Author: Baby Yit Lone

  • “အီရန် ကို ကူညီမယ်” လို့ တရုတ်နိုင်ငံခေါင်းဆောင်ကြီး ရှီကျင်ဖျင် က ပြောတော့ မအလ လဲ ပျော်သွားတယ်

    “အီရန် ကို ကူညီမယ်” လို့ တရုတ်နိုင်ငံခေါင်းဆောင်ကြီး ရှီကျင်ဖျင် က ပြောတော့ မအလ လဲ ပျော်သွားတယ်

    “အီရန် ကို ကူညီမယ်” လို့ တရုတ်နိုင်ငံခေါင်းဆောင်ကြီး ရှီကျင်ဖျင် က ပြောတော့ မအလ လဲ ပျော်သွားတယ်

    တကယ်တန်း စစ်ဖြစ်လာတဲ့အခါမှာ ရုရှား နဲ့ တရုတ်နိုင်ငံတွေက ရှောင်ထွက်သွားတာ သူလက်တွေ့မြင်လိုက်ရတာလဲပါတာပေါ့

    တရုတ်စစ်သင်္ဘောကြီးတွေ အီရန်ပင်လယ်ပြင်ဖက်ကို မောင်းနှင်အားဖြည့်တော့မှာလား…

    တရုတ်တိုက်လေယာဉ်တွေ အီရန်နိုင်ငံပေါ်မှာ ရောက်လာတော့မလား ဆိုတာကို ရင်တဖိုဖို နဲ့ စောင့်ကြည့်နေမိတာပါတဲ့

    ရှီကျင့်ဖျင် က ထပ်ပြောတယ်… “ကူညီမယ် ဆိုပေမယ့်လဲ စစ်ရေးအကူအညီ မဟုတ်ပါဘူး” တဲ့

    “နည်းပညာအကူအညီလဲ မဟုတ်ဘူး” တဲ့

    “ထောက်လှမ်းရေးသတင်းပေးတာမျိုးလဲ မလုပ်ပါဘူး” တဲ့

    “ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ကို တိုက်တွန်းပေးမှာပါ” တဲ့

    သတင်းဖတ်ရင်း..မျက်ဖြူလန်ပြီး အကြောတက်သွားတဲ့ မအလ ကို ကြူကြူခေါ ထမိန်နဲ့အုပ်ပြီး နှာနှပ်ပေးလိုက်ရတယ်ဆိုလားဘဲ

    Melvin Moe

  • စုံ/မခွဲ တစ်ရက်ခြားကားမောင်းရမယ့် စစ်ခေါင်းဆောင်တွေရဲ့ ရွှေဉာဏ်တော် “ဆူးရောက်” စီမံခန့်ခွဲမှု

    စုံ/မခွဲ တစ်ရက်ခြားကားမောင်းရမယ့် စစ်ခေါင်းဆောင်တွေရဲ့ ရွှေဉာဏ်တော် “ဆူးရောက်” စီမံခန့်ခွဲမှု

    ကဲ…တော်လှန်သူရော မတော်လှန်သူ ပြည်သူအပေါင်းတို့ရေ

    ကျွန်တော်တို့ရဲ့ ဉာဏ်ကြီးရှင် စစ်ခေါင်းဆောင်းဆိုသူတွေဆီကနေ ကမ္ဘာ့အဆင့်မီ ဆင်ခြေတစ်ခုနဲ့ နောက်ထပ် မဟာဗျူဟာမြောက် စီမံကိန်းကြီးတစ်ခု ထွက်လာပြန်ပါပြီ။ အရှေ့အလယ်ပိုင်းမှာ စစ်ဖြစ်နေလို့ စက်သုံးဆီဝယ်ဖို့ ခက်သွားတယ်တဲ့ဗျာ။ ဒါကြောင့် ကားတွေကို “စုံ” ဂဏန်းပတ်၊ “မ” ဂဏန်းပတ် ခွဲပြီး တစ်ရက်ခြားစီပဲ မောင်းခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။

