Author: Baby Yit Lone

  • မော်လမြိုင်မှာ လူသတ်ပြီး ငါးကန်အဟောင်းထဲ စွန်ပစ်ခဲ့သူကို ဖမ်းဆီးရမိ

    မော်လမြိုင်မှာ လူသတ်ပြီး ငါးကန်အဟောင်းထဲ စွန်ပစ်ခဲ့သူကို ဖမ်းဆီးရမိ

    မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အုတ်ဖိုမြို့ပတ်လမ်း၊ လှိုင်ရတနာမြို့သစ် စီမံကိန်းဝန်းက ငါးကန်ဟောင်း ရေအိုင်အတွင်းမှာ ဇန်နဝါရီလ ၁၈ ရက် မနက် ၆ နာရီ ၄၅ မိနစ်ခန့်က အမျိုးသား ၁ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ ရုပ်အလောင်းတွေ့ရှိမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိပြီ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားသူဟာ လှိုင်ရပ်ကွက်၊ အုတ်ဖိုမြို့ပတ်လမ်းနေ အသက် (၄၂) နှစ်အရွယ် LGBT တစ်ဦးဖြစ်သူ စိုးမိုးထိုက် ဖြစ်တယ်လို့ သိရပြီး ကျူးလွန်သူဟာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ အသက် (၃၃) နှစ်အရွယ် လင်းစိုးသက် (ခ) အမန်း ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ လင်းစိုးသက်ရဲ့ ထွက်ဆိုချက်တွေအရ သူဟာ ဇန်နဝါရီလ အတွင်းက ကိုစိုးမိုးထိုက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြောင်း၊…

  • မလေးရှားတွင် မြန်မာအပါအဝင် နိုင်ငံခြားသား ၆,၀၀၀ ကျော် တလခွဲအတွင်းဖမ်းခံရ

    မလေးရှားတွင် မြန်မာအပါအဝင် နိုင်ငံခြားသား ၆,၀၀၀ ကျော် တလခွဲအတွင်းဖမ်းခံရ

    မြန်မာနိုင်ငံသားတွေ အပါအဝင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ နိုင်ငံခြားသား ၆,၀၀၀ ကျော်ကို တလခွဲအတွင်း ဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကို ကိုးကားပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ​၂၀၂၆ ဇန်နဝါရီလကစလို့ တနိုင်ငံလုံးမှာ စစ်ဆေးမှုပေါင်း ၁,၇၀၀ လောက်လုပ်ခဲ့ပြီး နိုင်ငံခြားသား ၂၇,၀၀၀ ကျော်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ပူးပေါင်းစစ်ဆေးမှုတွေအတွင်း လူဝင်မှုကြီးကြပ်ရေးဥပဒေအမျိုးမျိုးကို ဖောက်ဖျက်ကျူးလွန်တယ် ဆိုတဲ့ မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံခြားသား ၆,၂၀၀ကို ဖမ်းဆီးရမိခဲ့သလို အလုပ်ရှင် ၂၃၀ ကိုလည်း အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ ​မလေးရှားပြည်ထဲရေးဝန်ကြီးက “အစိုးရအနေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူလူထုရဲ့ သာယာဝပြောရေးအတွက် ပိုဗျူဟာကျပြီး ပစ်မှတ်ထားတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ စမတ်ကျကျ နှိမ်နင်းရေး နည်းလမ်းကိုအသုံးပြုပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို…

  • ကုလကြားနာပွဲ CRPH ကိုယ်စားလှယ်များတက်ရောက်၍  မြန်မာ့အရေး ဆွေးနွေး

    ကုလကြားနာပွဲ CRPH ကိုယ်စားလှယ်များတက်ရောက်၍ မြန်မာ့အရေး ဆွေးနွေး

    အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် “ပါလီမန်များနှင့် ကုလသမဂ္ဂ – ပြည်သူ့အတွက် ပိုမိုကောင်းမွန်စွာ အတူတကွ ဆောင်ရွက်ခြင်း”အမည်ရှိ ကမ္ဘာ့ကုလသမဂ္ဂ လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ကိုယ်စားလှယ်များ တက်ရောက်၍ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း CRPHက ထုတ်ပြန်ထားသည်။ ယမန်နေ့(ဖေဖော်ဝါရီ ၁၄) ညပိုင်းက ထုတ်ပြန်လိုက်တာဖြစ်ပြီး အဆိုပါ ကြားနာပွဲသို့ CRPH ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်မြတ်သီတာထွန်း၊ ဒေါ်မြမျိုးအေး၊ ဒေါ်ဖြူဖြူလွင် တို့နှင့်အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ ကတိကဝတ်နှင့် လက်တွေ့ကွာဟချက်နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၂ ရက် ပထမနေ့တွင် CRPH…

