Author: Baby Yit Lone

  • အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး  Happy Water သောက်ပြီး သေဆုံး

    အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး Happy Water သောက်ပြီး သေဆုံး

    ရှမ်းပြည် မိုင်းပန်မြို့နယ် လွိုင်နွဲ့ရွာရှိ KTV ဆိုင်တွင် အသက် ၁၆ အရွယ် မိန်းကလေးငယ်တစ်ဉီး Happy Water စိတ်ကြွဆေးရည် သောက်သုံးပြီးနောက် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်းသည် ၎င်းသူငယ်ချင်းနှင့်အတူ မိုင်းပန်မြို့နယ် လွိုင်နွဲ့ရွာရှိ KTV ဆိုင်သို့ သွားရောက်လည်ပတ်ပြီး Happy Water စိတ်ကြွဆေးရည်ကို သောက်သုံးရာ ရုတ်တရက်သေဆုံးသွားခဲ့ကြောင်း မိုင်းပန်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “သူငယ်ချင်းတွေနဲ့စုပြီး KTV သွားလည်ကြတာ၊ Happy Water သောက်ပြီးတော့ အဲ့သလို ရုတ်တရက်ဆုံးသွားတာပဲ။ အစတုန်းက ဆေးရုံကိုပို့လိုက်သေးတယ်၊ ဆေးရုံကလက်မခံတော့ အိမ်ကိုပြန်ခေါ်လာတာ” ဟု ၎င်းကပြောသည်။ “အပျော်လွန်တော့ အပျက်” ဆိုတဲ့ မြန်မာစကားပုံအတိုင်း ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်တစ်ခု…

  • မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

    မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

    ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ နှစ်ဖက်အငြင်းပွားပြီး၊ လားဟူပြည်သူ့စစ်ဘက်မှ စတင်ပစ်ခတ်ခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကိုသိရှိသူ ပုံပါကျင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ထိုပစ်ခတ်မှုကြောင့် ‘ဝ’ တပ်ဖွဲ့ဝင် (၃)​ ဦးသေဆုံးသည့်အထိဖြစ်ပွားကာ ၎င်းတို့၏ အလောင်းများကို နားကောင်းမူးဘက်သို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။ “အဲ့စစ်ဆေးရေးဂိတ်မှာ အငြင်းပွားရာကနေ လားဟူပြည်သူ့စစ်ဘက်က သေနတ်နဲ့ စပစ်တယ်လို့ သိရတယ်။ ‘ဝ’တပ်ဖွဲ့ဝင် အရာရှိလည်း သေတယ် ပြောတယ်၊ တချို့ကလည်း သုံးဦးလောက်သေတယ် ပြောတယ်။…

  • အရိုင်းဆန်လာတဲ့ စာသင်ခန်းများ

    အရိုင်းဆန်လာတဲ့ စာသင်ခန်းများ

    ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။ ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။ တစ်ဦးတည်းသော သား‌လေးကို ကျောင်းထားမိတာဟာ အန္တရာယ်စက်ကွင်းထဲကို ပို့မိနေပြီလားလို့ မကြာခဏတွေးနေမိတဲ့အထိ ကြီးစွာသော စိတ်ပူပန်မှုကို ဖြစ်စေပါတယ်။ ဇန်နဝါရီလဆန်းထဲမှာတော့ ငယ်ထိပ်မြွေပေါက်သလို ပြင်းတဲ့သတင်းဆိုးကကိုသက်နိုင်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။ ရန်ကုန်မြို့ကအထက်တန်းကျောင်းတစ်ကျောင်းမှာ တက်နေတဲ့ သားဖြစ်သူကို တခြားကျောင်းသားတွေက အုပ်စုဖွဲ့ရိုက်နှက်ခဲ့တာပါ။ တစ်ဦးတည်းသောသား အခုလို ရိုက်နှက်နှိက်စက်ခံရတဲ့ဖြစ်ရပ်က ကိုသက်နိုင်တို့ ဇနီးမောင်နှံကို…

