Author: Baby Yit Lone
-

အောင်ဇေယျစစ်ကြောင်း စစ်ကျွံလာလို့ အထိနာပြီးပြန်ဆုတ်
ကရင်ပြည်နယ်၊ အာရှလမ်းမကြီးဘေးက ထီးမူထရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သားတွေကျွံဝင်လာလို့ တိုက်ခိုက်ခံရပြီးထိခိုက်သေဆုံးမှုများတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ၂ရက်ကတည်းက ထီးမူထရွာနားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အောင်ဇေယျစစ်ကြောင်းက စစ်သားတွေ ကျွံလာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “ကျွံလာတာ။ မနေ့ ထီးမူထရွာနားမှာ ထိတွေ့မှုဖြစ်တယ်။ နောက်ပြန်ဆုတ်သွားရတယ်။ အဲ့လိုလာအောင် စောင့်နေရတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ ခုလာတော့တီးယုံပေါ့”လို့၎င်းကပြောပါတယ်။ စက်တင်ဘာ ၃ ရက်မှာလည်း မနက်တည်းက တိုက်ပွဲတွေဖြစ်နေတာလို့ ၎င်းကဆက်ပြောပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေကတော့ ဒီကနေ့မှာ KNU/KNLAရဲ့ စခန်းနေရာ ၃ ခုကို သိမ်းပိုက်ရယူပြီး ရန်သူ့အလောင်း ၇ လောင်း၊ လက်နက်မျိုးစုံ ၆ လက်၊ ပစ်ကျင်း/ဘန်ကာ၊ လူနေတဲတွေ သိမ်းပိုက်ရရှိခဲ့ပြီး အာရှလမ်းဘက်မှာလည်း အောင်မြင်မှုများစွာရရှိနေတယ်လို့ ဝါဒဖြန့်နေပါတယ်။ ဒါပေမယ့်သတင်းဓါတ်ပုံတစ်ပုံမှဖော်ပြမထားပါဘူး။…
-

မြင်းခြံမှာ ပြည်သူကို ငွေညှစ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ ခုနှစ်ယောက် သေ၊ လက်နက်တွေရ
မြင်းခြံမှာ ပြည်သူကို ငွေညှစ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ ခုနှစ်ယောက် သေ၊ လက်နက်တွေရ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲကျေးရွာ စာသင်ကျောင်းထဲ စခန်းဖွင့်အထိုင်ချနေထိုင်ကာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို စက်တင်ဘာ ၂ရက် မနက်ပိုင်းက မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ခုနှစ်ယောက် သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှီတယ်လို့ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂ရက် မနက်ပိုင်းက မြင်းခြံမြို့နယ် ကုက္ကဲရွာ အထက်တန်းကျောင်းခွဲက ထွက်လာပြီး ခရီးသွားပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို ရေီ့ထွက် ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းနဲ့ တိုက်ခိုက်ပြီးနောက်…
-

နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းရန် MSFC နှင့် PRA – Magwayတို့ သဘောတူညီ
အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး အပါအဝင် နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းရန် MSFC နှင့် PRA – Magwayတို့ သဘောတူညီ အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး အပါ အဝင် နိုင်ငံ ရေး၊ စစ်ရေး ပူးပေါင်းကူညီရန် MSFC နှင့် PRA – Magwayတို့ သဘောတူညီလိုက်ကြောင်း သိရှိရသည်။ အကြမ်းဖက်အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ရန်အပါအဝင် နိုင်ငံရေးအရ အတူတကွ ပူးပေါင်း၍ စစ်ရေးအရ အပြန်အလှန်ကူညီ ရပ်တည်သွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) နှင့် လူထုတော်လှန် ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ ဩဂုတ်လ ၃၀ ရက်နေ့…
-

စစ်တပ်က ဗုံးကြဲခဲ့သည့် နောင်တခီးကျေးရွာ စာသင်ကျောင်း မြင်ကွင်း
ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ် နောင်တခီး ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က သြဂုတ် ၃ ရက် မနက် ၉ နာရီကျော်မှာ လေကြောင်း ဗုံးကြဲချခဲ့တာကြောင့် ဆရာမ တယောက်၊ ဆရာ တယောက်နဲ့ ကလေးငယ် တယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နောင်တခီး အခြေခံပညာအလယ်တန်းကျောင်းကို ကလေးသူငယ်တွေ ကျောင်းတက်နေတဲ့ အချိန်မှာ ကာမီကာဇယ်ဒရုန်းနဲ့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ရေးသတင်းရင်းမြစ် ဒေသခံတယောက်က “(KNU) ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေနယ်မြေ နောင်တခီးကျေးရွာ စာသင်ကျောင်းမှ ကျောင်းရုံးခန်းဘက်ကို ကျခဲ့တာ။ ဆရာမ တယောက်၊ ဆရာ တယောက်နဲ့ ကျောင်သားငယ် တယောက် (မစိုးရိမ်ရ)…
-

ရန်ကုန်တွင် အစမ်းမဲပေးလေ့ကျင့်ရန် မလာသူများကို ဧည့်စာရင်းပေးမည် မဟုတ်ဟု ခြိမ်းခြောက်
ရန်ကုန်မှာ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးစနစ် ရှင်းပြဖို့နဲ့ အစမ်းမဲပေးဖို့ တအိမ် တယောက် ခေါ်ယူပြီး မလာတဲ့သူတွေကို ဧည့်စာရင်းထုတ်ပေးမှာ မဟုတ်ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။ ရန်ကုန်တိုင်းက ရပ်ကွက်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တအိမ် တယောက် နှုန်းခေါ်ယူပြီး မဲအစမ်းထည့်ခိုင်းတာတွေကို စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာလုပ် တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ခံတယောက်က “အကုန်လုံးကိုခေါ်တာ။ ဧည့်စာရင်းတိုင်နေရတဲ့သူတွေကို မလာရင် ဧည့်စာရင်းတိုင်ရတာ ခက်မယ်လို့ ပြောတယ်။ မဲက အစမ်းထည့်ခိုင်းတာ။ ၁၈ နှစ်အထက်လူ ကုန်လာရမယ်။ မလာခဲ့ရင် မှတ်ထားတာ။ အဓိကတော့ လာတဲ့သူနည်းမှာ စိုးရိမ်လို့နေမယ်”လို့ ပြောပါတယ်။ အဲဒီကိစ္စကို ရပ်ကွက်အုပ်ချုပ်ရေးရုံးဘက်က အတည်ပြုတာရှိပြီးတော့ အသက် ၁၈ နှစ်…