Author: Baby Yit Lone

  • သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာက ကလေးတွေ စာသင်ကြားနေတဲ့ နေအိမ် လေကြောင်းနဲ့ တိုက်ခိုက်ခံရ

    သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာက ကလေးတွေ စာသင်ကြားနေတဲ့ နေအိမ် လေကြောင်းနဲ့ တိုက်ခိုက်ခံရ

    သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာက ကလေးတွေ စာသင်ကြားနေတဲ့ နေအိမ် လေကြောင်းနဲ့ တိုက်ခိုက်ခံရ ကလေးငယ်တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ် ကျောက်ဖြူရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။ ဒီနေ့ စက်တင်ဘာ ၇ ရက် နေ့လည် ၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က ကျောက်ဖြူကျေးရွာထဲက စာသင်ကြားနေတဲ့ နေအိမ်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၁၀) နှစ်အရွယ် ကလေးငယ် (၁) ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၅) ဦး အပါအဝင် အရပ်သားပြည်သူ (၇) ဦး…

  • ဒီးမော့ဆို – ဖရူဆိုလမ်းပိုင်း၌ စစ်တပ် စစ်ကြောင်းဆက်ထိုးနေ

    ဒီးမော့ဆို – ဖရူဆိုလမ်းပိုင်း၌ စစ်တပ် စစ်ကြောင်းဆက်ထိုးနေ

    ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနေဖရူဆိုမြို့နယ်ဘက်ကိုဖောက်ထွက်နိုင်ဖို့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဆက်တိုးနေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီးမော့ဆိုနဲ့ ဖရူဆိုပြည်ထောင်စုလမ်းမကြီးဘေးပတ်ဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ ပတိုငံ၊ငံရိုး၊ကွိုင်ငံရွာသစ်နဲ့ရွာဟောင်းဘက်ကို စစ်ကြောင်းတိုးနိုင်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။ “အ​ခြေအနေကစစ်ကော်မရှင်တပ်ဖက်ကမရမကတိုးနေတုန်းပါပဲ၊ကျွန်တော်တို့ဖက်က ပြန်ခုခံရတဲ့အနေအထား”လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။ အင်အား ၁၀၀ကျော်ထက်မနည်းအသုံးပြုထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ပတိုငံရွာဘက်ကနေ တိုးလာနေတာလို့ သိရပါတယ်။ “စစ်ရေးတင်းမာနေပါတယ်။အတိကျတော့ မပြောသေးဘူး”လို့ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကယန်းအမျိုးသားတပ်မတော် (KNA)၏ ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက ပြောပါတယ်။ စစ်ကောင်စီတပ်က ဒီးမော့ဆို နဲ့ ဖရူဆိုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် စက်တင်ဘာ ပထမပတ်ကစပြီး တင့်ကားတွေနဲ့ အတွဲလိုက်ဒုံးတွေပါ အသုံးပြုနေပါတယ်။ ပြီးခဲ့တဲ့လနောက်ဆုံးပတ်နဲ့ အခု စက်တင်ဘာပထမပတ်က ငွေတောင်ရွာသစ်နဲ့ ပတိုငံရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးတော့ တော်လှန်ရေးအင်အားစုတွေက လက်နက်တချို့ရရှိထားပါတယ်။…

  • “ဘယ်တော်လှန်ရေးအဖွဲ့ လာလာ ဂရုမစိုက်ဘူး” ဟု စိန်ခေါ်ထားသော စစ်တပ် ဒေါက်တိုင် မြင့်ရွှေ

    “ဘယ်တော်လှန်ရေးအဖွဲ့ လာလာ ဂရုမစိုက်ဘူး” ဟု စိန်ခေါ်ထားသော စစ်တပ် ဒေါက်တိုင် မြင့်ရွှေ

    အုတ်ဖိုတွင် လူငယ်များကို စစ်တပ်ထံ ရောင်းစားပြီး “ဘယ်တော်လှန်ရေးအဖွဲ့ လာလာ ဂရုမစိုက်ဘူး” ဟု စိန်ခေါ်ထားသော စစ်တပ် ဒေါက်တိုင် မြင့်ရွှေ ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် လူငယ်များကို စစ်တပ်ထံ ရောင်းစားပြီး “ဘယ်တော်လှန်ရေးအဖွဲ့ လာလာ ဂရုမစိုက်ဘူး” ဟု စိန်ခေါ်ထားသော စစ်တပ် ဒေါက်တိုင် မြင့်ရွှေကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဖလန်ပင်ရွာတွင်နေထိုသော အကြမ်းဖက် စစ်တပ် ဒေါက်တိုင်…