    စဉ်းစားသာကြည့်ကြပါတော့… အရှေ့အလယ်ပိုင်းမှာ ဗုံးကွဲတာနဲ့ ကျွန်တော်တို့ဆီက ဆီဆိုင်တွေမှာ ဆီကုန်သွားရောတဲ့။ အိမ်နီးချင်း ထိုင်းတို့၊ အိန္ဒိယတို့မှာကျတော့ ဘယ်သူမှ ဆီဆိုင်ရှေ့မှာ ခြင်ထောင်ထောင်ပြီး အိပ်မနေရပါဘူး။ တကယ့် ပြဿနာက ကမ္ဘာ့ဆီဈေးကြောင့် မဟုတ်ဘဲ နိုင်ငံတကာက အပေါင်းအသင်းမလုပ်တော့လို့၊ ရင်းနှီးမြှုပ်နှံသူတွေ ပြေးကုန်လို့ ကိုယ့်အိတ်ကပ်ထဲမှာ ဒေါ်လာ (USD) ပြတ်နေတာပါ။ “ပိုက်ဆံမရှိလို့ ဆီမဝယ်နိုင်ပါဘူး” လို့ ရိုးရိုးသားသား ဝန်မခံချင်ဘဲ အရှေ့အလယ်ပိုင်းက ဒုံးကျည်တွေကို လှမ်းပြီး ဗန်းပြနေတာ တွေးကြည့်လေ ရယ်စရာကောင်းလေပါပဲ။

    ဒီလို “စုံ/မ” ကစားလိုက်တော့ ဘာဖြစ်မလဲ။ လွယ်လွယ်လေးပါ။ ရုံးသွားမယ့်သူတွေ၊ ကုန်ပို့မယ့်သူတွေက တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာပဲ အလုပ်လုပ်၊ ကျန်တဲ့ရက်တွေဆို သူဌေးကို “ဒီနေ့ ကျွန်တော့်ကားနံပါတ်က ဥပုသ်စောင့်ရမယ့်ရက်မို့ အလုပ်မလာတော့ဘူး” လို့ ဖုန်းဆက်ခွင့်ရသွားတာပေါ့။ စီးပွားရေးလည်ပတ်မှု ထက်ဝက်တိတိ ရပ်သွားမယ်။ သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်လာတော့ အခြေခံစားသောက်ကုန်ဈေးတွေကလည်း ဒုံးပျံစီးပြီး တက်သွားဖို့ပဲ ရှိပါတယ်။

    “ကားမမောင်းရတဲ့ရက် YBS စီးပေါ့” လို့ ဉာဏ်လေး တစ်မိုက်လောက်နဲ့ အကြံပေးချင်တဲ့ လူတွေကိုလည်း YBS ပေါ် တစ်ခေါက်လောက် တက်ကြည့်ခိုင်းချင်ပါတယ်။ အခုတောင် ငါးပိသိပ် ငါးချဉ်သိပ် လိုက်နေရတဲ့ ဘတ်စ်ကားတွေပေါ်ကို ကားမောင်းခွင့်မရတဲ့ ပြည်သူတစ်ဝက်လောက် ထပ်တိုးစီးကြည့်လိုက်ပါ။ လူဝင်သွားပြီး ထွက်လာရင် ငါးခြောက်ပြားလေး ဖြစ်လာမယ့် အကွက်ပါ။ အစားထိုးစရာ အများပြည်သူပို့ဆောင်ရေးစနစ် ကောင်းကောင်းမရှိဘဲနဲ့ အခုလို ပိတ်ပင်တာဟာ “ရေမလာရင် ရေချိုးမနေနဲ့ပေါ့” လို့ ပြောတဲ့ တာဝန်မဲ့မှုပါပဲ။

    ဒါပေမဲ့ ဒီအစီအစဉ်ကို သဘောကျမယ့် လူတန်းစားတစ်ရပ်တော့ ရှိပါတယ်။ အဲဒါကတော့ လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေနဲ့ အောက်ခြေ အာဏာပိုင်တွေပါပဲ။ လိုင်စင်ပြား အတုတွေ ပေါ်လာမယ်။ မောင်းခွင့်မရှိတဲ့ရက် မောင်းချင်ရင် ဂိတ်မှာ “လက်ဖက်ရည်ဖိုး” လေး ပေးလိုက်တာနဲ့ “စုံ/မ” တွေကိစ္စ မရှိတော့ပါဘူး။ ပြောရရင်တော့ ဒီစနစ်ဟာ အကျင့်ပျက်ခြစားမှုအတွက် စီးပွားရေး လှုံ့ဆော်မှု အသစ်တစ်ခု ဖန်တီးပေးလိုက်တာပါပဲ။

