Author: Baby Yit Lone
-

ရန်ကုန်မှာ မြို့ပြပျောက်ကြားတော်လှန်ရေးသမား (၁၀)ဦးထက်မနည်းဖမ်းဆီးခံရ
ရန်ကုန်မြို့မှာ စစ်တပ်က မြို့ပြပျောက်ကြားတော်လှန်ရေးသမား ဆယ်ဦးထက်မနည်းကို ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိထားပါတယ်။ ယခုလ ဩဂုတ် ၂၀ ရက် ကျော်ထဲက စစ်တပ်က မြို့ပြပျောက်ကြားတော်လှန်ရေးသမားအချို့ကို ဖမ်းဆီးပြီး အချိတ်ဆက်များ ပြုလုပ်ခိုင်းကာ တော်လှန်ရေးသမားတွေကို ထပ်မံဖမ်းဆီးတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ “အဓိကက လုပ်သမျှ ကိစ္စတိုင်းကို CCTV ကနေ နောက်ယောင်ခံ ၊ ခြေရာခံ လိုက်မရအောင် အသေးစိတ် ဒေါင့်စေ့အောင် စီစဉ်ဆောင်ရွက်ကြပါလို့။ အဲ့လို ဆောင်ရွက်နိုင်ဖို့က အချိန် နဲ့ ငွေအများကြီး သုံးရပါမယ်။အဲ့လို သုံးရတဲ့ အချိန်နဲ့ ငွေက ပေးဆပ်လိုက်ရတဲ့ အဖမ်းခံရတဲ့ ရဲဘော် နဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။နောက်ပြီး အဲ့လို အသေးစိတ် စိတ်ချရအောင် စီစဉ်နိုင်ဖို့အတွက် သုံးရတဲ့ အချိန်တွေ အတွက်ကို…
-
စစ်တပ်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၂ မြို့သာပေးမည်ဆို၍ TNLA နှင့် စစ်တပ်၏ ကူမင်းဆွေးနွေးပွဲ ရလဒ်မထွက်
တရုတ်ဦးဆောင်သည့်ဆွေးနွေးပွဲတွင် အာာဏာသိမ်းစစ်တပ်က ၁၂ မြို့ တိုက်ယူထားသော TNLA ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းထားသည့် ပလောင်အုပ်ချုပ်ခွင့်ရ နှစ်မြို့သာပေးမည်ဟုဆိုခြင်းကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့သည်။ တအာင်းတပ် TNLA နှင့် စစ်ကော်မရှင်၏ကိုယ်စားလှယ်များအကြား တရုတ်အစိုးရ၏အစီအစဉ်ဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ယမန်နေ့ (ဩဂုတ်လ၊ ၂၇ ရက်နေ့) က အပစ်ရပ်ရေးအတွက် ဆွေးနွေးခဲ့ကြသော်လည်း တစ်စုံတစ်ရာ သဘောတူညီမှုမရခဲ့ဟု စုံစမ်းသိရှိရသည်။ နှစ်ဖက်တပ်များအကြား အပစ်ရပ်ရန်အတွက် တအာင်းတပ် (TNLA) က ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့တို့အနက် ကျောက်မဲ နှင့် သီပေါကို စွန့်လွှတ်မည်ဟု ထိုဆွေးနွေးပွဲတွင် ကမ်းလှမ်းခဲ့သည်ဟုသိရသည်။ သို့သော် စစ်ကော်မရှင်ကိုယ်စားလှယ်များက လုံလောက်မှုမရှိသည့်ကမ်းလှမ်းမှုဟုဆိုကာ ပယ်ချခဲ့ပြီး တအာင်းတပ်များအနေဖြင့် မန်တုံနှင့် နမ့်ဆန်မြို့များကလွဲ၍…
-

အလံဖြူထောင်လာတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကော်မရှင်တပ်သားတွေကို ဗိုလ်တာဘောအဖွဲ့ နွေးထွေးစွာကြိုဆို
အောင်ဇေယျစစ်ကြောင်းမှ အကြမ်းဖက်စစ်သားများ အလံဖြူထောင် အလင်းဝင်လာတဲ့ရုပ်သံ ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်အားသုံး ချီတက်လာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ကြောင်း”က တပ်သားတချို့ဟာ အလံဖြူထောင်ပြီး ပြည်သူဘက်ကို ရပ်တည်လာခဲ့တယ်လို့ Black Panther Column- တပ်ခွဲ ၂ က မနေ့က ထုတ်ပြန်လာပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့အောင်ဇေယျစစ်ဆင်ရေးကနေ အလံဖြူထောင်ပြီး ပြည်သူ့ဘက် ရဲရင့်စွာ ရပ်တည်ခဲ့တဲ့ စစ်သားတွေကို ဗိုလ်ကြီးဒါဘောတို့အဖွဲ့က ကြိုဆိုခဲ့တဲ့ မှတ်တမ်းကို Black Panther Column – တပ်ခွဲ ၂ က ထုတ်ပြန်ခဲ့ပါတယ်။ အလင်းဝင်ရောက်လာသူတွေကို နွေးထွေးစွာကြိုဆိုခဲ့ပြီး ဆုငွေတွေလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ အလံဖြူထောင်လာတဲ့ အောင်ဇေယျစစ်ကြောင်းက စစ်ကော်မရှင်တပ်သားတွေကို ဗိုလ်တာဘောအဖွဲ့ နွေးထွေးစွာကြိုဆိုခဲ့တယ်လို့ သိရပါတယ်။ ရုပ်သံ…
-

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လက်မခံခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက် မည်ကို လက်မခံခြင်းဟု PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ပြော
စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လက်မခံခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက် မည်ကို လက်မခံခြင်းဟု PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ပြော စစ်ကော်မရှင်က ပြုလုပ်ရန် စီစဉ်နေသော ရွေးကောက်ပွဲအား လက်မခံခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်မည်ကို လက်မခံခြင်းဖြစ်ကြောင်း စစ်ကော်မရှင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က ပြောကြားသည်။ သို့သော် ဥပဒေပညာရှင်များနှင့် နိုင်ငံရေးလေ့လာသူများကမူ စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အင်္ဂါရပ်များနှင့် ကိုက်ညီမှုမရှိဘဲ အာဏာရှင်စနစ်ကို ဆက်လက်တည်ဆောက်ရန်သာ ရည်ရွယ်သည်ဟု ပြန်လည်ထောက်ပြထားသည်။ နေပြည်တော်တွင် စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေး ပါတီများသည် ဩဂုတ် ၂၆ ရက်နေ့ကတွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ မေးမြန်းမှုကို ဒေါ်သက်သက်ခိုင်က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။…
-

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်အရာရှိ ၂ ဦး အပါ အဝင် စစ်သား ၆ ဦးသေဆုံးပြီး အရာရှိနေအိမ်နှင့် ဘားတိုက် မီးလောင်(ရုပ်/သံ) ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် ၆ ဦး သေဆုံးပြီး အရာရှိနေအိမ်နှင့် ဘားတိုက်တို့ မီးလောင် ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ…