Author: Baby Yit Lone

  • ကပစ ၂၂ ကို လာသည့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံး

    ကပစ ၂၂ ကို လာသည့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံး

    ပေါက်-ဆိပ်ဖြူ လမ်းပိုင်းမှ ကပစ ၂၂ ကို လာသည့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံးပြီး ခြေပြတ်၊ လက်ပြတ်များကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်-ဆိပ်ဖြူ လမ်းပိုင်းမှ ကပစ ၂၂ ကို လာသည့် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံးပြီး ခြေပြတ်၊ လက်ပြတ်များကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဩဂုတ်လ ၂၉ ရက်နေ့က စတင်ပြီး ပေါက်မြို့နယ် ကပစ ၂၄ မှ ထွက်လာသော ကားအစီးရေ…

  • ဟုမ္မလင်းမြို့နယ်ရှိ NUG အချုပ်ခန်းမှ သုံ့ပန်း ၁၁ဦး ထွက်ပြေး၊ ၅ ဦးပြန်ဖမ်းမိ

    ဟုမ္မလင်းမြို့နယ်ရှိ NUG အချုပ်ခန်းမှ သုံ့ပန်း ၁၁ဦး ထွက်ပြေး၊ ၅ ဦးပြန်ဖမ်းမိ

    စခန်းအချုပ်ခန်းအတွင်း ချုပ်နှောင်ထားသော သုံ့ပန်း ၁၁ ဦးသည် ထွက်ပြေးလွတ်မြောက်သွားရာ သုံးရက် အကြာတွင် ငါးဦး ပြန်ဖမ်းမိခဲ့သည်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အချုပ်ခန်းမှ သုံ့ပန်း ၁၁ ဦး ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ငါးဦးကို ပြန်ဖမ်းမိခဲ့ကြောင်း သိရှိရသည်။ သုံ့ပန်း ၁၁ ဦး ထွက်ပြေးလွတ်မြောက်သွားချိန်တွင် အချုပ်ခန်းလုံခြုံရေးကင်းစောင့်နေသော ကိုမိုးသီး ဆိုသူ ပြည်သူ့လုံခြုံရေး(ပလဖ)တပ်ဖွဲ့ဝင်တစ်ဦးလည်း ပျောက်ဆုံးသွားသည်ဟု ထိုဖြစ်စဉ်ကို သိရှိသည့် တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။ ထွက်ပြေးလွတ်မြောက်သွားသူများမှာ ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်းရွာတိုက်ပွဲနှင့် ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း ဖမ်းမိထားသော ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ အသက် ၂၅ မှ ၅၈ နှစ်အတွင်း အမျိုးသားများဖြစ်ပြီး…

  • ဆရာဝန်အတုတွေနဲ့ ဖွင့်တဲ့ အလှအပရေးရာဆေးခန်းတွေရဲ့ အန္တရာယ်

    ဆရာဝန်အတုတွေနဲ့ ဖွင့်တဲ့ အလှအပရေးရာဆေးခန်းတွေရဲ့ အန္တရာယ်

    ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ မျက်နှာနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတချို့ ခွဲစိတ်ပြုပြင်တာအထိ ကုသပေးနေတဲ့ အလှအပရေးရာ (Aesthetic) ဆေးခန်းတွေထဲမှာ အမည်ခံဆရာဝန်သုံးပြီး ဆေးပညာ တတ်ကျွမ်းနားလည်သူက ကုသတာ မဟုတ်တဲ့ ဆေးခန်းအတုတွေ ရှိလာပါတယ်။ အဲဒီဆေးခန်းတုတွေက မျက်နှာကိုဆေးထိုးပြုပြင်တဲ့ ဖေလ်လာ (Filler) ကုထုံးအပါအဝင် ခန္ဓာကိုယ်ကောက်ကြောင်းလှစေတဲ့ အဆီစုပ်ထုတ်ကုသမှုကစလို့ အမျိုးမျိုးသော အလှအပရေးရာ ကုသမှုတွေကို လုပ်ပေးပါတယ်။ ဆေးခန်းအတုတွေမှာ ဆရာဝန်အယောင်ဆောင်ထားတဲ့သူတွေက မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ကုသနေတာကြောင့် မျက်နှာပျက်စီးသွားရတဲ့ ပြဿနာတွေအပြင် အသက်ဆုံးရှုံးတဲ့အထိဖြစ်တဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့မှာ အယောင်ဆောင်ဆရာဝန်တွေ အလုပ်လုပ်နေတဲ့ အလှအပဆေးခန်းတွေ ဘယ်လိုလည်ပတ်နေလဲ။ အယောင်ဆောင်အလှအပရေးရာ ဆေးခန်းတွေရဲ့ ကုသမှုတွေနောက်မှာ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ အခြားနစ်နာမှုတွေကို ဘီဘီစီက စုစည်းခဲ့ပါတယ်။ “အရမ်းကြောက်တယ်၊ ကြောက်စိတ်ပျောက်‌အောင် ဟာသလေးပြောပေးပါလား” ရန်ကုန်မြို့၊…

  • ကျားဖြန့်‌ တွေဆေးခန်းပါဖွင့်နေကြပြီ

    ကျားဖြန့်‌ တွေဆေးခန်းပါဖွင့်နေကြပြီ

    သတိ ကျားဖြန့်‌ တွေဆေးခန်းပါဖွင့်နေကြပြီ ဟုတ်ပါတယ် စာမှားမဖတ်မိပါဘူး ကျားဖြန့်ဆေးခန်းပါ။ အတော်များများသိပြီးပြီလားမသိပေမယ့် မသိကြသေးတဲ့သူတွေသတိထားရအောင် မမနုက တီးခေါက်ပေးလိုက်ပါတယ်။ ဆေးခန်းက ခုအွန်လိုင်းပေါ်မှာဂယက်ထနေတဲ့ ဆေးခန်းတစ်ခုတည်းမဟုတ်ပါဘူး။မမနု သိရှိရသလောက် ဆေးခန်းတွေကိုဝေမျှပေးသွားပါမယ်နော်။ (၁)မြင့်မြတ်အမျိုးသမီးရောဂါအထူးကု (အမှတ် – ၁၆၆ (အေ)ကြည့်မြင်တိုင်ကမ်းနားလမ်း (အလုံလမ်းထောင့်) (၂) Myint Myat Clinic Yangon – အမှတ် – ၁၆၆ (အေ)ကြည့်မြင်တိုင်ကမ်းနားလမ်း (အလုံလမ်းထောင့်) (၃) Yangon Sunny Clinic – အမှတ် (၁၃၇၀)သံသုမာလမ်းမကြီး နဲ့ ဒေဝဒဟ ( ၃၈ )လမ်း ၊ တောင်ဥက္ကလာပ မြို့နယ်။ (၄)အမျိုးသားအမျိုးသမီး ကျန်းမာရေးဆိုင်ရာဆေးခန်း – အမှတ် (၁၃၇၀)သံသုမာလမ်းမကြီး နဲ့ ဒေဝဒဟ (…

  • မြဝတီမြို့နယ်တွင် ထိုင်းပြန်စစ်တပ်က   စစ်ကြောင်းထိုးလာ

    မြဝတီမြို့နယ်တွင် ထိုင်းပြန်စစ်တပ်က စစ်ကြောင်းထိုးလာ

    မြဝတီမြို့နယ်တွင် ထိုင်းပြန်စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်လေယာဉ်များက ဗုံးများကျဲချ စစ်ကူပေးနေ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ နို့ဖိုးရွာနှင့် ထီးမူထရွာဘက်သို့ ထိုင်းမှ ထွက် ပြေးပြီး ပြန်ဝင်ရောက်လာသော စစ်သားများ စုပေါင်းထားသော စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်လေယာဉ်များကလည်း ဗုံးများကျဲချခြင်းဖြင့် စစ်ကူပေးနေကြောင်း ကရင် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် BGF မှ ဗိုလ်မုတ်သုန် လက်အောက်ခံအဖွဲ့က သယ်ပို့ပေးမှုဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးပြီး မြဝတီသို့ ပြန်လည်ရောက်ရှိလာသော ခလရ ၂၇၅ တပ်ရင်းမှ အကြမ်းဖက် စစ်သား ၁၀၀ ခန့်မှာ နို့ဖိုးရွာ နှင့် ထီးမူးထရွာ ဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ထိ စစ်ကြောင်းကို KNLA…