Author: Baby Yit Lone
-

ICJ ကြောင့် လေသံပြောင်းသွားသည့် မဘသများ
ယမန်နေ့ကျင်းပသည့် ရန်ကုန်မြို့လယ်စုဝေးပွဲတွင် အတိတ်က ရိုဟင်ဂျာဆန့်ကျင်ပွဲများနည်းတူ ဦးဝင်းကိုကိုလတ် နည်းတူ ဦးသုစိတ္တလည်း တက်ရောက်ဟောပြောခဲ့သည်။ အမျိုးသားရေးသမားအမည်ခံ စစ်တပ်ထောက်ခံရေးသမားတို့သည် ၎င်းတို့၏အစဉ်အလာအတိုင်း ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် ယမန်နေ့ နေ့လယ်ပိုင်းက စုဝေးခဲ့ကြပြီးသည်။ စစ်တပ်၏ခွင့်ပြုချက်ဖြင့် ကျင်းပခဲ့သည့် အနည်းဆုံး လူ ၅၀၀ ခန့်ပါဝင်သော ထိုစုဝေးပွဲသည် နိုင်ငံတကာတရားရုံး ICJ တွင် ဂမ်ဘီယာကတရားစွဲထားသည့် ရိုဟင်ဂျာတို့ကိုလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တရားရင်ဆိုင်နေရသည့် စစ်ကော်မရှင်ကိုယ်စားလှယ်များကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ စုဝေးပွဲကို ‘အမျိုးသားရေးသမား’ ဟု ၎င်းကိုယ်၎င်း မကြာခဏရည်ညွှန်းလေ့ရှိသည့် ဦးဝင်းကိုကိုလတ်က ဦးဆောင်သည်။ ဦးဝင်းကိုကိုလတ်သည်ဆယ်စုနှစ်နှင့်ချီကြာ ရိုဟင်ဂျာနှင့် မွတ်ဆလင်မုန်းတီးရေး လှုပ်ရှားမှုများကို ဦးဆောင်သူဖြစ်ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် မဘသ ဘုန်းတော်ကြီးများနှင့် မွတ်ဆလင်မုန်းတီးရေး ဘုန်းကြီး ဦးဝီရသူ၏ တပည့်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း စစ်တပ်ထောက်ခံရေးသမား၊…
-

၁၅ နှစ်အောက် ဆိုရှယ်မီဒီယာသုံးခွင့် ပိတ်ရန် ပြင်သစ်အောက်လွှတ်တော် အတည်ပြု
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းရဲ့ ထောက်ခံမှုနဲ့ တင်သွင်းတဲ့ အသက် ၁၅ နှစ်အောက်တွေ ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်ရေး ဥပဒေကြမ်းကို ပြင်သစ်အောက်လွှတ်တော်က ဇန်နဝါရီ ၂၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၁၁၆ မဲ၊ ကန့်ကွက်မဲ ၂၃ မဲနဲ့ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး အထက်လွှတ်တော်မှာပါ ထပ်မံအတည်ပြုပြီးရင်တော့ ဥပဒေအဖြစ် တရားဝင် အသက်ဝင်လာမှာပါ။ ဥပဒေသာ အတည်ဖြစ်လာရင် ၁၅ နှစ်အောက် ကလေးတွေဟာ Snapchat၊ Instagram နဲ့ TikTok လို လူမှုကွန်ရက်တွေကို သုံးစွဲခွင့်ရတော့မှာ မဟုတ်ပါဘူး။ သမ္မတ မက်ခွန်း ကတော့ ဒါဟာ “အဓိကခြေလှမ်းတရပ်” ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး “ကျုပ်တို့ကလေးတွေရဲ့ ဦးနှောက်တွေဟာ ရောင်းကုန်မဟုတ်ဘူး” လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ လာမဲ့…
-

