားတယ် wifi speakerကတော့မယူတော့ဘဲ(ထားတဲ့နေရာမဟုတ်)အဲ့နေရာပြန်ချသွားတယ် ခိုးတဲ့သူကmy home လာနေကြသူ သူဘယ်လိုခြံထဲဝင်ရမလဲph ဘယ်မာထားလဲသူသိတယ် I m home alone လဲသူသိတယ် သူမသိတာကအဲ့ph ကpassword မသိဘဲ သူံးမရတာရယ် gpsဖွင့်ပီးပြန်ရှာရင်ရတယ်ဆိုတာဘဲ အေးဆေးပြန်လာပေးရင်တော့no problem cctv တွေဖွင့်ကြည့်ပီးမမိရင်တော့ရဲကရှင်းလိမ့်မယ် I Ph ကapple I D မသိဘဲ ဘယ်သူမသူံးမရပါ ခိုးတုန်းကအသူံးပြုသွားသည့်တုတ်နှင့်ဖွင့်ခိုးသွားသည့်ပြူတင်းပေါက်

  • နဂါးကို အကြမ်းဖက်စစ်တပ်ထံ ကယ်ထုတ်ပေးတဲ့ ဘုန်းကြီးကို ပုလဲပလဖ ​ထိန်းသိမ်းထား

    နဂါးကို အကြမ်းဖက်စစ်တပ်ထံ ကယ်ထုတ်ပေးတဲ့ ဘုန်းကြီးကို ပုလဲပလဖ ​ထိန်းသိမ်းထား

    ရွာသူရွာသား​တွေက ဘုန်းကြီးကိုပြန်လွှတ်​ပေးဖို အသနားခံစာပို့ “ဘုန်းကြီး အသက်ကို အာမခံတယ်။ အကောင်းပတိ ရှိပြီး စစ်ဆေးစရာတွေ များကြီး ရှိတယ်။ ဥပဒေအထက်တော့ မည်သူမျှမရှိရပေ” – ပုလဲပကဖ စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ဗိုလ်နဂါးကို စစ်တပ်ရှိရာဆီ ပို့ဆောင်ပေးခဲ့ပြီး BNRA အဖွဲ့ပိုင်ပစ္စည်းတွေကို လက်ခံထားတဲ့ ပုလဲမြို့နယ် ၊ကံကြီးရွာကဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော်ကို ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။ ဖေ‌ဖော်ဝါရီလ ၁၈ရက်နေ့ ညနေမှာ စစ်ကောင်စီထံ ဗိုလ်နဂါးပူးပေါင်းသွားပြီးနောက်ပိုင်း ဒက္ခိဏာရုံ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးအရိယာဝံသကို ခေါ်ယူထိန်းသိမ်းခဲ့တာလို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ “၁၇ရက်နဲ့ ၁၈ရက်နေ့က နဂါးကို ပိတ်ဆို့ထားချိန်မှာ ဆရာတော်က အကာအကွယ်ပေးပြီး ခေါ်ထုတ်သွားတာ။နဂါးနဲ့ BNRA အဖွဲ့ပိုင် ပစ္စည်းတွေ၊ စာရင်းတွေကလည်း ဆရာတော်ဆီမှာ ရှိနေတာဖြစ်တယ်”လို့ပြောပါတယ်။ ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDFတပ်ရင်းတွေကဖေဖော်ဝါရီလ၁၇ရက်မနက်ပိုင်းမှာ…

  • လာမည့်ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထုတ်ပြော

    လာမည့်ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းမည်ဟု အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထုတ်ပြော

    အကြမ်းဖက်စစ်တပ်က လာမည့် ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြှောက်၍ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတော် ၏ တာဝန်ကို ပြန်လည် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ နောင်၀ိုးတပ်နယ်တွေ့ဆုံပွဲတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။ လာမည့် မတ်လ ၁၆ ရက်နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်း ပရန်နှင့် မတ်လ ၁၈ ရက်နေ့တွင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်း အဝေးများကျင်းပရန် ခေါ်ယူထားကြောင်း၊ ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောဆိုသည်။ စစ်တပ်က ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊…

  • တာချီလိတ်တွင်  ဒဏ်ရာများနှင့် လမ်းဘေးတွင် အလောင်း စွန့်ပစ်ခဲ့သော မဖြူဖြူအေး အသတ်ခံရမှု

    တာချီလိတ်တွင် ဒဏ်ရာများနှင့် လမ်းဘေးတွင် အလောင်း စွန့်ပစ်ခဲ့သော မဖြူဖြူအေး အသတ်ခံရမှု

    တာချီလိတ်တွင် ဒဏ်ရာများနှင့် လမ်းဘေးတွင် အလောင်း စွန့်ပစ်ခဲ့သော မဖြူဖြူအေး အသတ်ခံရမှုအတွက် စစ်တပ်နှင့်ရဲများက အမှုမှန်ကို ဖုံးကွယ်ပြီး ကျူးလွန်ထားသူများကို ကာကွယ်ပေးထား ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒဏ်ရာများနှင့် လမ်းဘေးတွင် စွန့်ပစ်ထားသော မဖြူဖြူအေး အသတ်ခံရမှုအတွက် စစ်တပ်နှင့်ရဲများက အမှုမှန်ကို ဖုံးကွယ်ပြီး ကျူးလွန်ထားသူများကို ကာကွယ်ပေးထားကြောင်း မဖြူဖြူအေး၏ မိတ်ဆွေများက ပြောဆိုသည်။ မဖြူဖြူအေးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က Sky Club 1688 KTV မှ ညပိုင်းအပြန်တွင် ပျောက်ဆုံးသွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တာချီလိတ်မြို့ပတ်လမ်းတစ်နေရာတွင် မဖြူဖြူအေး၏ အလောင်းကို စောင်ဖြင့်ထုပ်ကာ ဆားများသိပ်လျက် အထုပ်လိုက် စွန့်ပစ်ထားကြောင်း၊ မိသားစုက လူပျောက်ကြော်ငြာပြီးနောက် အသက် ၂၁ နှစ်အရွယ်ရှိ မဖြူဖြူအေး၏ အလောင်းကို…

  • ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းစဥ် ပြီးစီး

    ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းစဥ် ပြီးစီး

    ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းစဥ် ပြီးစီးသွားပြီမို့ ဒီကနေ့မနက်မှာ ဖူးမြင်ရတဲ့ မြင်ကွင်းပုံရိပ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းစဥ်ကို ပြီးခဲ့တဲ့ရက်တွေမှာ စတင်ခဲ့တာ ဖြစ်ပါတယ်. မနေ့က ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၁နာရီ ကျော်အချိန်မှာတော့ လုပ်ငန်းစဥ်အားလုံးပြီးစီး အောင်မြင်ခဲ့တာကြောင့် ငြမ်းတွေအားလုံး ဖြု-တ်သိမ်:လိုက်ပြီလို့ သိရပါတယ်. ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်အစောမှာတော့ ရွှေသင်္ကန်းအသစ်ကပ်လှူထားတဲ့ စေတီတော်ကြီးကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရတဲ့ မြင်ကွင်းကို ကုသိုလ်ဝေမျှဖော်ပြပေးလိုက်ရပါတယ်. ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး (၃)နှစ် တစ်ကြိမ် လုံးတော်အပြည့် ရွှေသားအစစ် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်းလုပ်ငန်းအား ပြီးစီး၍ ! ကျန်ရှိနေသည့် ငြမ်းအား ယနေ့ည(၁၀:၀၁) မိနှစ်အချိန်တွင် ဖြုတ်သိမ်းပြီးစီးပါသည် ။ 🙏☘️~…