ဂုတ်ထိပ်တံတားကြီးနဲ့ မျိုးချစ်များ

မနက်က လက်ဖက်ရည်ဆိုင်သွားတော့ မျိုးချစ်တွေ တယောက်မှ မျက်နှာ မကောင်းကြဘူး။

ကမ္ဘာကျော် သမိုင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြီး ဖျက်ဆီးခံရတဲ့ ပုံကိုကြည့်ပြီး ဝမ်းနည်းနေကြတာ။

မျိုးချစ်တယောက်က လက်သီးကို ကျစ်နေအောင်ဆုတ်ပြီး တောက်ကိုပြင်းပြင်းခေါက်တယ်။

မင်းတို့ အကြမ်းဖက်တွေကို ငါ ကမ္ဘာမကြေဘူးလို့ ထအော်တယ်။

ဘေးနားက ဝိုင်းတွေပါ လန့်ကုန်ကြတယ်။

နောက်မျိုးချစ်တယောက်က တိတ်တိတ်လေး ဝမ်းနည်းပြီး မျက်ရည်ကျနေတယ်။

ကျန်တဲ့ မျိုးချစ်တွေလည်း အံတကြိတ်ကြိတ်နဲ့။

စားပွဲဝိုင်း အလယ်က စားစရာတွေကို ဘယ်သူမှ မထိကြဘူး။

အဲဒါနဲ့ ကျွန်တော်လည်း ဖုန်းထဲက ရွာတွေ မီးရှိုခံထားရတာတွေ

ညောင်ဦးက ရှေးဟောင်းဘုရားတွေ ဗုံးကြဲခံထားရတာတွေ

ဘုန်းကြီးကျောင်းတွေ ဖျက်ဆီးခံထားရတာတွေ

တချို့ သမိုင်းအမွေအနှစ်တွေ ပေါင်တထောင်ဗုံးကြောင့် ချိုင့်ခွက်ကြီး ဖြစ်နေတာတွေ သူတို့ မမြင်ခင် အလျင်အမြန် ဖျက်ရတယ်။

အဲဒါတွေပါ မြင်ကုန်ရင် မျိုးချစ်တွေ ရင်ကွဲနာကျပြီး နေရာမှာတင် အသက်ထွက်ကုန်ကြမှာစိုးလို့။

Kyaw Kyaw


Comments

Leave a Reply

Your email address will not be published. Required fields are marked *