Author: Baby Yit Lone

  • ခုခေတ် ဘုန်းကြီးကျောင်း‌က တည်းခိုခန်းဖြစ်နေပြီလား🤔

    ခုခေတ် ဘုန်းကြီးကျောင်း‌က တည်းခိုခန်းဖြစ်နေပြီလား🤔

    ဘုန်းကြီးကျောင်းထဲမှာ မူစကူဒူး ဖောင်းဒိုင်းနေတုန်း ကျောင်းထိုင်းဆရာတော်နဲ့မိပြီး ချက်ချင်း ဆရာတော်က အပြင် ထွက်ခိုင်းလိုက်ပါတယ်။ ဆရာတော်အား အမျိုးသမီးမှ Video မရိုက်ပါနဲ့ ငွေပေးပ့ါမယ် ပြောပြီး တောင်းပန်တယ်။ ဒါကို ဆရာတော်က ဗုဒ္ဓဘာသာတို့ တန်ဖိုးထားတဲ့ ရဟန်းခံ သိမ်ထဲမှာ ဒီလောက် လွန်လွန်ကျူးကျူး ဖောင်းဒိုင်းတဲ့ ကိစ္စ လက်မခံကြောင်း ငွေပေးလို့ မရကြောင်း ပြောနေစဉ် အမျိုးသားက ဆိုင်ကယ်နဲ့ အမြန်ထွက်ပြေးသွားကြတယ်။

  • ပျောက်ဆုံးနေသည့် အမျိုးသမီးအကြောင်း ရဲစခန်းသွားတိုင်ကြားချိန် အလောင်းဖျောက် မီးသင်္ဂြိုလ်ပြီးနေ

    ပျောက်ဆုံးနေသည့် အမျိုးသမီးအကြောင်း ရဲစခန်းသွားတိုင်ကြားချိန် အလောင်းဖျောက် မီးသင်္ဂြိုလ်ပြီးနေ

    ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး ရက်အတော်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် မိသားစုမှ ရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်တိုင်ကြားချိန်မှ ၎င်းအမျိုးသမီးအလောင်း မီးသင်္ဂြိုလ်ပြီးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ ရက်) တွင် တာချီလိတ်မြို့ (Sky Club 1688 KTV) မှ အပြန်တွင် ပျောက်ဆုံးသွားခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သည့် ဆွေမျိုးတစ်ဉီးက ပြောသည်။ “1688 KTV မှာ သွားလည်ပြီး ပျောက်သွားတာ။ လူများတွေ နောက်ဆုံးတွေ့တာတော့ ဗိုလ်ကြီးတစ်ယောက်နဲ့ ထွက်သွားတယ် ပြောတယ်။ သေချာလားဆိုတာတော့ မပြောတတ်ဘူး”ဟု ဆွေမျိုးနီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသမီး ပျောက်ဆုံးသွားပြီးနောက် ၃ ရက်အကြာ (ဖေဖော်ဝါရီလ…

  • ဗုံးခိုကျင်းထဲက အာရှသူရဲကောင်း

    ဗုံးခိုကျင်းထဲက အာရှသူရဲကောင်း

    အဲဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ရောက်ဖို့ ၃ ရက်အလို ဖေဖော်ဝါရီ ၁၀ ရက်နေ့ပါ။ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကြားကာလပညာသင်ကျောင်းလေးထဲမှာ ဆရာမတွေနဲ့ ကလေးတွေဟာစာသင်ခန်းတစ်ခန်းထဲမှာ စုဝေးနေကြတယ်။မကြာခင် ကျရောက်တော့မယ့် ဗိုလ်ချုပ်မွေးနေ့မှာဂုဏ်ပြုဖို့ “အောင်ဆန်းဇာနည်”ကဗျာနဲ့ “အာရှသူရဲကောင်း”သီချင်းကို ဆရာမတွေက ကလေးတွေအားလုံးကို သင်ပေးနေကြတာပါ။ အဲဒီအချိန် အခန်းထောင့်က ခြင်းလေးထဲမှာထားထားတဲ့ စကားပြောစက် အိုင်ကွန်က တဂျစ်ဂျစ်မြည်လာတယ်။ “ပါရာမော်တာတစ်စီး တက်လာပါတယ်”တဲ့။ ပါရာမော်တာ(စက်တပ်လေထီး) တက်လာတယ်လို့ အိုင်ကွန်ထဲကနေ ကြားလိုက်ရတာနဲ့တပြိုင်နက် ကလေးတွေကို ဗုံးခိုကျင်းထဲ ဝင်ခိုင်းခဲ့ကြတယ်။ပါရာမော်တာဟာရွာရဲ့တောင်ဘက်ခပ်ဝေးဝေးရှိတောနေရာကိုဗုံးသီးလေးလုံးကျဲချသွားတယ်တဲ့။ ပါရာမော်တာပြန်သွားပြီလို့ ကြေညာတာနဲ့ ကလေးတွေကို အတန်းထဲကို ပြန်ဝင်ခိုင်းခဲ့ကြတယ်။ ကလေးတွေကတော့ ကြောက်စိတ်တွေ စဝင်လာခဲ့ပြီ။ “ကျွန်မတို့လည်း တိုက်ပွဲမဖြစ်ဘဲ ထက်ပြီး ဖိုက်တာလာမယ် မထင်ထားလို့ ကလေးတွေကို အိမ်ပြန်မလွှတ်မိပါဘူး။”လို့ အဲဒီကျောင်းက ဆရာမဒေါ်ဖြူဖြူ(အမည်လွှဲ)က ပြောပါတယ်။ ဆရာမတို့ရွာတွေက ရွာအခြေအနေအရ…

