Author: Baby Yit Lone
-

တရားရုံးထုတ်ပြီး ပြန်လာသည့် အချုပ်သား ၇ ဦး ထွက်ပြေး
မွန်ပြည်နယ်၊ သထုံမြို့မှာ စက်တင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းက တရားရုံးထုတ်ပြီး ပြန်လာတဲ့ အချုပ်သား ၇ ယောက် ထွက်ပြေးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ သထုံခရိုင်တရားရုံးမှာ မနေ့က ညနေပိုင်းက အမှုစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အချုပ်သားတွေကို ရဲအချုပ်ကားတစီးနဲ့ ဈေးမသွယ်ထောင်ကို ခေါ်ဆောင်သွားပြီးနောက် ထောင်အဝင်ဝအရောက်မှာ ထွက်ပြေးသွားကြတာလို့ ထောင်နဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။ “အဓိက လုံခြုံရေးအားနည်းတာကြောင့်ပေါ့။ ထောင်အရှေ့ ကားလည်းရပ်ရော ခုန်ဆင်းပြီး ထွက်ပြေးကြတာ။ ရဲက အင်အားနည်းတော့ ပြန်ခုခံမှာ ကြောက်လို့ထင်တယ်။ ပစ်ခတ်ဖမ်းဆီးတာ မတွေ့ရဘူး။” ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေမှာ ခိုးဆိုးလုယက်မှုအပါအဝင် လူသတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်ကြောင်းနဲ့ အချုပ်သား ၇ ယောက်အနက် ၃ ယောက်ကို ပြန်လည်ဖမ်းဆီးရမိထားကြောင်း မြို့ခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၁၆…
-
ရခိုင်မှာ စကမစစ်တပ် လုံးဝ အသံမထွက်နိုင်
၂၀၂၃၊ ၂၀၂၄ ခုနှစ်အတွင်း မြို့များစွာဆုံးရှုံး၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေသာမက တိုင်းစစ်ဌာနချုပ်တွေပါဆုံးရှုံး၊ ဒါတင်မက ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်ချုပ်တွေ သေသူသေ၊ အဖမ်းခံရသူခံရ ဖြစ်နေတဲ့အချိန်မှာ စစ်တပ် အသံမထွက်နိုင်ပါဘူး။ အခြေအနေလည်း အတော်ဆိုးသွားတာကိုး။ ဒါပေမဲ့ တရုတ်ရဲ့ အကူအညီတွေရပြီးနောက် ၂၀၂၅ ခုနှစ်အတွင်း နောင်ချို၊ မိုးဗြဲ၊ သပိတ်ကျင်းတို့ကို ပြန်သိမ်းနိုင်တဲ့အခါ လေသံနည်းနည်း ပြန်ကျယ်လာပါတယ်။ ဗန်းမော်ကို စစ်ကူသင်္ဘောတွေ ရောက်တဲ့အခါ၊ ဒေါနတောင်ကြောကို ကျော်နိုင်တဲ့အခါ၊ စစ်ကော်မရှင် (စကမ) ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ပြည်၊ ဘေဂျင်းက ပြန်လာတဲ့အခါ ပိုပြီးတော့ လေလုံးထွားလာပါတယ်။ ဇူလိုင်လအတွင်း နောင်ချိုကို သိမ်းပြီးတော့ ကျောက်မဲ၊ သီပေါကို မကြာခင် သိမ်းမယ်လို့ ကြွေးကြော်ပါတယ်။ သပိတ်ကျင်းကိုလည်း ဆက်ရသွားတော့ သပိတ်ကျင်းဘက်က တကြောင်း၊ နောင်ချို၊…
-

ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်း ၄၈၉ ဦး မင်းအောင်လှိုင် အမိန့်ဖြင့် ပြောင်းရွှေ့
ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်း ၄၈၉ ဦး မင်းအောင်လှိုင် အမိန့်ဖြင့် ပြောင်းရွှေ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်းအင်အား ၄၈၉ ဦး ပြောင်းရွှေ့ လာကြောင်း ကြံခိုင်ရေးပါတီ သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယခု စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး စစ်ရုံးနှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်အရာရှိကြီးအဆင့်မှ အရာရှိငယ်အဆင့်အထိ အရာရှိများ၊ အောက်ခြေအဆင့်တွင်မူ ရုံးအုပ်မှ တပ်ကြပ်ကြီးစာရေးအဆင့်များကိုပါ ကြံ့ဖွတ်ပါတီသို့ ပြောင်းရွှေ့ခိုင်းနေကြောင်း သိရှိရသည်။ စစ်တပ်မှ ဗိုလ်ချုပ်ကြီး ၁ ဦး ၊ ဒုဗိုလ်ချုပ်ကြီး ၆…
-

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကော်မရှင်၏ ကာကင်း စခန်းများသိမ်းဆည်းရမိထား စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေကြောင်း သိရသည်။ တော်လှန်ရေးပူးပေါင်းတပ်များသည် ယမန်နေ့ စက်တင်ဘာ ၁၅ရက်နေ့နံနက်ပိုင်းမှ စတင်ပြီး ဗန်းမောက်ရှိ စစ်ကော်မ ရှင်၏ ကာကင်း စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ”ဗန်းမောက်မြို့ထဲ အခြေအနေတော့ မသိရသေးဘူး။ ပိတ်မိနေသူထောင်ချီရှိပါတယ်။ နဂိုကတည်းက တော်လှန်ရေးတပ်တွေက မြို့ပြင်ဘက်မှာ နေရာယူထားတာရှိပါတယ်။ ရှမ်းနီတပ်က မြို့ထဲနဲ့ တခြားနေရာတွေကို စိုးမိုးထားတာပါ” ဟု ဗန်းမောက်ဒေသခံနှင့် အဆက်အသွယ်ရသူတစ်ဦးက ပြောသည်။ စစ်ကော်မရှင်သည် ၎င်းတို့၏ ကာကင်းစခန်းအချို့သိမ်းဆည်းခံရပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ကြောင်း…
-

ရက်ကန်းစင်တောင်ရှိ စစ်တပ် ယာယီတပ်စွဲထားသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်
ထားဝယ် အရှေ့တောဒေသ ရက်ကန်းစင်တောင်ရှိ စစ်တပ် ယာယီတပ်စွဲထားသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ ရက်ကန်းစင်တောင်ရှိ အကြမ်းဖက် စစ်တပ် ယာယီတပ်စွဲထားသော နေရာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ စက်တင်ဘာလ ၁၄ ရင်နေ့ ညနေပိုင်းမှ စတင်ပြီး ထားဝယ်မြို့နယ် အရှေ့တောဒေသ ပကာရီရွာရှိ ရက်ကန်းစင်တောင် ဘုန်းကြီးကျောင်းတွင် အင်အား ၁၀၀ ကျော်ဖြင့် ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုထိတွေ့ တိုက်ပွဲသည် စက်တင်ဘာလ ၁၅ ရက်နေ့ထိ…