Author: Baby Yit Lone
-

ပုဂံတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ
ပုဂံတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီးနောက် မြို့ကို လုံခြုံရေးတင်းကျပ်ထား မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ပုခက္ကူခရိုင်တပ်ရင်း ၁၇ မှ တော်လှန်ရေးရဲဘော်များသည် ယမန်နေ့ ဩဂုတ် ၂၇ ရက်နေ့က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကာ မြို့ကိုလုံခြုံရေးတင်းကျပ်လိုက်ကြောင်း သိရသည်။ “ကားလမ်းတွေပါ ပိတ်ထားတယ်။ မြို့ထဲဘယ်သူမှအပြင်မထွက်ရဲကြဘူး။ ကလေးတွေတော့ လွတ်သွားတယ်ကြားတယ်”ဟု ပုဂံမြို့နေအမျိုးသားတစ်ဦးက ပြောသည်။ ပုဂံမြို့သစ်၊ ဆင်ဖြူတော်ယွန်းထည်ဆိုင်လမ်းကြားတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးခန့်နှင့် တော်လှန် ရေးရဲဘော်တို့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်ကြရာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။ ယနေ့ ဩဂုတ် ၂၈ ရက်နေ့တွင် ပုဂံမြို့အဝင်အထွက် ဂိတ်များနှင့် သရပါတံခါး၊…
-

စစ်ကော်မရှင်တပ် အရာရှိများကိုပါ တိုက်ပွဲအနီး ကွင်းပြင်တွင် တာယာကွင်းနှင့်မီးရှို့သင်္ဂြိုဟ်နေရ
ဧရာဝတီတိုင်း စစ်မျက်နှာပြင်တွင်သေဆုံးသည့် စစ်ကော်မရှင်တပ် အရာရှိများကိုပါ တိုက်ပွဲအနီး ကွင်းပြင်တွင် တာယာကွင်းနှင့်မီးရှို့သင်္ဂြိုဟ်နေရ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) ၊ အမှတ်-၄ စစ်မြေပြင်ဆေး တပ်ရင်း (မဆရ-၄) တွင် ဆေးကုသရန်ပို့ဆောင်ထားသူများမှလွဲ၍ ရှေ့တန်းစစ်မျက်နှာတွင် သေဆုံးသူ များကို တပ်စွဲထားရာနေရာတွင်ပင် မီးရှို့သင်္ဂြိုဟ်နေရကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒဏ်ရာရ စစ်ကော်မရှင် တပ်သားများကို ပုသိမ်မြို့ရှိ မဆရ-၄ သို့ ပို့ဆောင်ဆေးကုသပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ဧရာဝတီစစ်မြေပြင်မှ ဒဏ်ရာရရှိလာသည့် စစ်ဗိုလ်တစ်ဦးသည် ယမန်နေ့ ဩဂုတ် ၂၇ရက်နေ့က ဆေးကုသနေစဉ်သေဆုံးသွားသည့်အတွက် ရွှေမြင်တင် မီးသဂြိုဟ်စက်တွင် လာရောက် သင်္ဂြိုဟ်သွား ကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ…
-

ရန်ကုန်မှာ မြို့ပြပျောက်ကြားတော်လှန်ရေးသမား (၁၀)ဦးထက်မနည်းဖမ်းဆီးခံရ
ရန်ကုန်မြို့မှာ စစ်တပ်က မြို့ပြပျောက်ကြားတော်လှန်ရေးသမား ဆယ်ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိထားပါတယ်။ ယခုလ ဩဂုတ် ၂၀ ရက် ကျော်ထဲက စစ်တပ်က မြို့ပြပျောက်ကြားတော်လှန်ရေးသမားအချို့ကို ဖမ်းဆီးပြီး အချိတ်ဆက်များ ပြုလုပ်ခိုင်းကာ တော်လှန်ရေးသမားတွေကို ထပ်မံဖမ်းဆီးတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ “အဓိကက လုပ်သမျှ ကိစ္စတိုင်းကို CCTV ကနေ နောက်ယောင်ခံ ၊ ခြေရာခံ လိုက်မရအောင် အသေးစိတ် ဒေါင့်စေ့အောင် စီစဉ်ဆောင်ရွက်ကြပါလို့။ အဲ့လို ဆောင်ရွက်နိုင်ဖို့က အချိန် နဲ့ ငွေအများကြီး သုံးရပါမယ်။အဲ့လို သုံးရတဲ့ အချိန်နဲ့ ငွေက ပေးဆပ်လိုက်ရတဲ့ အဖမ်းခံရတဲ့ ရဲဘော် နဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။နောက်ပြီး အဲ့လို အသေးစိတ် စိတ်ချရအောင် စီစဉ်နိုင်ဖို့အတွက် သုံးရတဲ့ အချိန်တွေ အတွက်ကို…
-
စစ်တပ်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၂ မြို့သာပေးမည်ဆို၍ TNLA နှင့် စစ်တပ်၏ ကူမင်းဆွေးနွေးပွဲ ရလဒ်မထွက်
တရုတ်ဦးဆောင်သည့်ဆွေးနွေးပွဲတွင် အာာဏာသိမ်းစစ်တပ်က ၁၂ မြို့ တိုက်ယူထားသော TNLA ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းထားသည့် ပလောင်အုပ်ချုပ်ခွင့်ရ နှစ်မြို့သာပေးမည်ဟုဆိုခြင်းကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့သည်။ တအာင်းတပ် TNLA နှင့် စစ်ကော်မရှင်၏ကိုယ်စားလှယ်များအကြား တရုတ်အစိုးရ၏အစီအစဉ်ဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ယမန်နေ့ (ဩဂုတ်လ၊ ၂၇ ရက်နေ့) က အပစ်ရပ်ရေးအတွက် ဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတစ်ရာ သဘောတူညီမှုမရခဲ့ဟု စုံစမ်းသိရှိရသည်။ နှစ်ဖက်တပ်များအကြား အပစ်ရပ်ရန်အတွက် တအာင်းတပ် (TNLA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့တို့အနက် ကျောက်မဲ နှင့် သီပေါကို စွန့်လွှတ်မည်ဟု ထိုဆွေးနွေးပွဲတွင် ကမ်းလှမ်းခဲ့သည်ဟုသိရသည်။ သို့သော် စစ်ကော်မရှင်ကိုယ်စားလှယ်များက လုံလောက်မှုမရှိသည့်ကမ်းလှမ်းမှုဟုဆိုကာ ပယ်ချခဲ့ပြီး တအာင်းတပ်များအနေဖြင့် မန်တုံနှင့် နမ့်ဆန်မြို့များကလွဲ၍…
-

အလံဖြူထောင်လာတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကော်မရှင်တပ်သားတွေကို ဗိုလ်တာဘောအဖွဲ့ နွေးထွေးစွာကြိုဆို
အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်စစ်သားများ အလံဖြူထောင် အလင်းဝင်လာတဲ့ရုပ်သံ ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်အားသုံး ချီတက်လာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ကြောင်း”က တပ်သားတချို့ဟာ အလံဖြူထောင်ပြီး ပြည်သူဘက်ကို ရပ်တည်လာခဲ့တယ်လို့ Black Panther Column- တပ်ခွဲ ၂ က မနေ့က ထုတ်ပြန်လာပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလံဖြူထောင်ပြီး ပြည်သူ့ဘက် ရဲရင့်စွာ ရပ်တည်ခဲ့တဲ့ စစ်သားတွေကို ဗိုလ်ကြီးဒါဘောတို့အဖွဲ့က ကြိုဆိုခဲ့တဲ့ မှတ်တမ်းကို Black Panther Column – တပ်ခွဲ ၂ က ထုတ်ပြန်ခဲ့ပါတယ်။ အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာကြိုဆိုခဲ့ပြီး ဆုငွေတွေလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ အလံဖြူထောင်လာတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကော်မရှင်တပ်သားတွေကို ဗိုလ်တာဘောအဖွဲ့ နွေးထွေးစွာကြိုဆိုခဲ့တယ်လို့ သိရပါတယ်။ ရုပ်သံ…