Author: Baby Yit Lone

  • မင်းလှက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်

    မင်းလှက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်

    မင်းလှက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်မှုကြောင့် အရာရှိတချို့ကို ဖမ်းဆီးထားတယ်လို့ဆို မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာက စစ်ကော်မရှင်တပ်စခန်းတွေ အနီးရှိ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပြီး အချိန်အတော်ကြာ မီးငြှိမ်းခဲ့ရတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၃ ရက် မနက် ၆ နာရီ ခန့်က မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “ဘယ်က စလောင်တာတော့ မသိဘူး။ မနက်ကတည်းက ဆူညံနေတာ။ မြို့နဲ့တော့ လှမ်းပေမယ့် မကွေးသွားတဲ့ လမ်းမကြီးပေါ်မှာ ခရီးသည်တင်ကားတွေ ရပ်ထားရတယ်။ ကားလမ်းပေါ် မီး သတ်ကားတွေကော တပ်က ရေသယ်ကားတွေ ရှုပ်ယှက်ခက်နေတာ။ မီးကို မင်းလှလမ်းဆုံ ကနေ လှမ်းမြင်နေရတယ်” လို့ ဒေသခံ ကားသမားတဦးက ပြောပါတယ်။ ပျက်စီးဆုံးရှုံးမှု…

  • Cosmic Princess Kaguya!

    Cosmic Princess Kaguya!

    Cosmic Princess Kaguya! (2026) Netflix ကနေ အသစ်ထွက်ရှိလာတဲ့ Anime ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ Kaguya ဆိုတာ ဂျပန်နာမည်ကျော် ဒဏ္ဍာရီပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ ဝါးခုတ်သမား အဘိုးအိုကနေ ထူးဆန်းတဲ့ဝါးပင်ကိုတွေ့ရင်း ဖြတ်လိုက်တော့ လူသေးသေးလေး ကောင်မလေးကို တွေ့ပြီး မွေးစားခဲ့တဲ့ ဇာတ်လမ်းမျိုးပေါ့။ ဒီထဲမှာကျ ဒါကို တစ်မျိုး ဆန်းသစ်ထားတယ်။ Iroha ဆိုတာက မိဘအိမ်ကနေဆင်းလာပြီး ကိုယ့်ဒူးကိုယ်ချွန် ကျောင်းတက်လိုက် အလုပ်လုပ်လိုက်နဲ့ ဘဝကို ရုန်းကန်နေရသူ ၁၇ နှစ်အရွယ်ကောင်မလေး။ အဲဒီမှာ တစ်ညအိမ်ကိုပြန်လာနေတုန်း ဓာတ်တိုင်ကြီးက ထူးဆန်းနေလို့ သွားကြည့်လိုက်တာ ကလေးလေးတစ်ယောက်ကို သွားတွေ့ပြီး အိမ်ကိုခေါ်လာ မွေးစားဖို့ ဖြစ်လာရော။ ဒါပေမယ့် ဒင်းကလေးက ညတွင်းချင်းပဲ ရွယ်တူလောက် ဖြစ်လာပြီး သူ့ကိုယ်သူ လပေါ်ကလာတဲ့ မင်းသမီးလေး…