    ဒီ “စုံ/မ” စာထွက်လာတာဟာ ကိုယ့်အမှားကို သူတစ်ပါးအပေါ် ပုံချချင်တဲ့၊ ပြဿနာရဲ့ အရင်းအမြစ်ကို မကုဘဲ အဖျားကိုသာ ဖာထေးချင်တဲ့ စီမံခန့်ခွဲမှု အလွဲကြီးတစ်ခုပါ။
    ဒီလို ဉာဏ်နည်းလွန်းတဲ့၊ အမြဲတမ်း ပြည်သူကိုပဲ ဒုက္ခရှာပေးနေတဲ့ သူတွေရဲ့ ကစားကွင်းထဲမှာ ကျွန်တော်တို့ ဘယ်လောက်ကြာကြာ ဆက်ကစားနေကြမလဲ။ သူတို့ရဲ့ ယန္တရားတွေ အလုပ်မဖြစ်အောင်၊ ဒီလို အဓိပ္ပာယ်မဲ့တဲ့ ညွှန်ကြားချက်တွေကို လူရွှင်တော်တွေရဲ့ ပြက်လုံးတစ်ခုလို သဘောထားပြီး ကျွန်တော်တို့အားလုံး အသိဉာဏ်နဲ့ ယှဉ်ကာ ဆက်လက် အာဏာဖီဆန်ကြဖို့ အချိန်တန်နေတုန်းဆိုတာ သတိပေးလိုက်ပါရစေ။

    ✍️ဂနွဝင်ကိုကို✍️

  • လူမှုကူညီရေးအသင်းအဖွဲ့တွေ မတည်ငွေအဖြစ် ဘဏ်မှာ သိန်း ၅၀၀ မှ ၁၀၀၀ ကျပ်အထိ အမြဲတမ်းထားရှိဖို့ သတ်မှတ်ညွှန်ကြား

    လူမှုကူညီရေးအသင်းအဖွဲ့တွေ မတည်ငွေအဖြစ် ဘဏ်မှာ သိန်း ၅၀၀ မှ ၁၀၀၀ ကျပ်အထိ အမြဲတမ်းထားရှိဖို့ သတ်မှတ်ညွှန်ကြား

    ပြည်တွင်းက လူမှုကူညီရေးအသင်းအဖွဲ့တွေအနေနဲ့ ပြည်နယ်နဲ့ တိုင်း မှတ်ပုံတင်မတည်ငွေအဖြစ် သိန်း ၅၀၀ ကျပ် ၊ ပြည်ထောင်စုအဆင့် အသင်းအဖွဲ့တွေက မတည်ငွေအဖြစ် သိန်း ၁၀၀၀ ကျပ် ဘဏ်စာရင်းမှာ အမြဲတမ်းထားရှိဖို့ တာဝန်ရှိသူတွေက တရားဝင် ညွှန်ကြား သတ်မှတ်လိုက်တယ်လို့ အသင်းအဖွဲ့တွေဆီက စုံစမ်းသိရှိရပါတယ်။

    ” ဘဏ်စာရင်းပြရမယ်။ အနည်းဆုံး သိန်း ၅၀၀ ပြရမယ်ပြောတယ်။ အခုမှစာ တရားဝင်ထုတ်လာတာပေါ့။အရင်က အဲလိုမရှိဘူး ။ အသင်းရဲ့ ငွေစာရင်းအဝင်အထွက် ၊ လုပ်ဆောင်ချက်တွေ အစီအရင်ခံစာတင်ရမယ်။ စာထဲမှာအရတော့ ပြီးခဲ့တဲ့လကမှ အစည်းဝေးဆုံးဖြတ်ချက်နဲ့ထုတ်တာလို့ပါတယ်။ သိန်း ၅၀၀ မပြနိုင်ရင် အသင်းဖျက်သိမ်းရမှာလား မေးထားတာတော့ ပြန်ဖြေကြားတာမရှိသေးဘူး ။ ” လို့ ကရင်ပြည်နယ်ထဲက လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။

