Author: Baby Yit Lone

  • YBS ကြီး တိုက်ချက်ကြမ်းပြီ…

    YBS ကြီး တိုက်ချက်ကြမ်းပြီ…

    YBS ကြီး တိုက်ချက်ကြမ်းပြီ… လူ (၁၄) ယောက်တောင်… နေ့စဉ်နဲ့အမျှ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို အားကိုးပြီး ခရီးသွားလာနေကြရတဲ့ ပြည်သူတွေ အထူးသတိပြု ဆင်ခြင်နိုင်ဖို့အတွက် ရုတ်တရက် ဘရိတ်ပေါက်ရာကနေ ယာဉ် (၉) စီးကို အဆက်မပြတ် ဝင်တိုက်မိခဲ့တဲ့ ရင်ထိတ်ဖွယ် YBS ယာဉ်မတော်တဆမှု သတင်းကို တင်ဆက်ပေးလိုက်ပါတယ်။ 🚌 ရုတ်တရက် ဘရိတ်ပေါက်သွားတဲ့ YBS-၁၂၉ ဖြစ်စဉ်ကတော့ (ဇူလိုင် ၁၂ ရက်) နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့ အနောက်ပိုင်းရပ်ကွက်၊ မင်းကျောင်းလမ်းမကြီးပေါ်က ၉၉၉ မီးပွိုင့်အကျော်မှာ ဖြစ်ပွားခဲ့တာပါ။ ရန်ကုန်မြို့ဘက်ကနေ ကျောက်တန်းမြို့ဘက်ကို မောင်းနှင်လာတဲ့ “YBS-၁၂၉” ခရီးသည်တင် ယာဉ်ကြီးဟာ ရုတ်တရက် ဘရိတ်ပေါက်သွားခဲ့ပါတယ်။ 💥 ယာဉ် (၉) စီးကို…

  • ကျောက်ဖြူက ပြေးနေကြပြီ

    ကျောက်ဖြူက ပြေးနေကြပြီ

    ကျောက်ဖြူတွင် တောင်မော်ဦးရေတပ်တိုက်ပွဲ ပြန်လည်ပြင်းထန် ရွေးတုအစိုးရစစ်တပ် အထိနာကာ ဆုတ်ခွာထွက်ပြေးရ ‎ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦးရေတပ်အခြေစိုက် ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခ တပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ရွေးတုအစိုးရစစ်တပ်ဘက်မှ အထိနာကာ ဆုတ်ခွာသွားခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်မှတစ်ဆင့် အဝတောင်ကျေးရွာတွင် အင်အားဖြည့်တင်း ထားသော ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက် ညနေပိုင်းက အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။ထိုသို့ စစ်ကြောင်းထိုးလာစဉ် AA က ကြားဖြတ်ဆီးကြို တိုက်ခိုက် ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ “စစ်တပ်က စစ်ကြောင်းထိုးထွက်လို့ တိုက်ပွဲဖြစ်တာလို့ သိရတယ်။ သဘာဝဘေးကြောင့် ငဲ့ညှာပြီး စစ်ပွဲရပ်ထားတာကို AA…

  • ငွေ (၅) သိန်းနဲ့ ဖုန်း (၂) လုံးအတွက်… သက်တော် (၇၅) နှစ်အရွယ် ဆရာတော်ကြီးကို အသက်ပါတဲ့အထိ လုပ်ရက်ခဲ့ကြသူများ

    ငွေ (၅) သိန်းနဲ့ ဖုန်း (၂) လုံးအတွက်… သက်တော် (၇၅) နှစ်အရွယ် ဆရာတော်ကြီးကို အသက်ပါတဲ့အထိ လုပ်ရက်ခဲ့ကြသူများ

