Author: Baby Yit Lone
-

ခိုက်ရန် ဖြစ်ပွားသည့် မဲဆောက်ဈေးက မြန်မာဈေးသည်များအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီး
ခိုက်ရန် ဖြစ်ပွားသည့် မဲဆောက်ဈေးက မြန်မာဈေးသည်များအား ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီး မြန်မာနိုင်ငံ၊ မြဝတီမြို့ နယ်စပ်ရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့မဈေးတွင် မြန်မာဈေးသည်များ ယခုရက်ပိုင်းအတွင်း အချင်းချင်း ခိုက်ရန်ပွဲဖြစ်ပွားနောက် ထိုင်းအာဏာပိုင်များက မဲဆောက်ဈေးက မြန်မာဈေးသည်များအား ဝင်ရောက်ဖမ်းဆီးနေသည်။ မဲဆောက်ဈေးတွင် မြန်မာဈေးသည်များအချင်းချင်း ခိုက်ရန်ပွဲ အနည်းဆုံး ၄ ပွဲထက်မနည်း ဖြစ်ပွားခဲ့ပြီးနောက်မှာ ရဲ၊ လဝက၊ စည်ပင် စသည့် အဖွဲ့ပေါင်းစုံပါဝင်သော ထိုင်းအာဏာပိုင်များက ယနေ့ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ဖမ်းဆီးနေခြင်းဖြစ်သည်။ မြန်မာဈေးသည်များမှာ တုတ်၊ ဓါးများ ကိုင်ဆောင်၍ ခိုက်ရန်ပွဲဖြစ်ပွားခဲ့သလို ကိုယ်ထိလက်ရောက် ထိုးနှက်မှုများကိုလည်း ကျူးလွန်ခဲ့ကြကြောင်း မျက်မြင်များက ပြောဆိုသည်။ ထို့ကြောင့် ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးရာတွင် ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းနေသော မြန်မာဈေးသည်များအား ဖမ်းဆီးခြင်းနှင့်…
-

NUG ရဲ့ ရာဇသံ
NUG စိုးမိုးထိန်းချုပ်နယ်မြေများတွင် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေး ကောက်ပွဲ ဖိအားပေးလုပ် ဆောင်မှုများကို ဖမ်းဆီးအရေးယူမည်ဟု ကြေညာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖိအားပေးလုပ်ဆောင်မှုများကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း NUG က တရားဝင် ထုတ်ပြန် ကြေညာသည်။ အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က စစ်အုပ်စုနှင့် ၎င်း၏ လက်အောက်ခံဖြစ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမည်ခံ အဖွဲ့အစည်းတို့ကို အကြမ်းဖက် အုပ်စုများအဖြစ်ကြေညာထားပြီးဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများအတွင်း တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်ရန် ပြည်သူလူထုအား ဖိအားပေးဆောင်ရွက် လာမှုများရှိပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း NUG က တရားဝင် အသိပေးကြေညာသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့တွင် နိုင်ငံတော်…
-

ဂုတ်ထိပ်တံတားပျက်စီးပုံများကို စစ်တပ်လော်ဘီများက ရှုထောင်မျိုးစုံမှ ရိုက်ကူး စတင် ဖြန့်ဝေခဲ့
ကမ္ဘာကျော်ဂုတ်ထိပ်တံတား ပျက်စီးနေပြီး စစ်တပ်လော်ဘီများအားလုံးက TNLA နှင့် PDF က မိုင်းခွဲဖျက်ဆီးသည်ဟု တစ်ဖက်သတ် တစ်ပြိုင်နက်တည်း ဝါဒဖြန့်မှုများ အကြီးအကျယ်လုပ်ဆောင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-လားရှိုးရထားလမ်းပေါ်ရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတား ပျက်စီးနေပြီး စစ် တပ် လော်ဘီများအားလုံးက TNLA နှင့် PDF က မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု တစ်ပြိုင်နက်တည်း ဝါဒဖြန့်မှုများကို ဓာတ်ပုံများဖြင့် အကြီးအကျယ်လုပ်ဆောင်လာသည်။ မည်သည့်အကြောင်းကြောင့် ဂုတ်ထိပ်တံတား ပျက်စီးနေသည်ကို အမှန်တ ကယ် မသိရှိရသေးသော်လည်း ဂုတ်ထိပ်တံတား အပျက်အစီးဓာတ်ပုံများကို စစ်တပ်ထောက်ခံသော လော်ဘီတယ်လီဂရမ်ချန်နယ်များအားလုံးက ယနေ့ နံနက်ပိုင်းမှစတင်၍ ပထမဆုံး ဖြန့်ဝေလာပြီး ယင်းသို့ ပျက်စီးမှုမှာ TNLA နှင့် PDF များက မိုင်းခွဲ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု တစ်ဖက်သတ် ဝါဒဖြန့်မှုများ အကြီးအကျယ် လုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။…
-