    တကယ်လို့ ဘဏ်စာရင်းမှာ သိန်း ၅၀၀ ကျပ်ကိုသာ ထည့်သွင်းထားနိုင်ခြင်းမရှိလို့ အသင်းဖျက်သိမ်းရမယ်ဆိုပါက ဖျက်သိမ်းရမယ့် လူမှုကူညီရေး အသင်းအများအပြားရှိနိုင်တဲ့အတွက် အကူအညီလိုအပ်တဲ့ ပြည်သူတွေ ဒုက္ခရောက်နိုင်တယ်လို့ သိရပါတယ်။

    ” သိန်း ၅၀၀ မပြနိုင်လို့ အသင်းဖျက်သိမ်းရရင် မလွယ်ဘူး ။ ပြည်သူတွေအတွက် အများကြီး ဆုံးရှုံးနစ်နာနိုင်တယ်။ အခုလက်ရှိတောင် ကိုယ်ထူကိုယ်ထနဲ့သွားနေရတာ။ ကျွန်တော်တို့အသင်းဆိုလည်း မပြနိုင်ဘူး ။ မပြနိုင်လို့ ရပ်ဆိုရင် ရပ်လိုက်ရမှာပဲ ။ ဘဏ်ထဲငွေရောက်သွားရင်လည်း ထုတ်ဖို့က ခက်တယ်။ အဆင်မပြေဘူး ။နောက်ပြီး ကျွန်တော်တို့လည်း အဲဒီလောက်ပမာဏကို သုံးပြီးမလုပ်နိုင်သေးဘူး ။ ခုတောင်မှ လုံးလည်ချာလည်လိုက်နေတာ ။ကိုယ်လုပ်နေတဲ့ စီးပွားရေးအမြတ်အစွန်းလေးတွေနဲ့ ပြန်ပြီး ဖာထေးလုပ် စိုက်နေရတာ ။ ပိုငွေမရှိဘူး ။လူတိုင်းကလည်း စီးပွားရေးကျပ်တည်းနေတော့ အလှူရှင်ဆိုတာလည်း အရင်လိုပေါပေါများများမရှိဘူး ။” လို့ သူကပြောပါတယ်။

    လူမှုကူညီရေး အသင်းအဖွဲ့တွေ မတည်ငွေထားရမယ့် ငွေပမာကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ တရားဝင်သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။

    မတည်ငွေ ပမာဏဟာ ဘဏ်စာရင်းမှာ အမြဲတမ်းရှိရမယ့် အနည်းဆုံး လက်ကျန်ငွေပမာဏဖြစ်တဲ့အတွက် မတည်ငွေကနေ ထုတ်ယူသုံးစွဲခွင့်မရှိကြောင်း ၊ ယင်းပမာဏအတိုင်းထားရှိမှုရှိ/မရှိကိုလည်း ပြက္ခဒိန်နှစ်အတိုင်း ၃ လတကြိမ်စိစစ်ကြပ်မတ်သွားမှာ ဖြစ်တယ်လို့သိရပါတယ် ။

    ” အဲဒီ မတည်ငွေက ထုတ်ယူသုံးစွဲခွင့်မရှိဘူး ။ အဲဒါကအခုပြဿနာဖြစ်နေတယ်။ ၅၀၀ ဆိုရင် အဲဒါက အချိန်ပြည့် ရှိနေရမယ်။ တိုးချင်တိုးလို့ရမယ် ၊ ထုတ်ယူသုံးစွဲခွင့်မရှိဆိုတော့ နည်းနည်းတော့ ဂွကျတာပေါ့။ အခုက အချိန်ပြည့် ဘဏ်စာရင်းထဲမှာ ရှိနေရမှာ ဖြစ်သွားတယ်။ အဲဒီတော့ ရပ်တဲ့အသင်းတွေ ရပ်သွားလိမ့်မယ်။ကျန်တဲ့အသင်းတွေကျန်လိမ့်မယ်။ကြိုးစားပြီး လုပ်တဲ့အသင်းတွေလုပ်လိမ့်မယ်။ တော်တော်များများတော့ ရပ်သွားနိုင်တယ် ။ ခုတော့ အရေးယူမယ်ဘာညာ မပြောသေးပေမယ့် လုပ်ပါဆိုတာ ထွက်လာပြီလေ ။ ” လို့ နေပြည်တော် အခြေစိုက် လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူ တယောက်က ပြောပါတယ်။

