Author: Baby Yit Lone

  • ကိုရီးယား- မြန်မာ ချစ်ကြည်ရေးတံတား ဒလတိုးဂိတ်တွင် YBS ယာဥ်ကြမ်းခင်းကျွံပြီး ကားပေါ်မှ ပြုတ်ကျသည့်ငါးနှစ်အရွယ် ကလေးငယ် ဘီးဖြင့်ကြိတ်မိကာ သေဆုံး

    ကိုရီးယား- မြန်မာ ချစ်ကြည်ရေးတံတား ဒလတိုးဂိတ်တွင် YBS ယာဥ်ကြမ်းခင်းကျွံပြီး ကားပေါ်မှ ပြုတ်ကျသည့်ငါးနှစ်အရွယ် ကလေးငယ် ဘီးဖြင့်ကြိတ်မိကာ သေဆုံး

    ကိုရီးယား- မြန်မာ ချစ်ကြည်ရေးတံတား ဒလတိုးဂိတ်တွင် YBS ယာဥ်ကြမ်းခင်းကျွံပြီး ကားပေါ်မှ ပြုတ်ကျသည့် ငါးနှစ်အရွယ် ကလေးငယ် ကားဘီးဖြင့်ကြိတ်မိကာ သေဆုံးခဲ့သည်ဟု ကြီးလေးကြီးလူမှုကူညီရေးအသင်းထံမှ သိရသည်။ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီခန့်က ဒလမြို့နယ်တွင် နေထိုင်သည့် ကလေးငယ်မှာ ဝါဖြေရန် ရန်ကုန်မြို့ဘက်သို့ အဒေါ်ဖြစ်သူနှင့်အတူထွက်လာပြီး မုန့်ဝယ်ကာ ဒလမြို့သို့အပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ” ကလေးက အဒေါ်နဲ့အတူလာတာ။ အပြန်မှာ တံတားဘက်ကနေ ကားစီးပြီးပြန်ချင်တယ်ပြောလို့ အဒေါ်နဲ့အတူ ကားစီးလာတာ။ တိုးဂိတ်ကို ရောက်တော့ Slow down ကို ဖြတ်တော့ ကားကခုန်လိုက်တဲ့အချိန် ကြမ်းခင်းကျွံပြီး အောက်ကို ရောက်သွားတာ။ အဒေါ်ဖြစ်တဲ့သူကလည်း လှမ်းဆွဲလိုက်ပေမယ့် မမှီဘူး။ နောက်ဘီးနဲ့ ကြိတ်မိတာပေါ့။ ကျွန်တော်တို့ကလည်း အဲ့ဒီဘက်ကိုသွားရင်းနဲ့တွေ့တော့ ကူညီလိုက်ရတာ။…

  • စစ်ကိုင်းမြို့က ထက်ကိုယ်ပိုင်ကျောင်း ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသား ၁၆၁ ယောက်ကို စာမေးပွဲဖြေခွင့်မပြုဘဲ ပြန်လွှတ်

    စစ်ကိုင်းမြို့က ထက်ကိုယ်ပိုင်ကျောင်း ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသား ၁၆၁ ယောက်ကို စာမေးပွဲဖြေခွင့်မပြုဘဲ ပြန်လွှတ်

    ဒီက​နေ့​ ​ဖေ​ဖော်ဝါရီ ၂၃ ရက်မှာ စတင်​ဖြေဆို​နေတဲ့ အတန်းတင်စာ​မေးပွဲမှာ စစ်ကိုင်းမြို့ ၊ ထက်ကိုယ်ပိုင်အထက်တန်းကျောင်းက ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသားကျောင်းသူ ၁၆၁ ယောက်ကို သက်ဆိုင်ရာ စာဖြေဌာနက စာမေးပွဲဖြေဆိုခွင့် မပြုဘဲ ပြန်လွှတ်လိုက်တာ​ကြောင့် က​လေး​တွေ နစ်နာရတယ်လို့ ထက်ကိုယ်ပိုင်​ကျောင်း ကျောင်းအုပ်ကြီးဆီက သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ G5 ကျောင်းသူကျောင်းသား ၇၂ ယောက်နဲ့ G9 ကျောင်းသူကျောင်းသား ၈၉ ယောက်ဟာ စာမေးပွဲဖြေဆိုဖို့အတွက် သက်ဆိုင်ရာ စာ​ဖြေဌာနကို သွားရောက်ချိန်မှာ ဖြေဆိုခွင့်မပြုကြောင်းပြောဆိုခဲ့တာ ​ဖြစ်တယ်လို့ သိရပါတယ်။ ” ကျောင်းကို နှစ်သုတ်တက်ဆိုပြီး ဖွင့်ခဲ့တယ်။အဲဒါကို စာနဲ့မဟုတ်ဘဲ ပါးစပ်နဲ့ ၈…

  • မလေးရှားကမ်းလွန်တွင် ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်

    မလေးရှားကမ်းလွန်တွင် ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်

    မလေးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရှိ ဆာဘားပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့အစောပိုင်းမှာ ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ထုတ်ပြန်ပါတယ်။ ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၁၂ နာရီ ၅၇ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြည်နယ်မြို့တော် ကိုတာကီနာဘာလူမြို့ရဲ့ အရှေ့မြောက်ဘက် ၆၂ မိုင် အကွာကို ဗဟိုပြုခဲ့လှုပ်ခတ်ခဲ့ကာ မြေအောက်အနက် ၃၈၅ မိုင်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဟာ အလွန်နက်ရှိုင်းတဲ့နေရာမှာ လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှု ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ USGS က သတ်မှတ်ထားပြီး ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ မလေးရှား…

  • ချယ်ရီထက်တောင် ပြန်လွှတ်ပေးဖို့ မင်းအောင်လှိုင် ကြောက်နေတယ်

    ချယ်ရီထက်တောင် ပြန်လွှတ်ပေးဖို့ မင်းအောင်လှိုင် ကြောက်နေတယ်

    စစ်ကောင်စီဘက်က အပိုင်းပိုင်းပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအလွန်တွင် NLD ပါတီ ခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလာမလားဆိုသည့် မျှော်လင့်မှုများ ရှိလာခဲ့သည်။ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ပြီး စုစုပေါင်းအမှု ၁၉ မှုဖြင့် တရားစွဲကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့် ပေးသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” အနေဖြင့် အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့သဖြင့် ကျန်သည့် ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရဆဲ…

  • ရေးမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်

    ရေးမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်

    ရေးမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ဗိုလ်လေးဝင်းစိုး အပါအဝင် ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦး သေဆုံး မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ ဗိုလ်လေးဝင်းစိုး အပါအဝင် ၄ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိကာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ…