Author: Baby Yit Lone
-

သားအရင်းကိုပင် ပွဲစားလုပ်၍ ရောင်းစားခဲ့
မိခင်အရင်းကိုယ်တိုင် ပွဲစားလုပ်ပြီး သားဖြစ်သူကို ရောင်းစားတဲ့ အဓမ္မစစ်မှုထမ်းသတင်း “မိခင်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲ…? ကိုယ့်သားသမီးကို ကာကွယ်စောင့်ရှောက်ဖို့လား၊ ဒါမှမဟုတ် အကျိုးအမြတ်အတွက် ရောင်းစားဖို့လား…? ဒီဗီဒီယိုထဲမှာတော့ စစ်မှုထမ်းရန်အတွက် အခြားလူငယ်များကို အဓမ္မစုဆောင်းရောင်းစားရုံသာမက၊ မိမိ၏ သားအရင်းကိုပင် ပွဲစားလုပ်၍ ရောင်းစားခဲ့သည့် ဖြစ်ရပ်တစ်ခုကို ကြားသိရမည်ဖြစ်သည်။ သေသေချာချာ နားထောင်ပါ။ နားထောင်ပြီး ဆင်ခြင်ပါ။ မိမိနှင့် မိမိပတ်ဝန်းကျင်မှ လူငယ်များ မထိခိုက်စေရန် မျှဝေပေးကြပါ။ 🎥 ဗီဒီယိုအဆုံးထိ ကြည့်ရှုပြီး အမှန်တရားကို သိရှိနိုင်ရန် ကူညီမျှဝေပေးကြပါ။ UNYI-MP Video -လူမှုကွန်ရက်
-

ဒီးမော့ဆိုမှာ စာသင်နေတဲ့ကလေးငယ်တွေ ပုန်းခိုတဲ့ နေရာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ် ၂ ဦး သေဆုံး
ဒီးမော့ဆိုမှာ စာသင်နေတဲ့ကလေးငယ်တွေ ပုန်းခိုတဲ့ နေရာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ် ၂ ဦး သေဆုံး ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရှောင်ကူညီနေသူတချို့က ပြောပါတယ်။ ဒီကနေ့ဇွန်လ၂၄ရက် နေ့လယ်ပိုင်းက ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့အနီးက လီဝိုးရွာကို ပစ်မှတ်ထားပြီး စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “မူကြိုကျောင်းမှာ ဒရုန်းဝဲလို့ ကလေးတွေက ဒရုန်းချတယ်ဆိုပြီး ပြေးပုန်းနေတာ။ပြေးပုန်းတဲ့ နေရာကို ထပ်ချတာ။ သစ်ပင်ထိပြီး ကလေးတွေကို ထိတာ။ ကလေး ၂ယောက်ထိတယ်။ ၁ယောက်က အဲနေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်”လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။ ကလေးငယ်တွေဟာ (၁၀)နှစ် ၀န်းကျင်သာရှိသေးပြီး ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ ဗုံးစ ထိမှန်ခဲ့ကြရတယ်လို့ သိရပါတယ်။…
-

၉ နှစ်လက်တွဲခဲ့တဲ့ နိုင်ငံခြားသားချစ်သူရဲ့ လျှို့ဝှက်ရိုက်ကူးထားတဲ့ တူနှစ်ကိုယ်ပုံနဲ့ ဗွီဒီယိုတွေ လိုင်းပေါ်တင်ခံခဲ့ရတဲ့ ချင်းရိုင်အမျိုးသမီး
၉ နှစ်လက်တွဲခဲ့တဲ့ နိုင်ငံခြားသားချစ်သူရဲ့ လျှို့ဝှက်ရိုက်ကူးထားတဲ့ တူနှစ်ကိုယ်ပုံနဲ့ ဗွီဒီယိုတွေ လိုင်းပေါ်တင်ခံခဲ့ရတဲ့ ချင်းရိုင်အမျိုးသမီး ဒီသတင်းဖတ်ရတော့ ခေတ်ကြီးက တကယ် ကြောက်ဖို့ကောင်းလာပြီလို့ပဲ တွေးမိတယ်။ ချင်းရိုင်က အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ အသက် ၇၅ နှစ်ကျော်အရွယ် နယူးဇီလန်နိုင်ငံသားနဲ့ ၉ နှစ်ကျော် အတူနေခဲ့ပါတယ်။ အသက်အရွယ်ကြည့်ပြန်တော့လည်း “အေးအေးချမ်းချမ်း လက်ဖက်ရည်လေးသောက်၊ ပန်းလေးစိုက်၊ လမ်းလေးလျှောက်” အရွယ်တွေပေါ့။ အစပိုင်းမှာတော့ အားလုံး ပုံမှန်ပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ ထူးထူးဆန်းဆန်း ဖုန်းခေါ်တာတွေ၊ မက်ဆေ့ချ်ပို့တာတွေ ရောက်လာတယ်လို့ ဆိုပါတယ်။ တချို့က တွေ့ချင်တယ်၊ တချို့က Video Call ပြောချင်တယ်၊ တချို့ကတော့ ဝန်ဆောင်မှုအကြောင်း မေးလာကြတာပါ။ အစမှာတော့ ဘာဖြစ်မှန်း နားမလည်ဘူး။ နောက်မှ စုံစမ်းကြည့်လိုက်တော့…
-

ကယ်ရီသမားအား ဓါးဖြင့်ထိုးကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွား
မင်္ဂလာဒုံ၌ ကယ်ရီသမားအား ဓားဖြင့်ထိုးပြီးဆို င်ကယ်လုယက်မှုဖြစ်ပွား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာ ဇွန်လ ၂၄ ရက်၊ ည ၇ နာရီခွဲအချိန်လောက်က ဆိုင်ကယ် ကယ်ရီမောင်းသူ အမျိုးသားကို ဆိုင်ကယ် ကယ်ရီ ဌားစီးလာသူ အမျိုးသားနှစ်ယောက်က ဓားနဲ့ ထိုးပြီး ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့က ကိုထင်လင်းအောင်က ပြောပါတယ်။ အခင်းဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲကနေ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စုကို ဆိုင်ကယ် ကယ်ရီလိုက်ပို့စဉ် ကျောင်းကြီး ၄ လမ်းအရောက်မှာ နောက်ကနေ လိုက်ပါစီးနင်းလာသူ လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ယောက်က ဖိနပ်ကျကျန်ခဲ့တယ်ဆိုတာကြောင့် ဆိုင်ကယ် ကယ်ရီကို ရပ်ပေးစဉ် အတူလိုက်ပါလာသူ နောက်ထပ် အမျိုးသားတစ်ယောက်က ဆိုင်ကယ် ကယ်ရီမောင်းသူကို ဓားနဲ့ ထိုးခဲ့ တာဖြစ်တယ်လို့…
-

ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုတိုက်ပွဲက လူအများရဲ့အာရုံကို ဖမ်းစားထား
ပုံမှန်အားဖြင့်တော့ ရွှေဖိနပ်ဆုလုပွဲက ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ကွယ်က အစိတ်အပိုင်းတခုမျှသာ ဖြစ်လေ့ရှိတာပါ။ ဒါပေမဲ့ ၂၀၂၆ ပြိုင်ပွဲမှာတော့ ထိပ်တန်းတိုက်စစ်းသမားတွေရဲ့ အပြိုင်အဆိုင် ဂိုးသွင်းနှုန်းက အလွန်မြန်ဆန်လွန်းတာကြောင့် အဓိက ပြောစမှတ်ပြုစရာ အကြောင်းအရာတွေထဲက တခု ဖြစ်လာခဲ့ပါပြီ။ အာဂျင်တီးနား စူပါစတား လီယွန်နယ် မက်ဆီက အမေရိကန်မြေမှာ နှစ်ပွဲကစား ငါးဂိုးအထိ သွင်းယူပြီးတဲ့နောက် ကမ္ဘာ့ဖလား ခြောက်ကြိမ်အတွင်း စုစုပေါင်း ၁၈ ဂိုးနဲ့ သွင်းဂိုးအများဆုံကစားသမားအဖြစ် စံချိန်ချိုးထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့နောက်မှာတော့ လေးဂိုးစီ သွင်းယူထားကြတဲ့ ကီလီယံ အမ်ဘာပေနဲ့ အာလင်း ဟာလန်းတို့က ကပ်လိုက်နေသလို၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဟာရီကိန်းတို့ကလည်း ဒီအားပြိုင်မှုထဲမှာ ပါဝင်နေပါတယ်။ ၁၉၅၈ ခုနှစ်တုန်းက ပြင်သစ်ရဲ့ ဂျပ်စ် ဖွန်တိန်း ကမ္ဘာ့ဖလား တကြိမ်တည်းမှာ…