    လက်ရှိထွက်ထားတဲ့ အစည်းဝေးဆုံးဖြတ်အရ သက်ဆိုင်ရာ အသင်းအဖွဲ့တွေဟာ လုပ်ငန်းဆောင်ရွက်တဲ့ ဒေသရှိ မြို့နယ်အုပ်ချုပ်ရေးမှူးထံကို ၃ လတကြိမ် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတင်ပြတဲ့အခါ Bank Statement အပါအဝင် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံတွေ ကိုပါ ထည့်သွင်းတင်ပြခြင်း ၊ တင်ပြချက် မိတ္တူကို သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့ နဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နဲ့ ဆက်စပ်တဲ့ အစိုးရဌာနအဖွဲ့အစည်းတွေကိုလည်း ပေးပို့တင်ပြရမှာ ဖြစ်တယ်လို့သိရပါတယ် ။

    အစိုးရမဟုတ်တဲ့ နိုင်ငံတကာအသင်းအဖွဲ့တွေကတော့ မတည်ငွေအဖြစ် ကျပ်သိန်း ၃၀၀၀ ကို သက်ဆိုင်ရာအသင်းအဖွဲ့ရဲ့ ဘဏ်စာရင်းမှာ အမြဲတမ်းထားရှိရမှာ ဖြစ်တယ်လို့ သိရပါတယ် ။

    ဓာတ်ပုံ – လှုမှုကူညီရေးအသင်း

  • အီရန်ဒုံးကျည်များ တဲလ်အဗစ်သို့ တိုက်ရိုက်ကျရောက်၊ မြို့လယ်တွင် ပေါက်ကွဲမှုကြီးများ ဖြစ်ပွား

    အီရန်ဒုံးကျည်များ တဲလ်အဗစ်သို့ တိုက်ရိုက်ကျရောက်၊ မြို့လယ်တွင် ပေါက်ကွဲမှုကြီးများ ဖြစ်ပွား

    အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အစ္စရေးနိုင်ငံ၏ စီးပွားရေးအချက်အခြာဖြစ်သော တဲလ်အဗစ်မြို့အား ဒုံးကျည်အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့လယ်ရှိ အဆောက်အအုံအချို့ ထိမှန်ပေါက်ကွဲခဲ့ကြောင်း လတ်တလော ထွက်ပေါ်လာသည့် ဗီဒီယိုမှတ်တမ်းများအရ သိရသည်။

    Mm News.xyz 2026 03 04 121228

    ဟီဘရူးသတင်းရင်းမြစ်များနှင့် ဂျာနယ်လစ်များမှ ရရှိထားသော သီးသန့်ရုပ်သံဖိုင်တွင် အီရန်၏ ဒုံးကျည်များ တဲလ်အဗစ်ကောင်းကင်ယံသို့ ရောက်ရှိလာပြီးနောက် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖြတ်ကျော်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ပေါက်ကွဲသွားသည့် မြင်ကွင်းများကို မြင်တွေ့ရသည်။

    Mm News.xyz 2026 03 04 121237

    ဤတိုက်ခိုက်မှုသည် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းလုပ်ဆောင်နေသော “Operation Epic Fury” စစ်ဆင်ရေးကို အီရန်က တုံ့ပြန်သည့် “၁၀ ကြိမ်မြောက် ဒုံးကျည်လှိုင်း” ဖြစ်သည်ဟု IRGC က ကြေညာထားသည်။

    ထိခိုက်ပျက်စီးမှုနှင့် လက်ရှိအခြေအနေ

    Mm News.xyz 2026 03 04 121245

    ဒေသတွင်းသတင်းများအရ တဲလ်အဗစ်ရှိ လူနေအဆောက်အအုံတစ်ခုပေါ်သို့ ဒုံးကျည်တိုက်ရိုက်ကျရောက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (MDA) က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေပြီး မြို့အနှံ့တွင် လေကြောင်းရန်သတိပေးဥဩသံများ ဆက်တိုက်ထွက်ပေါ်နေဆဲဖြစ်သည်။

  • စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်

    စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်

    စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ကားများ မောင်းနှင်ရန် စစ်တပ်က အမိန့်ထုတ်မှု ရူးကြောင်ကြောင် လုပ်ရပ်အဖြစ် ဝေဖန်၊ တစ်နိုင်ငံလုံး စက်သုံးဆီများ တန်းစီ အလုအယက်ပြန်ဝယ်နေရပြီ

    စစ်တပ်၏ ကန့်သတ်ချက်အမိန့်တွင် EV ကားများကို ဖယ်ထုတ်ထား၍ အောင်ပြည့်စုံနှင့်ခင်သီရိသက်မွန်တို့ တင်သွင်းသော EV ကားများ ရောင်းအားတက်စေရန် လုပ်ဆောင်မှုဟု သုံးသပ်

    646404385 1290386619855608 6213794183282370748 N

    အကြမ်းဖက်စစ်တပ်က စက်သုံးဆီချွေတာရေး စုံရက်နှင့်မရက် ခွဲ၍ ယာဉ်များမောင်းနှင်ရန် အမိန့်ထုတ်မှုအပေါ် ရူးကြောင်ကြောင် အမိန့် အဖြစ် ဝေဖန်လိုက်ပြီး ယမန်နေ့ညပိုင်းမှစတင်၍ တစ်နိုင်ငံလုံး စက်သုံးဆီများ တန်းစီ အလုအယက်ပြန်ဝယ်နေရကြောင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများမှ ပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ မတ်လ ၃ ရက်နေ့ ညပိုင်း အကြမ်းဖက် စစ်တပ်က စက်ဆုံးဆီ ချွေတာရန် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ” ရက်ခွဲ၍ မတ်လ ၇ ရက်နေ့မှ စတင်မောင်း နှင်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

    လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်များသည် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မောင်းနှင်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

    ထို့ကြောင့် လစဉ် “စုံ” ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/- 4A/—-စသည် ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/—3A/—- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရမည်ဖြစ်ပြီး EV မော်တော်ယာဉ် ၊ EV မော်တော် ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်ကြောင်း ထုတ်ပြန်ချက် အမိန့်တွင် ဖော်ပြထားသည်။

    646087902 26270302582586537 4448767858456707668 N

    အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    ယမန်နေ့ညပိုင်း အဆိုပါ အမိန့် ထွက်လာပြီးနောက် ညတွင်းချင်း နိုင်ငံတစ်ဝန်း ဆီဆိုင်များ ဆီတန်းစီနေသော ကားတန်းရှည်ကြီးများ ပြန်လည် ထွက်ပေါ်လာပြီး ယနေ့ နံနက် ၅ နာရီဝန်းကျင်မှစတင်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများအားလုံးတွင် စက်သုံးဆီများကို ပြန်လည်တန်းစီဝယ်ယူနေရကြောင်း သိရှိရသည်။

    မော်တော်ယာဉ်များကို နံပါတ်ပြားအလိုက် စုံရက်၊ မရက်ခွဲ၍ မောင်းနှင်ရမည်ဆိုသော အမိန့်မှာ ရူးကြောင် ကြောင် အမိန့်တစ်ရပ်ဖြစ်ကြောင်း UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

    “ခရီးထွက်မယ့်သူတွေ၊ ကလေးကျောင်းကြိုပို့တာတွေ၊ ဆေးရုံကို အရေးပေါ် သွားပြရမယ့်သူတွေ ဒါတွေကို ကားနံပါတ်အလိုက် စုံနံပါတ်ဆိုရင် စုံရက် ၊ မနံပါတ်ဆိုရင် မရက် ထွက်ရမယ်ဆိုတာက အင်မတန်မှကို ရူးကြောင်ကြောင် နိုင်တယ်။ ဆီဆိုင်တွေကနေ စုံရက်မှာ စုံနံပါတ်ကားကိုပဲ ဆီရောင်းပေးမယ်။ မရက်မှာ မနံပါတ်ကားကိုပဲ ဆီရောင်းပေးမယ်ဆိုရင်လည်း ရတာပဲ။ ပြည်သူတွေရဲ့ ကားတွေကိုတော့ အဲဒီလို ကန့်သတ်တာ အဓိပ္ပာယ်မရှိဘူး” ဟု UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်က ပြောဆိုသည်။

