Author: Baby Yit Lone
-

မြန်မာနယ်စပ်ပိတ်မှုကြောင့် ဘတ် ဘီလီယံနှင့်ချီတန်ဖိုးရှိသည့် ထိုင်းပို့ကုန်များ ထိခိုက်
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ကို မြန်မာစစ်ကော်မရှင်က ရုတ်တရက်ပိတ်လိုက်ခြင်း ကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ပို့ကုန်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ပြင်း ထန်သော အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ ကုန်သွယ်မှု၀င်ငွေများကို ထိန်းချုပ်ရန်ရည်ရွယ်သည့် တံတားပိတ်မှုသည် ကြီးမားသော ကုန်စည်စီးဆင်း မှုကို ရပ်တန့်သွားစေပြီး ခန့်မှန်းခြေ ဘတ် ၁၃၀ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်မှုကို ခြိမ်းခြောက် လျက်ရှိ သည်။ ဩဂုတ်လ ၁၈ ရက်တွင် နယ်စပ်ဂိတ်များမှ မော်တော်ယာဉ်ကြီးများနှင့် ကုန်စည်များအားလုံးကို ကရင် ပြည်နယ်၊ မြဝတီမြို့မှ တာဝန်ရှိသူများက မမျှော်လင့်ဘဲ ဖြတ်သန်းခွင့် ပိတ်လိုက်သည်။ မဲဆောက်ရှိ အကောက်ခွန်အရာရှိများအပါအဝင် ထိုင်းအာဏာပိုင်များအား ကြိုတင်သတိပေးမှုတစုံတရာ မရှိဘဲ ပိတ်လိုက်ခြင်းဖြစ်သည်။ သတင်းများအရ ယင်းအမိန့်သည် နေပြည်တော်မှလာခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအမြတ်အစွန်းများ ကို စစ်ကော်မရှင်က ပြန်လည်ရယူနိုင်ရန် ရည်ရွယ်သည့်…
-

မိုးကုတ်၊ ကျပ်ပြင်ဈေးအနီးကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၁ ဦး ဒဏ်ရာရ
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ဒေါ်နန်းကြည်တောင်အောက်ဘက်ရှိ ကျပ်ပြင်ဈေးအနီးကို စစ်တပ်က သြဂုတ် ၁၈ ရက် ညနေ ၃ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျပ်ပြင်ရပ်ကွက်မှာ နေထိုင်နေသူတယောက်က “ကျပ်ပြင်ဈေးနားကို ဗုံးကျသွားတယ်။ မြေကွက်လပ် ဆိုတော့ လူထိခိုက်မှုမရှိဘူး။ ဘေးနားက အိမ်တွေတော့ အစတွေ စင်တယ်။ ဗုံးစတွေတော့ အဝေးကြီးထိ လွင့်လာတယ်”လို့ ပြောပါတယ်။ ဗုံးဒဏ်ကြောင့် အနီးနားရှိ လူနေအိမ်နဲ့ ဆောက်အအုံတချို့ဗုံးစထိမှန်ခဲ့ပြီး လူတယောက် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က ဇူလိုင်လကနေ သြဂုတ်လအတွင်း ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၆၀ ကျော် ထိခိုက် သေဆုံးခဲ့ပါတယ်။q
-

ကြံ့ခိုင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသူ ၂ ဦး စစ်သင်တန်း တက်နေရ
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် ဇူလိုင် ၁၁ ရက် ညပိုင်းမှာ သံသယနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ယောက် စစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီး စစ်သင်တန်း တက်နေရတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ မြို့ခံတွေက ပြောပါတယ်။ စစ်မှုထမ်း အပတ်စဉ် ၁၆ သင်တန်းတက်နေတဲ့ အဆိုပါ လူငယ် ၂ ယောက်ဟာ မြောက်ဥက္ကလာ၊ တံတားကြီးရပ်ကွက်နေ ကိုအောင်ကိုနဲ့ ကိုကောင်းစည်သူတို့ ဖြစ်ပါတယ်။ လူငယ် ၂ ယောက်ဟာ ဖမ်းဆီးခံရချိန်က မြို့နယ်ရဲစခန်းမှာ မိဘတွေနဲ့ တကြိမ်သာ တွေ့ဆုံခွင့်ရပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားတာလို့ သိရပါတယ်။ မြို့ခံတယောက်က “သူငယ်ချင်းနှစ်ယောက်စလုံး ပါသွားတာ။ မြောက်ဥက္ကလာရဲ မေးတော့လည်း မသိဘူး။ မင်္ဂလာဒုံသွားမေးလည်း မသိဘူး။ အချုပ်တွေရော ထောင်ကြီးပါ ရောက်ပြီးပြီ၊…
-

အမေစုကို နိုင်ချင်လို့ အိမ်ကမွေးထားတဲ့ခွေးကို “စုကြည်”လို့ နာမည်ပေးခဲ့တယ်ဆိုတဲ့ ဘူးလက် (ရုပ်သံ)
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်လို၍ ၄င်းမွေးခဲ့သည့်ခွေးကို”စုကြည်”ဟု နာမည်ပေးခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဘူးလက်လှဆွေပြော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ရချင်သည့်အတွက် ၄င်းမွေးခဲ့သည့် ခွေးမလေးကို “စုကြည်”ဟု နာမည်ပေးခဲ့ကြောင်း ထင်ရှားသောကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဘူးလက်လှဆွေက သူ၏လူမှုကွန်ရက်မှတဆင့် ပြောဆိုသည်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေခေတ်မှစ၍ လက်ရှိ ဗိုလ်မင်းအောင်လှိုင်ကာလအထိ စစ်အာဏာရှင် အသိုင်းအ၀ိုင်း တစ်ခုလုံးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အောင်ဆန်းဟူသည့်အမည်ကိုဖြုတ်၍ “စုကြည်”ဟု နိမ့်ချခေါ်ဆိုလေ့ရှိသည်။ ရုပ်သံ – Bullet Hla Swe
-

စစ်တပ်နှင့် နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD က မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ခဲ့ဟု မင်းအောင်လှိုင်ပြော
စစ်တပ်နှင့် နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD က မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ခဲ့ဟု မင်းအောင်လှိုင်ပြော စစ်တပ်က အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်ကာကွယ်မည် စစ်တပ်နှင့်နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုမှုကြောင့် NLD ပါတီက မသမာမှုလုပ်ဆောင်ခဲ့ပြီး စစ်တပ်၏ နိုင်ငံရေးတွင် အချက်အချာကျမှုကို ပယ်ဖျက်ရန် အမုန်းတရားဖြင့် လုပ်ဆောင်ခဲ့ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။ ယမန်နေ့ မကွေးမြို့၊ မကွေးတပ်နယ်တွင် ပြုလုပ်သော စစ်တပ်အသိုင်းအ၀ိုင်းနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ စစ်တပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်ကို ဝင်ရောက် ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်တပ်နှင့်နိုင်ငံရေးအရ လက်တွဲ မလုပ်ကိုင်လိုသည့် အတိုက်အခံပါတီများအနေဖြင့်…