Author: Baby Yit Lone

  • နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိက ပင်မကာကင်းစခန်းတစ်ခုကို AA ထပ်မံသိမ်းပိုက်ရရှိ

    နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိက ပင်မကာကင်းစခန်းတစ်ခုကို AA ထပ်မံသိမ်းပိုက်ရရှိ

    အကြမ်းဖက် စစ်ကော်မရှင်၏ နတ်ရေကန်ဗျူဟာကုန်း၏ အဓိက ပင်မကာကင်းစခန်းတစ်ခုကိုအာရက္ခတပ်တော်(AA) က မတ်လပထမပတ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ တစ်ရက်တည်းအတွင်း အပြီးသတ် သိမ်းပိုက်ရရှိထားကြောင်း သတင်းရရှိသည်။ နတ်ရေကန်ဗျူဟာကုန်း၏ အဓိက ပင်မကာကင်းစခန်းတစ်ခုကို AAက သိမ်းပိုက်ထားသည်သာမကစစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရမိသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “နတ်ရေကန်တောင်ကြောတစ်ကြောထဲမှာရှိတဲ့ အဓိကကာကင်းလို့ပြောလို့ရတယ်။ အဲဒီကာကင်းစခန်းထဲကစစ်‌တပ်က အမြဲတမ်း ဒရုန်းတွေနဲ့ပစ်တယ်။လက်နက်ကြီးပစ်တာတွေအမြဲလုပ်တယ်။ အဲဒါကြောင့် AA ကတိုက်တာ။တစ်ရက်ပဲတိုက်လိုက်ရတယ်။ ကာကင်းစခန်းကိုသိမ်းနိုင်ခဲ့တယ်” ဟု ပြောသည်။ အ‌ဆိုပါကာကင်းစခန်းမှစစ်ကောင်စီတပ်သားတချို့ နတ်ရေကန်ဗျူဟာကုန်းပေါ်ထွက်ပြေးသွားပြီး တချို့ကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိထားသည်ဟု ၎င်းကဆက်လက် ပြောဆိုသည်။ “တချို့ကတော့ ကုန်းပေါ်ပြေးတယ်။တချို့ကတော့ AA ကအရှင်ဖမ်းမိတာတွေရှိတယ်။သေတာတွေလည်းရှိတယ်” ဟု ပြောသည်။ \ကာကင်းစခန်းကုန်အသိမ်းခံရပြီးနောက် အကြမ်းဖက်စစ်ကော်မရှင်မှ နတ်ရေကန်တောင်ကြောတစ်လျှောက်ကို Y-12၊ဂျက်ဖိုက်တာ ဒရုန်းများဖြင့် နေ့စဉ် ဗုံးလာကြဲလျက်ရှိကြောင်း သိရသည်။ \အဆိုပါ…

  • စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

    စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

    စစ်အုပ်ချုပ်ရေး ဆန့်ကျင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို လွန်ခဲ့သောနှစ်တွင် စ၍ သွေးချောင်းစီး ဖြိုခွဲနေသည်နှင့် တပြိုင်နက် စစ်ကောင်စီသည် အာဏာသိမ်းဆန့်ကျင်သူများအား ဖမ်းဆီးပြီး အထူးဖြင့် စစ်ကြောရေး ပြုလုပ်စဉ် ရက်စက်ကြမ်းကြုတ်မှုများ စတင်ကျင့်သုံးခဲ့သည်။ ထိုစစ်ကြောရေးများကို ယခင် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်သည့် အမည်ဆိုးဖြင့်ကျော်ကြားသော စစ်ထောက်လှမ်းရေးဌာနကို ဆက်ခံသည့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ/ OCMSA) က အဓိက လုပ်ဆောင်သည်။ စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။ စစ်ကြောရေး ပြုလုပ်နေစဉ် အကျဉ်းသား သေဆုံးသည်ကိုပင် ဂရုမစိုက်ဘဲ စစ်မေးကြသည်။ စရခ၏ ညှဉ်းပန်းနှိပ်စက်နည်းများတွင် ဆူပွက်နေသောအရည် သို့မဟုတ် ဓာတုဆေးရည်များကို စစ်မေးခံရသူ၏ ပါးစပ်မှ ဝမ်းဗိုက်အတွင်းသို့ လောင်းထည့်ခြင်းနှင့်…

  • ပထမဆုံး LGBTတပ်ချုပ်လား?

    ပထမဆုံး LGBTတပ်ချုပ်လား?

    ရဲဝင်းဦးကိစ္စက မအလယုံတာသိပေမယ့် သူက တိုင်းမှူးအပြီး စရဖညွှန်ချုပ်သာလုပ်လို့ ဘယ်သူကမှ ဒီရာထူးပေးမယ်လို့ မထင်ထားပါဘူး။ သူက လူသတ်တာ၊ ဘောမတာကလွဲလို့ စစ်ရေးအတွေ့အကြုံမရှိပါဘူး။ ဒီရာထူးကို ပေးလို့ရပေမယ့် စစ်မနိုင်နိုင်ပါဘူး။ ဒါကြောင့် မအလက စစ်တိုက်နိုင်သူထက် အမိန့်နာခံသူကိုရွေးတာ ထင်ရှားနေပါတယ်။ နောက်သူက အရက်သမား၊ နှစ်ဖက်ချွန် အမျိုးသမီးငယ်တွေရော လိင်တူပါဆက်ဆံသူပါ။ သူ့ ယခင် ဧရာဝတီတိုင်းထဲက PSO ကောင်လေးနဲ့ ဖြစ်နေတာပါ။ ထူးခြားတာက တရုတ်သမ္မတကို မိတ်ဆက်စဉ်က အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်က ကျော်စွာလင်းဖြစ်ပြီး အားလုံးရှေ့မှာ မိတ်ဆက်ထားတာပါ။ ကျော်စွာလင်းလဲ ရဲဝင်းဦးကို တပ်ချုပ်ပေးရလောက်အောင် ဘာတွေ ဖြစ်ခဲ့လဲ ယခုအထိတော့ မသိသေးပါ။ သိတာက ကျော်စွာလင်းက တပ်ချုပ်ပါ။ ဘာပဲပြောပြော စိန်လွင်ကို သမ္မတပေးလိုက်သလိုပါဘဲ။ တိုင်းပြည်ရော တပ်ပါ ကောင်းဖို့မရှိဘဲ ပြည်သူက…

  • နဂါးပူးကိစ္စ ခံဝန်ကတိထိုး..

    နဂါးပူးကိစ္စ ခံဝန်ကတိထိုး..

    ပဲခူးတိုင်း ကဝမြို့နယ် နဂါးပူးကိစ္စ ခံဝန်ကတိထိုး.. ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကသစ်ပင်အုပ်စု တဲစုကျေးရွာ တဲစုကျောင်းအတွင်း တည်ထားကိုးကွယ်ပူဇော်အပ်သော နဂါးရုံဘုရား ဘုရားဖွင့်ပွဲတွင် နဂါးရုံဘုရားပေါ်တွင် နဂါးပူးသည့် အမျိူးသမီး သုံးဦးနှင့်ပတ်သက် 27-2-2026 တွင် ကဝမြို့နယ် သံဃနာယကရုံးတွင် ဓမ္မစက် အာဏာစက် သက်ဆိုင်သူများ ရှေ့မှောက်ဝယ် သက်ဆိုင်ပါဝင်သူများအားလုံးအား သြဝါဒခံယူစေ ပြီး ခံဝန်ကတိထိုးစေခဲ့ဟု ကဝ မြို့နယ် သံဃနာယကရုံးမှ သတင်းရရှိ။ အာဏာစက်ဘက်က ပြတ်ပြတ်သားသား မကိုင်တွယ်သရွေ့ ဓမ္မစက်ဘက်ကတော့ ကြီးသောအမှု ငယ်စေ ငယ်သောအမှု ပပျောက်စေ မဖြစ်သေးသောအမှု မဖြစ်ပေါ်စေဆိုတဲ့ ငဲ့ငြှာစိတ်ထား ကိန်းဝပ်လို့သာ ခွင့်လွတ်စမြဲပါပေ။ မှတ်ချက်။ တစ်ချို့ ခွင့်လွှတ်လို့ မသင့်လျှင်တော့…. ခွင့်မလွှတ်သင့်ချေ.. မစိုးရိမ်ဖေးမလက်တွဲ

  • CEIR တို့၊ IMEI တို့ ဆိုတာ ဘာတွေလဲ ဒီကနေ ဘယ်လို ရှောင်တိမ်းနိုင်မလဲ

    CEIR တို့၊ IMEI တို့ ဆိုတာ ဘာတွေလဲ ဒီကနေ ဘယ်လို ရှောင်တိမ်းနိုင်မလဲ

    အာဏာသိမ်းစစ်တပ်က ခု ထုတ်ပြန်တဲ့ ဖုန်းတွေကို မှတ်ပုံတင်ရမဲ့ ကိစ္စက အာဏာရှင်တွေအတွက် အသစ်မဟုတ်ပါ။ သူ့မိတ်ဆွေကြီးတွေဖြစ်တဲ့ အီရန်၊ မြောက်ကိုရီးယားနဲ့ ဘီလာရုစ်တို့က ဒီစနစ်ကို ကျင့်သုံးနေပြီးသား ဖြစ်ပါတယ်။ ခု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်တဲ့ Central Equipment Identity Register – CEIR ဆိုတာ ဘယ်ဖုန်းမှာမဆို ပါဝင်တဲ့ IMEI (International Mobile Equipment Identity) နံပါတ်တွေကို စနစ်တကျ စုဆောင်းမဲ့ အစီအစဉ်လို့ ကျနော် မြင်ပါတယ်။ ❍ ကျနော်တို့ သုံးနေတဲ့ ဘယ်ဖုန်းမှာမဆို IMEI နံပါတ်ဆိုတာ ရှိပါတယ်။ ဂဏန်း ၁၅ လုံး ပါပါတယ်။ သိစရာလည်း မလိုသလို အလွတ် ရထားစရာလည်း မလိုပါ။ ဒါက…