    646675713 1290086113218992 59359468386925413 N

    အများပြည်သူများအကြားတွင် ယမန်နေ့ စစ်တပ်က ထုတ်ပြန်သော အမိန့်ကြောင့် ကားနံပါတ်အလိုက် စုံရက်၊ မရက် လမ်းပေါ်တွင်သာ မောင်းရမည်ဟု သတ်မှတ်ခြင်းအပေါ် အပြင်းအထန် ဝေဖန်နေကြသည်။

    “ဒီကားတွေက ကနညမှာလည်း အခွန်ဆောင်ထားတယ်။ နှစ်အလိုက်လည်း အခွန်ပေးရတယ်။ တစ်အိမ်ထောင်မှာ ကား ၁ စီးရှိဖို့တောင် မနည်းကြိုးစားရုန်းကန်ထားရတာ။ အလုပ်လုပ်ဖို့အတွက် ဒီကားကိုပဲ အားကိုးသွားလာရတာ။ Public Transportation ကလည်း ကောင်းမွန်အောင် လုပ်ထားတာမဟုတ်ဘဲ အခုလို ကန့်သတ်တာက လူထုကို ညှဉ်းပန်းနှိပ်စက်မှုပဲလို့” ဟု မရမ်းကုန်းမြို့နယ်မှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

    ကိုယ်ပိုင် Toyota Fielder 7H- နံပါတ်ကားဖြင့် သီလဝါဆိပ်ကမ်းတွင် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများ နေ့စဉ် အမြဲ သွားရောက် လုပ်ကိုင်နေရသော အကောက်ခွန်ရှင်းလင်းရေး အေးဂျင့်တစ်ဦးကမူ စစ်တပ်၏ ထုတ်ပြန်သော အမိန့်ကြောင့် အလုပ်ထိခိုက်မည့် အလားအလာရှိနေသည်ဟုဆိုသည်။

    “ကျနော့်အိမ်က အင်းစိန်မှာ သီလဝါအထိ သွားပြီး အကောက်ခွန် ကိစ္စစာရွက်စာတမ်းနဲ့ File တွေ Run ရတယ်။ အကောက်ခွန်ရုံးက မြို့ထဲမှာ အဲဒီကနေ သီလဝါကိုသွားပြီး အကောက်ခွန်ရှင်းလင်းရေးတွေလုပ်ရတာ။ သူတို့ပြောသလို ကျနော့်ကား 7H ဆိုတော့ မ ရက်ပဲ ထွက်လို့ရတယ်။ စုံရက်ကျရင် ကားငှားသွားရမယ့် ကိန်း။ ကားငှားသွားရင် အင်းစိန်ကနေ မြို့ထဲ၊ မြို့ထဲကနေ သီလဝါကို ကားငှားစရိတ်က အသွားအပြန်ဆိုရင် ၅ သောင်းနဲ့ ၁ သိန်းအကြား ကျမှာ။ စုံရက်ဆိုရင် အလုပ်ရပ်ထားရမယ့် အခြေ အနေဖြစ်နေတယ်” ဟု ပြောဆိုသည်။

    စစ်တပ်က စုံရက်၊ မရက် ခွဲ၍ လမ်းပေါ်တက်ရန် အမိန့်ထုတ်ထားပြီး အမိန့်မလိုက်နာလျှင် အရေးယူမည်ဟု ကြေညာထားသော်လည်း မည်သို့ မည်ပုံ အရေးယူမည်ကို ထည့်သွင်းမရေးထားသဖြင့် ပြည်သူများအကြား စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။

    646675713 1290086113218992 59359468386925413 N

    “စုံရက်မှာ မကားနံပါတ်တွေ လမ်းပေါ်တက်ရင် ထောင်ချမှာလား၊ ဒဏ်ငွေပဲလား။ ဘယ်လို အရေးယူမှာလဲ မပါဘူး။ ကိုယ့်ကားကိုယ် ပိုက်ဆံရှိလို့ စီးတာတောင် စီးခွင့်မရဘူး” ဟု အကောက်ခွန်ရှင်းလင်းရေးအေးဂျင့်က ဆက်လက်ပြောဆိုသည်။