  • ဆာနေကြသူများ

    ဆာနေကြသူများ

    အစများ၏ အစမှ စရမည်ဆိုလျင်တော့ မိုးဆွေ၏ ဒေါ်လေးဖြစ်သူ အန်တီမိုးက စရမည်ထင်သည်။ အန်တီမိုးက တစ်ခုလပ်မလေး ဖြစ်သည်။ သမီးလေး တယောက်ရှိသည်။ သမီးလေးပင် ဆယ်တန်းအောင်၍ တက္ကသိုလ်အဝေးသင် တက်နေပြီဖြစ်ရာ အန်တီမိုးအသက်မှာလည်း လေးဆယ်ပင် စွန်းနေပြီ ဖြစ်သည်။ အန်တီမိုးက နေ့ခင်းဘက်တွင် ရုံးသွားတတ်ပြီး ညကျလျင်တော့ သူတို့အား ဂိုက်သဘောမျိုး စာသင်ပေးတတ်သည်။ ညဂိုက်များမတိုင်မီလည်း အန်တီမိုးက အပြင်တွင် ဂိုက်လိုက်ပြသည်။ ထိုဂိုက်များပြီးမှ အိမ်ပြန်လာပြီး သူတို့အား စာသင်ပေးသည်။ သူတို့ဆိုသည့် ဂိုက်လိုက်သူများမှာ မိုးဆွေနှင့်အတူ မိုးဆွေ၏ အစ်မရူပါခင်၊ တင်ထွန်းနှင့် တင်ထွန်း၏ ညီမလေး နှင်းသူဇာခင်၊ တင်စိုး၊ ဇော်ထက်နှင့် မိန်းကလေး သုံးယောက်ပါသည်။ မိန်းကလေး သုံးယောက်မှာ အိမ်နီးချင်းမှ သင်းသင်းချို၊ မိုးမိုးဆောင်းနှင့် ပိုပိုခင်တို့ဖြစ်သည်။ အန်တီမိုးအား…

  • နေကြတ်ပြီး လကြတ်မယ် ထူးခြားဖြစ်စဉ်တွေ မပေါ့ဆနဲ့အထူးသတိထား..၂၀၂၆ ခုနှစ်အတွက် အထူးသတိပေးချက်

    နေကြတ်ပြီး လကြတ်မယ် ထူးခြားဖြစ်စဉ်တွေ မပေါ့ဆနဲ့အထူးသတိထား..၂၀၂၆ ခုနှစ်အတွက် အထူးသတိပေးချက်

    မိတ်ဆွေများခင်ဗျာ… လာမယ့် ၂၀၂၆ ခုနှစ်အတွင်းမှာ အလွန်ထူးခြားပြီး သတိထားရမယ့် နက္ခတ္တဗေဒဆိုင်ရာ ဖြစ်စဉ်ကြီး (၂) ခု ဆက်တိုက်ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။ ဒါကြောင့် ပြည်သူအပေါင်း ဘေးအန္တရာယ်ကင်းဝေးစေဖို့နဲ့ ကံကောင်းစေဖို့ ကျွန်တော် အထူးသတိပေး မျှဝေလိုက်ပါတယ်။ အဓိက သတိထားရမည့်ရက်များ 🌑 (၁) နေကြတ်မည့်နေ့ ၁၇ ဖေဖော်ဝါရီ၊ ၂၀၂၆ (အင်္ဂါနေ့) အချိန် – ညနေ ၅:၁၈:၂၄ (မြန်မာစံတော်ချိန်) 🌕 (၂) လကြတ်မည့်နေ့ ၃ မတ်၊ ၂၀၂၆ (အင်္ဂါနေ့) တပေါင်းလပြည့်ကျော် ၁ ရက် ဘာကြောင့် စိုးရိမ်ရသလဲ? တစ်လတည်းမှာတင် နေကြတ်ခြင်း၊ လကြတ်ခြင်း (၂) ခုလုံး ဆက်တိုက်ဖြစ်ပေါ်တာမျိုးကို ဗေဒင်အခေါ် ‘ဝိလောမ ကာလသပ္ပ’ ယောဂ…