“နင်တို့အဆင့်နဲ့ ကုနိုင်လား” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဆေးထိုးမှားလိုက်လို့ ဆုံးရှုံးလိုက်ရတဲ့ လူ့အသက်တစ်ချောင်း (ကျွန်မသားလေးအတွက် တရားမျှတမှု လိုပါတယ်)”

သားသားရေ… မေမေ့ကို စောင့်နေပေးနော်။ သားမရှိတဲ့လောကကြီးမှာ မေမေလည်း မနေချင်တော့ဘူး။

ဒါပေမဲ့ မေမေ မလိုက်သွားခင် သားလေးကို သေ..လမ်းပို့ခဲ့တဲ့ “ကျွမ်းကျင်မှုမရှိတဲ့ ဆရာဝန်” နဲ့ “ခွဲခြားဆက်ဆံတတ်တဲ့ စိတ်ဓာတ်” ကို အများသိအောင် ချပြရဦးမယ်။

(၁) PLT ကျနေတဲ့ ကလေးကို ငွေကြေးမတတ်နိုင်ဘူးဆိုတဲ့ အထင်နဲ့ ကုသဖို့ ငြင်းပယ်ခဲ့တယ်။

(၂) သတိလစ်နေတဲ့ အချိန်မှာ Oxygen ကောင်း၊ သွေးပေါင်မှန်နေရဲ့သားနဲ့ Dexamethasone (၂) လုံးဆင့်ထိုးပြီး (၃) မိနစ်အတွင်း ကလေးကို သေ.ဆုံးစေခဲ့တယ်။

ဆေးပညာဆိုတာ လူ့အသက်ကယ်ဖို့လား၊ လူသ..တ်ဖို့လား မေးခွန်းထုတ်ချင်ပါတယ်။

သားလေးရဲ့ နောက်ဆုံးအချိန်ကို ရက်ရက်စက်စက် ဖန်တီးခဲ့တဲ့ သူတွေကို ထိုက်တန်တဲ့ ပြ.စ်.ဒ.ဏ်မပေးရမချင်း ကျွန်မ ငြိမ်နေမှာ မဟုတ်ပါဘူး။

ဝိုင်းဝန်း ကူညီပေးကြပါဦးရှင်။

💔 ပိုက်ဆံမက်တဲ့ ဆရာဝန်တချို့ကြောင့်… “သွေးမသွင်းရဘဲ ပြန်လာခဲ့ရတဲ့ ကလေး ၃ မိနစ်အတွင်း အသ.က်ဆုံ:ရှုံး” 🕊️😭

သားသားရေ…

မေမေ ရင်မဆိုင်ချင်ဆုံးနေ့ကို ရောက်လာခဲ့ပြီ။

မေမေ သားလေးကို အရမ်းချစ်တယ်နော်…

ဘဝဆက်တိုင်း ဆက်တိုင်း မေမေဆီ ပြန်လာပါနော်။မေမေ သားနောက်ကို လိုက်ခဲ့မယ်… သားသား စောင့်နေနော် 😭

မေမေ သားလေးကို ပါရမီဆေးရုံ သွေးအထူးကုမှာPLT ကျနေလို့ သွေ:လေးသွင်းချင်လို့ လိုက်ပြခဲ့တာပါ။

ဒါပေမယ့် ဆရာဝန်တချို့က

“နင်တို့အဆင့်နဲ့ ဒီမှာဆေ:ကုနိုင်လား”

“ငါလဲ နေတိုင်း လာမကြည့်ပေးနိုင်ဘူး” လို့ ပြောခဲ့ကြပါတယ်။PLT ကျနေမှန်း သိရဲ့နဲ့…

သားအမိနှစ်ယောက် သွေးမသွင်းရဘဲ ပြန်လာခဲ့ရပါတယ်။နောက်နေ့…

သားသား ဖျားတယ်။

မနက် ၁၀ နာရီလောက်မှာ သတိမေ့သွားလို့ ဆေးရုံပြန်ခေါ်သွားခဲ့ပါတယ်။ဆေးရုံရောက်တော့ –သွေးပေါင်ချိန် 110/70

အောက်စီဂျင် 98

နှလုံးခုန်နှုန်း အကုန်မှန်နေပါတယ်။

ဒါပေမယ့်…သတိလစ်နေတဲ့ ကလေးကို

ဒက်ဆာမီတုန်း ၂ လုံး ထိုးချလိုက်တာနဲ့

တစ်ကိုယ်လုံး ပြာသွားပြီး

၃ မိနစ်အတွင်း နှလုံးရပ်သွားပါတယ်။

အသ.က်ပါ တစ်ခါတည်း ပါသွားတာပါ… 😭

သားသားဆုံးတာကင်ဆာရောဂါနဲ့ မဟုတ်ပါဘူး။

ကင်ဆာကောင်းနေပြီပါ။

ဆေးဒဏ်ကြောင့် ကလပ်စည်းပျက်စီးနေတာရှိပေမယ့်

သတိလစ်နေတဲ့ လူနာကို ဒက်ဆာထိုးလိုက်တာနဲ့ချက်ချင်း နှလုံးရပ်သွားတာပါ။

မေမေရဲ့ ကမ္ဘာပျက်သွားခဲ့တဲ့ ၃ မိနစ်ပါ…

ဒီလိုဘသူ့ကိုမှ မဖြစ်စေချင်ပါဘူး

ဒါကြောင့်ဘယ်ဆေးရုံမှမယုံကြပါနဲ့

မေမေတစ်ယောက်ရဲ့ အသက်နဲ့ လဲခဲ့ရတဲ့ အတွေ့အကြုံပါ…

နောက်ထပ် ဘယ်မေမေမှ မဖြစ်စေချင်ပါဘူး… 🕊️ဆိုပီးပြောလာတာဘဲဖြစ်ပါတယ်

သားငယ်လေးလည်းကောင်းရာမွန်ရာရောက်ပါစေ


Leave a Reply

Your email address will not be published. Required fields are marked *