  • တရုတ်မှာ မီးရှူးမီးပန်းဆိုင် ပေါက်ကွဲမှုကြောင့် ၁၂ ဦးသေ

    တရုတ်မှာ မီးရှူးမီးပန်းဆိုင် ပေါက်ကွဲမှုကြောင့် ၁၂ ဦးသေ

    တရုတ်နိုင်ငံက မီးရှူးမီးပန်း အရောင်းဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ပါတယ်။ တရုတ် နှစ်သစ်ကူးကာလ၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့တုန်းက တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူပေပြည်နယ်၊ ကျန့်ကျီမြို့က မီးရှူးမီးပန်းနဲ့ ဗြောက်အိုးတွေ ရောင်းချတဲ့ဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ တရုတ် နှစ်သစ်ကူး ကာလမှာတော့ တစ်နိုင်ငံလုံးမှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုကြတာက အစဉ်အလာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဘေဂျင်းအပါအဝင် မြို့ကြီး တော်တော်များများမှာတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အဲဒီလို မီးရှူးမီးပန်း ဖောက်မှုတွေကို ဥပဒေနဲ့ စတင် တားမြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မြို့ငယ်တွေနဲ့ ကျေးလက်ဒေသတွေမှာတော့ နှစ်သစ်ကူးကာလမှာ မီးရှူးမီးပန်းနဲ့ ဗြောက်အိုးဖောက်တဲ့ အသံတွေ၊ ရှူးဒိုင်းပစ်လွှတ်သံတွေ ဆူညံနေကြဆဲပါ။ ကျန့်ကျီမြို့က မီးရှူးမီးပန်း…

  • နိုင်ကျဉ်း သမ္မတ ဦးဝင်းမြင့်ကို သရော်သည့် ‘ဇင်းမယ်သံချပ်’ ဝေဖန်မှု မြင့်တက်

    နိုင်ကျဉ်း သမ္မတ ဦးဝင်းမြင့်ကို သရော်သည့် ‘ဇင်းမယ်သံချပ်’ ဝေဖန်မှု မြင့်တက်

    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် မြန်မာလူငယ်များ၏ ‘ဇင်းမယ်သံချပ်’ အဖွဲ့က သံချပ်ထိုးရာတွင် အကျဉ်းကျနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား စစ်အာဏာသိမ်းခေါင်းဆောင်နှင့် တန်းတူထားကာ လှောင်ပြောင်သရော်ခဲ့မှုအပေါ် လူထုနှင့် တော်လှန်ရေးအင်အားစုများအကြား ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများ ပေါ်ထွက်နေသည်။ အဆိုပါသံချပ်ကို စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် လှုပ်ရှားမှုအဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် DVB TV News က ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ သံချပ်စာသားတွင် “မင်းအောင်လှိုင်နဲ့ နယ်ဓားပြ၊ ဒူဝါလရှီးလ၊ ဦးဝင်းမြင့်ပါ ပေါင်းထည့်ရင် လေးယောက်ဖြစ်ပြီရှင်။ သမ္မတကြီး လေးယောက်တွဲ တိုင်းပြည်ချောက်ထဲလဲ” ဟူ၍ ပါရှိခြင်းက ဝေဖန်မှုများ၏ အဓိက အချက်အချာ ဖြစ်လာခဲ့သည်။ ယင်းလုပ်ရပ်နှင့် ပတ်သက်၍ ‘ထောင်ဝင်စာပို့ကြမယ်အဖွဲ့’ က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏…