Author: Baby Yit Lone

  • ရွှေလက်ဒေါ်ခင်စန်းရီ-ပရိသတ်သန်းကျော်ရှိတဲ့ လိုင်စင်မဲ့ ဆေးကုသူ

    ရွှေလက်ဒေါ်ခင်စန်းရီ-ပရိသတ်သန်းကျော်ရှိတဲ့ လိုင်စင်မဲ့ ဆေးကုသူ

    အနောက်တိုင်းဆေးပညာ ဆရာဝန်နဲ့ တိုင်းရင်းဆေး သမားတော် မဟုတ်တဲ့ လိုင်စင်မဲ့ အပ်ပုန်း၊ ရမ်းကု တွေဟာ လူသိပ်မသိအောင် နေထိုင်လုပ်ကိုင်ကြရာကနေ အခုနှစ်ပိုင်းမှာ လူမှုကွန်ရက်မှာ ပေါ်ပေါ်ထင်ထင် ရှိလာကြပါတယ်။ နိုင်ငံလူဦးရေရဲ့ထက်ဝက်နီးပါး လူပေါင်း ၂၄ သန်းကျော် အင်တာနက်အသုံးပြုကြတဲ့ မြန်မာမှာ လူသိများအောင် လုပ်ဆောင်ဖို့ ဆိုရှယ် မီဒီယာက အလွယ်ကူဆုံးနေရာ ဖြစ်ပါတယ်။ လေဖြတ်ဝေဒနာကို ၂ နှစ်ဝန်းကျင်ခံစားနေရတဲ့ ကိုဇော်ဟာ TikTok သုံးနေရင်း အမျိုးသမီးတစ်ဦးက သူ့လို ဝေဒနာရှင်တွေကို တစ်ကြိမ်တည်းနဲ့ သက်သာအောင် ကုသပေးနေတဲ့ရုပ်သံကို ဒီနှစ် အစပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။ “ကျွန်တော်တို့လို လူနာတွေက ပျောက်ချင်တာပဲသိတာ။ ဒီလို ပျောက်အောင်ကုနိုင်တယ်ဆိုတာနဲ့ သွားကုချင်ကြတော့တာ” လို့ မိတ္ထီလာမြို့နယ်ထဲက ရွာတစ်ရွာမှာနေတဲ့ ကိုဇော်က ပြောပါတယ်။ လေဖြတ်ရောဂါလူနာတွေကို ဆေးကုပေးနေတယ်ဆိုတဲ့…

  • “၀” ပြည်နယ်၏ လူပုဂ္ဂိုလ်များကို တရုတ်က  ဖမ်းဆီးသည့်အပြင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ပြီး နှစ် ၄၀ အတွင်း သေရေးရှင်ရေး ဖိအား UWSA  ရင်ဆိုင်နေရ

    “၀” ပြည်နယ်၏ လူပုဂ္ဂိုလ်များကို တရုတ်က ဖမ်းဆီးသည့်အပြင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ပြီး နှစ် ၄၀ အတွင်း သေရေးရှင်ရေး ဖိအား UWSA ရင်ဆိုင်နေရ

    NUG နှင့် ထိတွေ့ဆက်ဆံမှု မပြုရေး အပါအဝင် မူဝါဒများကို ဖောက်ဖျောက်မှု၊ လက်နက်နှင့်ငွေကြေးထောက်ပံ့မှုအတွက် UWSA ကို တရုတ်က ပိတ်ဆို့အရေးယူ၍ တရုတ်ငွေယွမ်ဘီလီယံပေါင်းများစွာ ဆုံးရှုံးနေ “၀” ပြည်နယ်၏ လူပုဂ္ဂိုလ်များကို တရုတ်က ဖမ်းဆီးသည့်အပြင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ပြီး နှစ် ၄၀ အတွင်း သေရေးရှင်ရေး ဖိအား UWSA ရင်ဆိုင်နေရ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်အဖွဲ့အစည်းများထံသို့ လက်နက်နှင့်ငွေကြေးများ ထောက်ပံ့မှုအတွက် UWSA ကို တရုတ်က ပိတ်ဆို့အရေးယူသဖြင့် တရုတ်ငွေယွမ်ဘီလီယံပေါင်းများစွာ ဆုံးရှုံးပြီး နှစ်ပေါင်း ၄၀ အတွင်း အပြင်းထန်ဆုံး ဖိအားပေးခံနေရကြောင်း UWSA “ဝ” တပ်ဖွဲ့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အမ်းက ပြောဆိုသည်။ ဩဂုတ်လ ၂၀ ရက်နေ့ TNLA…

  • AA သိမ်းထားတဲ့ ညောင်ကျိုးစခန်းအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေ

    ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံး အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်စပ်နဲ့ ပဲခူးတိုင်းနယ်စပ်ရှိ ရခိုင်ရိုးမတောင်ကုန်းပေါ်မှာ တည်ရှိတဲ့ ညောင်ကျိုးစခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲ ပြင်းထန်နေပြီးတော့ စစ်ကောင်စီဘက် အကျအဆုံးများပြားနေတယ်လို့ ဒေသအခြေအနေကို သိရှိတဲ့သတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။ စစ်ကောင်စီဟာ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ညောင်ကျိုးစခန်းကို ဒီသြဂုတ်အတွင်းမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။ အဲဒီ ညောင်ကျိုးစခန်းအနီးတိုက်ပွဲတွေမှာ နှစ်ဖက်အပြန်အလှန် ဒရုန်းတွေနဲ့ တိုက်ခိုက်တာပိုများပြီး စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့ တပ်ရင်းတွေကိုလည်း AA က ဖြတ်တောက်တိုက်ခိုက်မှုကြောင့် နောက်ပြန်ဆုတ်သွားကြတဲ့ တပ်ရင်းတွေလည်းရှိတယ်လို့ AA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အာရက္ခတပ်တော် AA သိမ်းထားတဲ့ ညောင်ကျိုးစခန်းကို ဥသျှစ်ပင်မြို့နယ်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ…

  • ကျောက်မဲတိုက်ပွဲ ပြင်းထန်၊ ကျန်ရှိဒေသခံများ အမြန်ရှောင်ရန် တိုက်တွန်း

    ကျောက်မဲတိုက်ပွဲ ပြင်းထန်၊ ကျန်ရှိဒေသခံများ အမြန်ရှောင်ရန် တိုက်တွန်း

    စစ်တပ်ထိုးစစ်ဆင်နေမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မြို့တွင်းနှင့် အနီးနားကျေးရွာများအတွင်း ကျန်ရှိနေသေးသည့်ဒေသခံများ အမြန်ဆုံးရှောင်ရှားကြရန် ကူညီကယ်ဆယ်ရေးလုပ်နေသူများက တိုက်တွန်းသည်။ သြဂုတ် ၁၉ ရက်၌စပြီး စစ်တပ်က နောင်ချိုမြို့နယ် ဂုတ်တွင်းဘက်မှ ကျောက်မဲမြို့ကို ထိန်းချုပ်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေရာ နောင်ပိန်ရွာနှင့် ထန်းထပင်ရွာတို့ အပါအဝင် အနီးနားကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ဒေသခံတဦးက “ဒီနေ့မှာလည်း ထန်းတပင်ရွာအနီးတဝိုက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ အသံတွေကတော့ တအုန်းအုန်းပဲ” ဟု ပြောသည်။ လက်ရှိ ကျောက်မဲတိုက်ပွဲအတွင်း သေဆုံးမှုများနေသလို ထိခိုက်ဒဏ်ရာရသူများလည်း ၃၀ ကျော်ထိရှိနေပြီး လားရှိုးဆေးရုံ ၌ ကုသမှုခံယူနေကြကာ အကူအညီများလိုအပ်နေကြောင်း…

  • သိန္နီမြို့ကို တရုတ်အကူအညီဖြင့် ပြန်ရယူရန် စစ်ကောင်စီကြိုးပမ်းနေ

    သိန္နီမြို့ကို တရုတ်အကူအညီဖြင့် ပြန်ရယူရန် စစ်ကောင်စီကြိုးပမ်းနေ

    MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့က ပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ကို မြို့ပြန်လွှဲပေးနိုင်မလားဆိုတဲ့ ကိစ္စကိုပဲ အဓိက စိတ်ဝင်စားပြီး စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေကေ ပြာပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၁၆ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာနချုပ်တည်ရှိရာ သိန္နီမြို့ကို MNDAA ကိုးကန့်တပ်နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ၁၀၂၇ စစ်ဆင်ရေးမှာ တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာဆိုရင် ၁ နှစ်ကျော်ပြီ ဖြစ်ပါတယ်။ အဲ့ဒီသိန္နီမြို့ဟာ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတာကြောင့် အာဏာသိမ်းစစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြန်ရယူဖို့ လုပ်နေတာပါ။ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် MNDAA ကိုးကန့်တပ်ဟာ သိန္နီမြို့ကို စစ်တပ်လက်ထဲ ပြန်လွှဲပြောင်းပေးမလားဆိုတာကို မြို့ခံတွေက အဓိကထား စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သြဂုတ် ၁၄ ရက်က အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်တို့ လားရှိုးမြို့မှာ…