    မန္တလေးမှ ပြည်သူတစ်ဦးကလည်း စစ်တပ်၏ အမိန့်က မော်တော်ကား၊ မော်တော်ဆိုင်ကယ်များအပြင် သုံးဘီးများကိုပါ ကန့်သတ်ထားရာ မန္တလေးမှ ပြည်သူများအနေဖြင့်လည်း သွားလာရေး အခက်အခဲများဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

    စစ်တပ်၏ အမိန့်တွင် EV လျှပ်စစ်ကားမှန်သမျှကို ကန့်သတ်ချက် မထားဘဲ နေ့စဉ် မောင်းနှင်နိုင်သည်ဟု ရေးသားထားရာ မင်းအောင်လှိုင်၏ သားအောင်ပြည့်စုံနှင့်သမီးခင်သီရိသက်မွန်တို့ တင်သွင်းနေသော EV ကားများကို ဝယ်လိုအား တက်စေရန် လုပ်ဆောင်မှု အဖြစ် UMFCCI မှ စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။

    “သူ့သားနဲ့ သူ့သမီးက EV ကားတွေ သွင်းနေတာ။ အဲဒါကို ရောင်းအားကောင်းအောင် လုပ်တာထင်တယ်။ EV တင်သွင်းရောင်းနေသူတွေ ဂွင်ဖြစ်သွားတာပေါ့” ဟု MFCCI မှ စီးပွားရေးသမားက ဝေဖန် ပြောဆိုသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ်စစ်ကားများနှင့် MG Myanmar၊ Leapmotor Myanmar အမျိုးစား လျှပ်စစ်ကားများကို တိုးမြှင့်တင်သွင်းနေကြောင်း သိရှိရသည်။

    ထို့ပြင် မင်းအောင်လှိုင်သမီး ကုမ္ပဏီက မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများအတွက် ဓာတ်အားသွင်း သည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်း၊ အလားတူ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက EV ကားတင်သွင်းမှုအဖြစ် တရုတ်BYD ကုမ္ပဏီမှ ကားများကို ပြည်တွင်းကုမ္ပဏီခွဲများစွာ တည် ထောင်၍ တင်သွင်းနေကြောင်း သိရှိရသည်။

    “စုံ” ရက်မှာ “စုံ” နံပါတ်ကား၊ “မ”ရက်မှာ “မ” နံပါတ်ကားပဲ အပြင်ထွက်ရမယ်တဲ့။ တဖက်က အတော်ရယ်နေရပေမယ့် စက်သုံးဆီ လက်ကျန်နည်းနေတာကိုလဲ ထည့်တွက် ရမယ်ထင်တယ်။

    လက်ရှိတိုင်းပြည်အခြေအနေနဲ့က ဆီအများကြီး မလှောင်ထားနိုင်လောက်ဘူး။

    ထိုင်းနဲ့ ဂျပန်လို နိုင်ငံကြီးတွေတောင် ၂ လစာပဲ ကျန်တာ။

    အိန္ဒိယဆို ၂၅ ရက်စာပဲ ကျန်တော့တယ်။

    ဒီတော့ မြန်မာမှာ ဘယ်လောက်ကျန်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

    မြန်မာရဲ့ ၉၄% က အရှေ့အလယ်ပိုင်းက တင်သွင်းတာပါ။ စကစက သူတို့သုံးဖို့လဲ ထားရဦးမှာဆိုတော့ အားလုံးလဲ သတိနဲ့ သုံးမှရတော့မယ်။ ဒါပေမယ့်လဲ အာရှတိုက် တတိုက်လုံးဖြစ်တာဆိုတော့လဲ ပျော်ပျော်ကြီးပေါ့။

    ဒါတောင် World War မဟုတ်သေးဘူး။ Middle East War ပဲ ရှိသေးတာ။ Globalization ခေတ်ဆိုတော့ အကုန် ခံကြရတာပဲ။ ကမ္ဘာ့အဆင့် စစ်ပွဲတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေပေါ့။

    Nay Thway