  • ဈေးအိမ်သာဆောက်မည့်ငွေကို  ခိုးယူလာဘ်စား၍ ညွှန်မှူးရာထူးမှပြုတ်ခဲ့သူ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

    ဈေးအိမ်သာဆောက်မည့်ငွေကို ခိုးယူလာဘ်စား၍ ညွှန်မှူးရာထူးမှပြုတ်ခဲ့သူ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်

    ပုသိမ်တွင် ဈေးအိမ်သာဆောက်မည့်ငွေကို ခိုးယူလာဘ်စား၍ ညွှန်မှူးရာထူးမှပြုတ်ခဲ့သူ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ‎ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ တိုင်းစည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူးရာထူးမှ ထုတ်ပယ် ခံခဲ့ရသူ ဦးအောင်မင်းနိုင်သည် လာမည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှနေ၍ လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။ ဦးအောင်မင်းနိုင်သည် ပုသိမ်ရေပေါ်ဈေးအတွက် အိမ်သာဆောက်လုပ်မည့် ဘဏ္ဍာငွေ ကျပ်သိန်း ၈,၀၀၀ ကို အလွဲသုံးစားလုပ်မှုဖြင့် ရာထူးပြုတ်ခဲ့သူဖြစ်သည်ဟု ပုသိမ်သတင်းအထူးတပ်ဖွဲ့က ဖော်ပြသည်။ ‎”ခိုးလို့ ညွှန်မှူးကနေပြုတ်သွားသူက ကိုယ်စားလှယ်အဖြစ်ထပ်ပြိုင်မှာဗျာ။ ရနိုင်သမျှခိုးဖို့ပဲ အရမ်း အားသန်တယ်” ဟု ပုသိမ်ဒေသခံတစ်ဦးက ပြောသည်။ ‎ စစ်တက္ကသိုလ် ‎DSA အပတ်စဉ် (၂၈) ဆင်း ဦးအောင်မင်းနိုင်သည် ဂရင်းလန်းအိမ်ရာတွင် မြေယာကန် ထရိုက်လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး၊ မူးယစ်ဆေးဝါးရောင်းချမှုဖြင့် နာမည်ကြီးသည့်…

  • အရေးကြီးလို့ သတိပေးပါရစေ…

    ကျနော် မနေ့တနေ့က မြို့ထဲဘက် ခဏသွားရင်း ဘတ်စ်ကားပေါ်နဲ့ လမ်းဘေးပလပ်ဖောင်း တွေပေါ်မှာ မှတ်ပုံတင်ပြီးသား Sim Card တွေကို တစ်ခုကိုမှ မြန်မာငွေ တစ်ထောင်ကျပ်နဲ့ လိုက်လံရောင်းချနေကြတာကို တွေ့ခဲ့ရတယ်ဗျ…။ ကျနော်တို့ မြန်မာလူမျိုးဆိုတာကလည်း စျေးပေါပြီဆိုတာနဲ့ အရည်အသွေးဆိုတာကို လှည့်မကြည့်တော့ဘူး… အဲ့ဒီ့ Sim Card တွေကို ဝယ်လိုက်ကြတာဆိုတာ အုန်းအုန်းထပဲဗျို့…။ အဲ…ပြောချင်တဲ့ ပြဿနာက အခုမှစမှာပါ… ကျနော်ရန်ကုန်ပြန်ရောက်ကထဲက ကျနော့်သူငယ်ချင်းတစ်ယောက်ကို မဆက်သွယ်မိတာ ကြာနေလို့ဆိုပြီး ကျနော် ဖုန်းခေါ်လိုက်မိတယ်… သူ့ဘက်က ဖုန်းမကိုင်ဘူးဗျ… သုံးလေးခါ ကျနော်ဆက်ခေါ်တယ်…မကိုင်ဘူး…။ အဲဒါနဲ့ ကျနော်လည်း သူ့မိဘတွေဆီ ဖုန်းဆက်ကြည့်လိုက်တော့… သူ့အမေ ကျနော့်ကိုပြောလိုက်တဲ့စကားက… “သားရေ…သားသူငယ်ချင်း အန်တီ့သားကတော့ အင်းစိန်ထောင်ထဲကနေ အမှုရင်ဆိုင်နေရတာ ၆ လရှိပြီ… ဖုန်းလည်း အသိမ်းခံထားရတယ်…” တဲ့ဗျာ…။…