  • မရမ်းကုန်းရှိ စတိုးဆိုင်မီးလောင်မှုအတွင်း အသက် ၆၀ ကျော်အရွယ် ညီအစ်မ ၂ ဦး သေဆုံး

    မရမ်းကုန်းရှိ စတိုးဆိုင်မီးလောင်မှုအတွင်း အသက် ၆၀ ကျော်အရွယ် ညီအစ်မ ၂ ဦး သေဆုံး

    ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်နှင့်တွဲဖွင့်ထားသော စတိုးဆိုင်တဆိုင် ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်အတွင်းရှိနေသည့် အသက် ၆၀ ကျော်အရွယ် ညီအစ်မနှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံက သိရသည်။ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အောက်ဗဟိုလမ်းမပေါ် (သမိုင်းဂုံးတံတားဘေး) ရှိ “မောင်ဝင်း” ကုန်မာနှင့် စတိုးဆိုင်တွင် ယနေ့ နံနက် ၃ နာရီ ၃၇ မိနစ်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ “အိမ်အပေါ်ထပ်ကနေ စလောင်တယ်လို့ပဲ သိရတယ်။ ဘယ်ကစ ဖြစ်လဲဆိုတာတော့ အတိကျမသိရသေးဘူး” ဟု အမည်မဖော်လိုသည့် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။ မီးစတင်လောင်ပြီးနောက် မိနစ် ၂၀ ခန့်အကြာ နံနက် ၃ နာရီ ၅၃ မိနစ်တွင်…

  • “နင်တို့အဆင့်နဲ့ ကုနိုင်လား” ဆိုတဲ့ စကားတစ်ခွန်းနဲ့

    “နင်တို့အဆင့်နဲ့ ကုနိုင်လား” ဆိုတဲ့ စကားတစ်ခွန်းနဲ့

    “နင်တို့အဆင့်နဲ့ ကုနိုင်လား” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဆေးထိုးမှားလိုက်လို့ ဆုံးရှုံးလိုက်ရတဲ့ လူ့အသက်တစ်ချောင်း (ကျွန်မသားလေးအတွက် တရားမျှတမှု လိုပါတယ်)” သားသားရေ… မေမေ့ကို စောင့်နေပေးနော်။ သားမရှိတဲ့လောကကြီးမှာ မေမေလည်း မနေချင်တော့ဘူး။ ဒါပေမဲ့ မေမေ မလိုက်သွားခင် သားလေးကို သေ..လမ်းပို့ခဲ့တဲ့ “ကျွမ်းကျင်မှုမရှိတဲ့ ဆရာဝန်” နဲ့ “ခွဲခြားဆက်ဆံတတ်တဲ့ စိတ်ဓာတ်” ကို အများသိအောင် ချပြရဦးမယ်။ (၁) PLT ကျနေတဲ့ ကလေးကို ငွေကြေးမတတ်နိုင်ဘူးဆိုတဲ့ အထင်နဲ့ ကုသဖို့ ငြင်းပယ်ခဲ့တယ်။ (၂) သတိလစ်နေတဲ့ အချိန်မှာ Oxygen ကောင်း၊ သွေးပေါင်မှန်နေရဲ့သားနဲ့ Dexamethasone (၂) လုံးဆင့်ထိုးပြီး (၃) မိနစ်အတွင်း ကလေးကို သေ.ဆုံးစေခဲ့တယ်။ ဆေးပညာဆိုတာ လူ့အသက်ကယ်ဖို့လား၊ လူသ..တ်ဖို့လား မေးခွန်းထုတ်ချင်ပါတယ်။ သားလေးရဲ့…