  • Take This Waltz

    Take This Waltz

    Take this Waltz (2011) ဒီကားကို ရိုးရိုးသားသားပြောရရင် Seth Rogen ပါတာကြောင့် ဟာသရုပ်ရှင်တစ်ကားလို့ပဲ မှတ်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း အထင်နဲ့အမြင်လွဲပြီး ရင်ထဲ ဟာတာတာနဲ့ ဘာကိုလိုအပ်မှန်းမသိအောင်ဖြစ်သွားခဲ့ရတယ်။ ပြောချင်တာက ဒီကားက နားလည်ရခက်တယ်။ နားလည်ရခက်ပေမယ့် တကယ်တမ်းလက်တွေ့ဘဝကို ပြန်ကြည့်လိုက်တော့လည်း ဒီလိုကိစ္စမျိုးက ခဏခဏဖြစ်နေတယ်။ အဲတော့ ဒီရုပ်ရှင်က မင်းသားဘက်ကကြည့်ကြည့်၊ မင်းသမီးဘက်ကကြည့်ကြည့် မမှားတဲ့ကိစ္စတစ်ခုဖြစ်နေပြန်တယ်။ ကျွန်တော်ကတော့ယောကျ်ားလေးဖြစ်တာမလို့ ဒီရုပ်ရှင်မှာ မင်းသမီးဘက်က မှားတယ်လို့ ထင်မိပြန်တယ်။ ဒါကတော့ ရှုထောင့်တွေအလိုက်ကွဲသွားမှာပေါ့လေ။ ဇာတ်ညွှန်း ကျွန်တော်တို့ဘဝမှာ အလုပ်တွေလုပ်ကြတယ်။ အသုံးအဆောင်ပစ္စည်းတွေဝယ်ကြတယ်။ ဒါလေးရရင် ဟိုဟာလေးဆိုကောင်းမှာ။ ဟိုဟာလေးရပြန်တော့လည်း စိတ်တိုင်းကမကျပြန်။ ဒါဟာလူ့သဘာဝပါပဲ။ အချစ်ရေးလည်းဒီလိုပါပဲ။ အိမ်ထောင်ရေးမှာဆို ပိုလို့တောင်ဆိုးပါသေးတယ်။ Margot ဟာ အလွတ်တမ်းစာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဝါသနာလောက်လိုက်ရင်းနဲ့ Daniel…

  • Mama

    Mama

    Mama (2013) Mama (2013) ဟာ Horror / Fantasy / Mystery လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ ဒါရိုက်တာကြီး Guillermo del Toro ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် သူ့ရဲ့ Theme Style တွေတော်တော်ပါဝင်ပါတယ်။ ဒါ့အပြင် မင်းသားမင်းသမီးတွေကလည်း ပရိသတ်နဲ့မစိမ်းတဲ့သရုပ်ဆောင်တွေဖြစ်တာမလို့ အတော်လေးကြည့်လို့ကောင်းတယ်လို့ဆိုရပါမယ်။ Horror ရုပ်ရှင်တစ်ကားဖြစ်ပေမဲ့ ကြောက်ဖို့တင်မကပဲ မိခင်မေတ္တာကိုလည်း ပြသသွားပါတယ်။ ဇာတ်ညွှန်း တောထဲက လူသူအရောက်အပေါက်နည်းတဲ့ တဲအိမ်လေးတစ်လုံးမှာ ကလေးမလေးနှစ်ယောက်တည်းကျန်ခဲ့ပါတယ်။ ကလေးမလေးနှစ်ယောက်ဟာ တောထဲမှာနေတာကြာလာသောကြောင့် လောကကြီးနဲ့အဆက်အသွယ်ပြတ်ကာ စကားပြောနည်းကိုလည်းမေ့၊ ဘာဆိုဘာမှမသိတော့ပဲ အရိုင်းမလေးနှစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲထက်ပိုပြီးထူးဆန်းတာက သူတို့ကို စောင့်ရှောက်နေတာက မာမားလို့ခေါ်တဲ့ သရဲတစ်ယောက်ဖြစ်နေတာပါပဲ။ ဒီကလေးမလေးနှစ်ယောက်ကိုလက်လျှော့ပဲရှာနေခဲ့တာက သူတို့ရဲ့ဦးလေးဖြစ်သူ လူကပ်စ်ပဲဖြစ်ပါတယ်။ တစ်ရက်မှာတော့ ကြိုးစားမှုရလဒ်အရာထင်ခဲ့ပြီး ကလေးမလေးနှစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့…

  • Secret Reunion

    Secret Reunion

    Secret Reunion (2010) အခုတစ်ခါမှာတော့ 2010 ခုနှစ်ရဲ့ Blue Dragon Awards မှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့တဲ့ Secret Reunion ဆိုတဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကလည်း အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Parasite, A taxi driver မှ မင်းသားကြီး Song Kang Ho နှင့် Tempest, Uprising မှ မင်းသားကြီး Kang Dong Won တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ ကြည့်ရတာ တန်မဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဆိုးလ်မြို့မှာ ပဟေဠိဆန်တဲ့ သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွါးခဲ့ပြီး အဲဒီပစ်ခတ်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့်ပဲ…