    ငွေ (၅) သိန်းနဲ့ ဖုန်း (၂) လုံးအတွက်… သက်တော် (၇၅) နှစ်အရွယ် ဆရာတော်ကြီးကို အသက်ပါတဲ့အထိ လုပ်ရက်ခဲ့ကြသူများ လောဘစိတ် ဖုံးလွှမ်းသွားတဲ့အခါ လူတွေဟာ ဘယ်လောက်တောင် ရက်စက် ကြမ်းကြုတ်သွားနိုင်လဲ ဆိုတာကို ပြသနေတဲ့ ရင်ကွဲပက်လက် ဖြစ်ရလောက်တဲ့ ဖြစ်ရပ်မှန် သတင်းတစ်ခုကို ဝမ်းနည်းစွာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ 😭 ငွေ ၅ သိန်းအတွက် ပေးဆပ်လိုက်ရတဲ့ အသက် ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်မှာ ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ သက်တော် (၇၅) နှစ်၊ ဝါတော် (၁၅) ဝါရှိပြီဖြစ်တဲ့ ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဖေဉာဏ် (ခ)…

  • အလုပ်ရမယ်ဆိုပြီး ၇ ရက်တိုင် အခန်းပိတ် ကျင့်ခံခဲ့ရတဲ့ မွန်မလေး

    အလုပ်ရမယ်ဆိုပြီး ၇ ရက်တိုင် အခန်းပိတ် ကျင့်ခံခဲ့ရတဲ့ မွန်မလေး

    အလုပ်ရမယ်ဆိုပြီး လိမ်ခေါ်ကာ (၇) ရက်တိုင်တိုင် အခန်းပိတ် မုဒိမ်းကျင့်ခံရတယ်လို့ ဆိုတဲ့ မွန်အမျိုးသမီးလေး နခွန်ပထုံခရိုင်က ထောင်းထီခါယု တပ်စခန်းထဲကို ဇူလိုင် ၁၂ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်က အမျိုးသမီးတစ်ဦး ဆိုင်ကယ်နဲ့ အလန့်တကြား ဝင်ရောက်လာခဲ့ပါတယ်။ သူမဟာ ထိုင်းစကား မပြောတတ်ဘဲ တာဝန်ကျ စစ်သားတွေကို လက်နှစ်ဖက်ဆန့်တန်းပြီး လက်ထိပ်ခတ်ပေးဖို့ အချက်ပြရင်း အကူအညီ တောင်းခံခဲ့တာပါ။ စစ်တပ်တာဝန်ရှိသူတွေက သူမကို လုံခြုံတဲ့နေရာမှာ ခေါ်ထားပြီး စကားပြန်အကူအညီနဲ့ မေးမြန်းခဲ့ရာ… သူမဟာ အသက် ၂၆ နှစ်အရွယ် “အသဇ” ဆိုတဲ့ မွန်အမျိုးသမီး ဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့ ထွက်ဆိုချက်အရ Facebook ကနေတစ်ဆင့် မြန်မာအမျိုးသားတစ်ဦးနဲ့ သိကျွမ်းခဲ့ပြီး… နခွန်ပထုံခရိုင်မှာ…

  • PDF ၂၀ ကျော် ကျဆုံးရတဲ့ ချောက်ဖြစ်စဉ် နောက်ကွယ်က လက်မည်းကြီး

    PDF ၂၀ ကျော် ကျဆုံးရတဲ့ ချောက်ဖြစ်စဉ် နောက်ကွယ်က လက်မည်းကြီး

    ၂၀ ကျော် ကျဆုံးရတဲ့ ချောက်ဖြစ်စဉ် နောက်ကွယ်က လက်မည်းကြီး မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းမှာ ဇူလိုင်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေအတွက် ရင်နင့်စရာ ကောင်းလောက်အောင် ဆုံးရှုံးမှု ကြီးမားခဲ့ရပါတယ်။ မကွေးခရိုင် တပ်ရင်း (၁) နဲ့ တပ်ရင်း (၃) က ရဲဘော်တွေ အပါအဝင် အသက်ပေးလှူသွားခဲ့ရတဲ့ ရဲဘော် ၂၀ ကျော်ရဲ့ သတင်းဟာ တစ်နိုင်ငံလုံးက တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကို စိတ်မကောင်းခြင်းကြီးစွာ ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ကို ဒီအတိုင်း ဝမ်းနည်းရုံတင်တင် ပြီးပျောက်သွားလို့ မရပါဘူး။ ဒီလောက်အထိ အထိနာခဲ့ရတဲ့ “နောက်ကွယ်က လက်မည်းကြီး” က ဘာလဲဆိုတာကို ကျွန်တော်တို့ ပြတ်ပြတ်သားသား သုံးသပ်ဖို့ လိုအပ်လာပါပြီ။ ၁။…