ဂုတ်ထိပ်တံတားကြီးနဲ့ မျိုးချစ်များ
မနက်က လက်ဖက်ရည်ဆိုင်သွားတော့ မျိုးချစ်တွေ တယောက်မှ မျက်နှာ မကောင်းကြဘူး။ ကမ္ဘာကျော် သမိုင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြီး ဖျက်ဆီးခံရတဲ့ ပုံကိုကြည့်ပြီး ဝမ်းနည်းနေကြတာ။ မျိုးချစ်တယောက်က လက်သီးကို ကျစ်နေအောင်ဆုတ်ပြီး တောက်ကိုပြင်းပြင်းခေါက်တယ်။ မင်းတို့ အကြမ်းဖက်တွေကို ငါ ကမ္ဘာမကြေဘူးလို့ ထအော်တယ်။ ဘေးနားက ဝိုင်းတွေပါ လန့်ကုန်ကြတယ်။ နောက်မျိုးချစ်တယောက်က တိတ်တိတ်လေး ဝမ်းနည်းပြီး မျက်ရည်ကျနေတယ်။ ကျန်တဲ့ မျိုးချစ်တွေလည်း အံတကြိတ်ကြိတ်နဲ့။ စားပွဲဝိုင်း အလယ်က စားစရာတွေကို ဘယ်သူမှ မထိကြဘူး။ အဲဒါနဲ့ ကျွန်တော်လည်း ဖုန်းထဲက ရွာတွေ မီးရှိုခံထားရတာတွေ ညောင်ဦးက ရှေးဟောင်းဘုရားတွေ ဗုံးကြဲခံထားရတာတွေ ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးခံထားရတာတွေ တချို့ သမိုင်းအမွေအနှစ်တွေ ပေါင်တထောင်ဗုံးကြောင့် ချိုင့်ခွက်ကြီး ဖြစ်နေတာတွေ သူတို့ မမြင်ခင် အလျင်အမြန် ဖျက်ရတယ်။…
-

ကလေးတွင် ဆယ်ရက်ကြာတိုက်ပွဲ
ကလေးတွင် ဆယ်ရက်ကြာတိုက်ပွဲအတွင်း ရန်သူ့အလောင်း သုံးလောင်းနှင့် လက်နက် ဆယ်လက်သိမ်းဆည်းရမိ ၂၀၂၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုးစစ်ဆင်လာသည့် ရန်သူစစ်ကောင်စီတပ် တတက-၁၀ မှ ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီး ထွန်းလင်းသူ နှင့် စကခ-၁၀ လက်အောက်ခံ ခမရ-၃၆၃ မှ ကြည်း-၄၇၁၇၁ ဗိုလ်ကြီး ၀င်းမင်းစိုး တို့ဦးစီးသည့် ခန့်မှန်းအင်အား (၁၂၀) ကျော်ပါသော စစ်ကြောင်းအား မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြရာ ရန်သူ့အလောင်း (၃) လောင်းရရှိခဲ့ပြီး သုံ့ပန်း (၁) ဦးဖမ်းမိခဲ့သည်။ ရန်သူ့ဘက်မှ အတင်းအဓမ္မစစ်သားစုဆောင်းထားသော ဟိန္ဒူ ဂေါ်ရခါးလူမျိုး စစ်မှူထမ်းစစ်သား အများအပြား သေဆုံးခဲ့သည်။ တိုက်ပွဲအား မိမိတို့ဘက်မှ အမှတ်…