Author: Baby Yit Lone
-

မှောင်ခိုပစ္စည်းဖမ်းခြင်းနှင့်ခါးပတ်ကြား
၁၉၆၄ ခုမှာ ပြည်သူပိုင်သိမ်းပြီး ပစ္စည်းမျိုးစုံကို ဗဟိုအစိုးရကချုပ်ကိုင်ပြီးရောင်းတယ်။ ပပက ပြည်သူ့ဆိုင် သမဝါယမ နာမည်အမျိုးမျိုးတတ်ပြီး ပြည်သူလူထုကို ခွဲတမ်းနဲ့ ရောင်းပေးတယ်။ ငပိ ငံပြာရည် ကြက်သွန်ကအစ လူဦးရေအလိုက် ခွဲတမ်းနဲ့ရောင်းပေးတယ်။ မိသားစုဝင်တစ်ယောက်သေရင် အကြောင်းကြားရတယ်။ စာအုပ်ထဲကနေပယ်ဖျက်ပစ်တယ်။ အကြောင်းမကြားဘဲ ပစ္စည်းခွဲတမ်းဆက်ယူနေရင် အလွဲသုံးစားမှုနဲ့ အရေးယူခံရတာတွေ အစပိုင်းမှာရှိခဲ့ပါတယ်။ မှီခဲ့သူတွေမှတ်မိကြပါလိမ့်မယ်။ ၁၉၆၇ ခုလောက်မှာ မှောင်ခိုဆိုတဲ့ဝေါဟာရပေါ်လာတယ်လို့ပြောရမယ်။ ရှေးတုံးက မှောင်ခိုပစ္စည်းဖမ်းတယ်ဆိုတာ အတော်ကြောက်စရာကောင်းတယ်။ လဘက်ခြောက် ဆန် ဆီ ဆားကအစ မိသွားရင်ထောင်ကျသွားနိုင်တယ်။ အပိုအဖြစ် အလုပ်ကြမ်းနှင့်ဆိုတာက ပါသေးတယ်။ ၁၉၆၇/၇၀ခုနှစ်လောက်မှာ အဖမ်းအဆီးအတော်ကြမ်းတယ်။ ဈေးချို(၁၂)ရုံထဲအထိဝင်ဖမ်းတယ်။ ဖမ်းမိရင်လည်း အစပိုင်းတော့ ဘာမှလုပ်မရဘူး။ ဈေးချိုမှာ ဈေးရောင်းရတာ ကျီးလန့်စာစားရောင်းကြရတယ်။ ပြည်တွင်းဖြစ်လုံခြည်ကအစ ဖွက်ပြီးရောင်းကြရတယ်။ ချည်ထုတ်ဆိုတာက အိန္ဒိယကလာတာ။ ချည်ထုတ်တွေတွေ့ရင်ဖမ်းတယ်။ တောင်မြို့က…
-

မိုးကုတ်မြို့နယ်မှာ တိုက်ပွဲဖြစ်နေ
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ချောင်းကြီးနဲ့ ရှမ်းကုန်းစံကျေးရွာဘက်မှာ ယခုရက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲဆီ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်အတွင်း ဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “၈ ရက်နေ့ကတိုက်ပွဲမှာ စစ်ကူလာတာ ၁၀၀ လောက်ရှိတယ်။ စစ်ကားတွေက ချောင်းကြီး မရောက်ခင်လှည့်ပြန်တာ။ အဲ့ဒီစစ်ကြောင်း ပိတ်အပစ်ခံရတာဖြစ်တယ်”လို့ ချောင်းကြီးရွာမှာရှိနေတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ချောင်းကြီးနဲ့ ရှမ်းကုန်းစံကျေးရွာဟာ မိုးကုတ်မြို့ အရှေ့ပိုင်းကနေသွားရပြီး မိုးကုတ် – ဘားနဒ်ရွာလမ်းပိုင်းမှာ ရှိပါတယ်။ တိုက်ပွဲတွေဖြစ်နေတာ ရက်အနည်းငယ်ကြာပြီဖြစ်ပြီး ဖေဖော်ဝါရီ ၈ရက် မနက်ပိုင်းမှာ ပိုပြင်းထန်ခဲ့တာပါ။ “ဇန်နဝါရီလတုန်းက ချောင်းကြီးက စစ်ဘေးရှောင်လင်မယား ဆိုင်ကယ်နဲ့ သွားတာကို စစ်တပ်က…
-

လူငယ်ပေမယ်. ခေသူမဟုတ်
သံချောင်းမှာ လူသာငယ်သော်လည်း ပညာက ခေသူမဟုတ်တော့ပေ၊ ယောက်ကျားတို့တပ်အပ်သည့်ပညာအစုံကို၁၀တန်းတဖုန်းဖုန်းကျ ခြင်းဖြင့်အနူစ်နာခံကာ သင်ယူတတ်မြောက်သွားခဲ့ပေသည်။သူ၏လက်ဦးဆရာမှာဘအောင်ဟုသူခေါ်လေ့ရှိသည့် ဦးမျိုးအောင်ဖြစ်လေသည်။ ဦးမျိုးအောင်မှာ သံချောင်း၏ ကြီးဒေါ် ဒေါ်နီလာမိုး ၏ယောက်ကျားဖြစ်လေသည်၊ ဒေါ်နီလာမိုးမှာ သံချောင်း၏ အမေဒေါ်ကြည်ပြာမိုး၏ အမ အရင်း ဖြစ်လေသည်။ သံချောင်းမှာ အမည်အရင်းက မိုးထက်အောင် ဖြစ်လေသည်၊ သို့သော် ငယ်စဉ်က အလွန်ချူခြာသဖြင့် မာမာချာချာရှိစေ ရန်သံချောင်းဟုအမည်ပေး နောက်ပြောင် ယတြာခြေ ခေါ်ကြရင်းဖြင့်သံချောင်းဟုနာမည်တွင်ခဲ့ရလေသည်။ သံချောင်း၏ အမေ ကြည်ပြာမိုး မှာ ညီအမ၃ယောက် ရှိလေသည်၊နီလာမိုး၊ ကြည်ပြာမိုး နူင့် သန္တာမိုး တို့ ဖြစ်ကြလေသည်။ကြည်ပြာမိုးမှာ အသက်ငယ်ငယ် ၁၈ နူစ်လောက်မှာ အိမ်မှာခိုင်းသည့် ဒရိုင်ဘာနူင့် မှားယွင်း မိလေသည်၊ နောက် မိဘတွေက ဒရိုင်ဘာကို အလုပ်ထုတ်ပြီးနှင်ချလိုက်လေသည်၊ နောက်တလလောက်ကြာတော့ရာသီမလာနောက်ကျတော့ ဖျက်ချ…
-

သူ့ထက်ကဲ
ယနေ့ စနေနေ့ဖြစ်သဖြင့် နေ့လည်( ၁၂) နာရီတွင်ပင် ရုံးဆင်းကာ ထုံးစံအ တိုင်း သောက်ဖေါ်သောက်ဖက်များနှင့် စတည်းချနေကျ အ ရက်ဆိုင်သို့ သွားရန် ဦးတည်၍ လာခဲ့မိ၏။ သိမ်ကြီးဈေးသို့ အ ရောက်တွင် ဝမ်းထဲမှ ခပ်ဟာဟာ ဖြစ်နေသဖြင့် ခေါက်ဆွဲပြုတ်တစ်ခွက်သောက်ပြီး ဆက်လက်ထွက်ခွာလာခဲ့၏။ ‘ ‘ အ ချိန်မှန် ရထားကြီး ဆိုက်လာပါပြီ ခင်ဗျား’ ’ အ ရက်ရောင်းသော အိမ်သို့ ကျွန်တော် လှမ်း၍ ဝင်လိုက်လျှင်ပင် သောက်ဖေါ်တစ်ဦးက အော်ဟစ်ပြောလိုက်ခြင်းပင် ဖြစ်ပါသည်။ ‘ ‘ ဘယ်ဘူတာမှာ မိုင်းမိလို့ နောက်ကျနေပါလဲ ခင်ဗျား’ ’ တစ်ဦးကဆက်လိုက်၏။ ‘ ‘ သိမ်ကြီးဈေးမှာပါဗျာ ဆာဆာရှိတာနဲ့ ခေါက်ဆွဲပြုတ် ဝင်သောက်နေတာ ကြာသွားလို့…
-

နှင်းရယ်
တတိယနှစ် နောက်ဆုံးနှစ်ကျောင်းသူလေး ခင်နှင်းဦး အထက်တန်းကျောင်းသူဘဝက ကြိုက်သူတွေ လိုက်သူတွေရှိခဲ့ပေမယ့်….သူမကိုယ်တိုင်ကလည်း စိတ်ဝင်စားသလိုရှိခဲ့ပေမယ့်….ပညာရေးကို ဦးစားပေး၍ အချစ်ကိုငြင်းပယ်ခဲ့ သည်။ တက္ကသိုလ် ပထမနှစ်ရောက်တော့ အလှတွေပိုမိုကြွယ်ဝပြည့်စုံလာသော ခင်နှင်းဦးအား ကြိုက်သူတွေ လိုက်သူတွေ ပိုများလာသည်။ ဒီထဲကမှ သူမစိတ်ကြိုက်တစ်ယောက်ကို စိတ်တိုင်းကျရွေးချယ်ခဲ့သည်။ သူ့နာမည်က စိုးသီဟ တဲ့….အရပ် မြင့်မြင့်နှင့်် အားကစားသမားတစ်ယောက် ကိုယ်လုံးမျိုး….။ ခင်နှင်းဦးနှင့် တစ်တန်းတည်း ပထမနှစ်ကျောင်းသားတစ် ယောက်ပင်ဖြစ်သည်။ ခင်နှင်းဦး….စိုးသီဟနှင့် တွဲခဲ့တာ ပထမနှစ်မှသည် အခုတတိယနှစ်နောက်ဆုံးရောက်သည်ထိပင်ဖြစ် သည်။ စိုးသီဟက ခင်နှင်းဦးအား အတော်ချစ်သည်။ ခင်နှင်းဦး မကြိုက်တာဘာမျှမလုပ်။ ခင်နှင်းဦး သဘောမတူလျှင် နောက်ဆုတ်သည်။ သူမတို့နှစ်ယောက် ချစ်သူဘဝမှာ သုံးနှစ်မြောက်သည်ထိ သန့်သန့်စင်စင်ရှိနေခဲ့သည်။ ဒါပေမယ့် ဒီနေ့ တော့ ခင်နှင်းဦး၏ ဘဝတစ်သက်တာတွင် ရင်အခုန်ရဆုံးနေ့ရက် တစ်ရက်အဖြစ် ဆုံဆည်းတွေ့ကြုံခဲ့ရလေသည်။…