မြန်မာစစ်တပ်နှင့်စစ်အသိုင်းအဝိုင်း Facebook အကောင့် ၂၇၀ ဖယ်ရှားအရေးယူ
မြန်မာစစ်တပ်ရဲ့ စီးပွားရေးနဲ့ ဝါဒဖြန့်ချိရေး Facebook အကောင့်ပေါင်း ၂၇၀ ကို အမေရိကန် အခြေစိုက် Meta ကုမ္ပဏီက ဖယ်ရှားခဲ့တယ်လို့ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တဖွဲ့ ဖြစ်တဲ့ Justice for Myanmar အဖွဲ့က ဇန်နဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ Facebook ဟာ မြန်မာစစ်တပ်နဲ့ စစ်အသိုင်းအဝိုင်းက လူမှုကွန်ရက်စာမျက်နှာတွေ၊ အုပ်စုတွေနှင့် ပရိုဖိုင်းအကောင့်တွေ စုစုပေါင်း ၂၇၀ ခုကို ဖယ်ရှားခဲ့ကြောင်း၊ ဒါဟာ Meta ကုမ္ပဏီက ၂၀၂၁ ခုနှစ်မှာ စတင်ခဲ့တဲ့ စစ်တပ်ထိန်းချုပ်သော စီးပွားရေးလုပ်ငန်းတွေနဲ့ သတင်း မီဒီယာတွေကို ပိတ်ပင်တဲ့ မူဝါဒအရ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီအကောင့်အများစုဟာ MyTel ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ရောင်းချတဲ့ အကောင့်တွေဖြစ်ပြီး ကျန်အကောင့်တွေကတော့…
-

ဆေးရုံတွင် အလောင်းများ ထပ်နေပြီး ခေါင်မိုးများပေါ်မှ စနိုက်ပါများကို အီရန် ဗီဒီယိုအသစ်များတွင် မြင်တွေ့ရ
ယခုလအစောပိုင်း ဆန္ဒပြပွဲများတွင် ယခင်က မကြုံဖူးသော နှိမ်နင်းမှုများ ရှိခဲ့ပြီးနောက် ဆေးရုံတစ်ခုတွင် အလောင်းများထပ်နေပြီး အဆောက်အဦးများပေါ်တွင် စနိုက်ပါများကို ချထားကာ စီစီတီဗီကင်မရာများအား ဆန္ဒပြ သူများက ဖျက်ဆီးနေပုံများ အီရန်မှ ထပ်မံထွက်လာပြီးနောက် တိုက်ဆိုင်စိစစ်ထားသော ဗီဒီယိုများတွင် မြင်တွေ့ရသည်။ အီရန်မှ ယခုနောက်ဆုံးပေါ်ထွက်လာသော ဗီဒီယိုများကို ဆန္ဒပြပွဲများ အရှိန်ရနေခဲ့သော ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်က ရိုက်ကူးခဲ့ထားသည်ဟု နားလည်ရသည်။ ထိုရက်များမှာ ဆန္ဒပြသူ အများဆုံး သေဆုံးခဲ့သော နေ့များဖြစ်သည်ဟု ယူဆရပြီး အီရန် လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နင်းခဲ့သည်ကို ဗီဒီယိုများတွင် မြင်တွေ့ရသည်။ တီဟီရန်မြို့အရှေ့ပိုင်းမှ တီဟီရန်ပါးစ် ဆေးရုံတွင် အလောင်းများ ထပ်နေသည်ကို ဗီဒီယိုရိုက်ချက် အများအပြားတွင် မြင်တွေ့ရပြီး ရေတွက်ခဲ့ရာ၌ အနည်းဆုံး…
-

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ Express ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဥ် ၁ စီး အင်ဂျင်ခန်းကနေ စတင်ကာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၇ ရက် ဒီကနေ့ မနက်အစောပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၄၆/၅) အနီးမှာ “ဒို့ညီနောင်” ခရီးသည်တင် ယာဉ်ဟာ အင်ဂျင် အနောက်ခန်းကနေ စတင်ပြီး အပူရှိန်လွန်ကဲရာက မီးလောင်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “အင်ဂျင်အပူလွန်ပြီး လောင်တာလို့ ပြောတယ်၊ ဝါယာရှော့တွေ ဖြစ်ပြီး ကားအတွင်းခန်းတွေထဲထိ မီးကူးသွားတာ” လို့ ကားသမားတစ်ဦးက ပြောပါတယ်။ အဆိုပါ ယာဉ်မီးလောင်ကျွမ်းမှုဟာ နာရီဝက်ခန့် ကြာမြင်ခဲ့တယ်လို့ သိရပြီး ကားပေါ်ပါလာသူတွေ ဘေးကင်းခဲ့သလို ကားအောက်ခန်းထဲက ကုန်ပစ္စည်းတချို့ကိုလည်း ထုတ်ယူနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ “လူတွေ ထိခိုက်တာ မရှိပါဘူး၊ ကားအောက်ခန်းက…