Author: Baby Yit Lone
-

ပျောက်ဆုံး ၆ နှစ်ကလေးငယ်ကို ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာမှာ ၃ ရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ၅ နှစ်ကျော်အရွယ် ကလေးငယ်တယောက်ကို အသတ်ခံထားရတဲ့ပုံစံနဲ့ ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ နောင်နန်းကျေးရွာ၊ နယ်မြေ ၂ မှာနေထိုင်တဲ့ မလဘူမေရီ နန်ဇင်ဟာ စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီကျော်ကျော်လောက်မှာ ပျောက်ဆုံးသွားခဲ့ပြီး စက်တင်ဘာ ၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်က နေအိမ်နဲ့ မလှမ်းမကမ်း ဝါးရုံရှိတဲ့ ချုံတောဘေးမှာ ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။ ဖြစ်စဉ်ကိုသိရှိတဲ့သူတယောက်က “ရွာထဲက အဖွားတယောက်က ယင်ကောင်တွေဝဲပြီး အနံ့ထွက်နေတဲ့အတွက် သွားကြည့်လိုက်တော့ အင်္ကျီကို အရင်လှမ်းတွေ့တာ။ သေသေချာချာ သွားကြည့်လိုက်တော့မှ ပျောက်နေတဲ့ကလေးဖြစ်နေတာ။ ကလေးက ကျောင်းကအပြန်မှာ ပျောက်သွားတာ” လို့ ပြောပါတယ်။…
-

ဘုတလင်တွင် စစ်သားများပစ်ခတ်သဖြင့် မိခင်နာရေးလာ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စက်တင်ဘာ ၄ ရက်က စစ်သားတွေကပစ်ခတ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အမျိုးသမီး ၂ ယောက် သေဆုံးသွားပြီး ၁ နှစ်သားအရွယ် ကလေးငယ်အပါအဝင် ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေ ဆီကနေ သိရပါတယ်။ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတယောက်က “ရှမ်းတဲကျေးရွာမှာ နာရေးလိုက်ပို့ပြီး ပြန်လာကြတဲ့ စစ်ဘေးရှောင်တွေကို စစ်သားတွေက ကားနဲ့လိုက်ပစ်လို့ သမီးယောင်းမ ၂ ယောက် ဆုံးသွားပါတယ်” လို့ ပြောပါတယ်။ သေဆုံးသွားကြသူတွေဟာ အသက် ၄၁ နှစ်အရွယ် မကြူမ နဲ့ အသက် ၃၀ ကျော်အရွယ် မအေးသီ တို့ဖြစ်ကြပြီး သူတို့မိသားစုဝင်တွေထဲက ကျည်ထိမှန်ပြီး လက်တဖက်ပြတ်သွားသူ အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် ၃ ယောက်ထက်မနည်း…
-

မြင်းခြံတွင် မြေကွက်ရောင်းဝယ်ရာ၌ ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရ
မြင်းခြံတွင် မြေကွက်ရောင်းဝယ်ရာ၌ ပျူခေါင်းဆောင် သီတာယုမွန်ကို သိန်းထောင်ချီ ဆက်ကြေးပေးရဟုဆို မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် မြေကွက် ရောင်းဝယ်ရာ၌ ပျူစောထီးခေါင်းဆောင်သီတာယုမွန်ကို ကျပ်သိန်းထောင်ချီ၍ ဆက်ကြေးပုံစံ ပေးနေရကြောင်းသိရသည်။ မြို့ပေါ်ရပ်ကွက် အမှတ် (၂၀)၊အမှတ်(၁၆)၊ အမှတ်(၁၄)နှင့် ကျေးရွာအနီးရှိ ရတီကွင်းတို့မှ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေများကို အကွက်ရိုက်ရောင်းလျှင် တကြိမ်ကို သိန်း ၅၀၀ မှ သိန်း၂,၀၀၀ အထိ အမြဲပေးနေရကြောင်း မြေကွက်ပိုင်ရှင်တဦးက ပြောသည်။ “ကွက်စိပ်ကို တခါရိုက်ရင် သိန်းထောင်ချီပေးရတယ်။ ကျွန်တော့ လက်တွေ့ပေးရတာပဲ။ ဂရန်ရော ဘိုးဘွားပိုင်ရော လုပ်သမျှ အကုန်တောင်းတာ။ မြေသမား၊ အရောင်းသမားတွေ အကုန်ပေးနေရတာ။ အကွက်ရိုက်ရင် အဓိကပေးရတာ ၁,၀၀၀ ပေးရင်ရိုက်ပေါ့။ သူ့ကိုမပြောဘဲရိုက်ရင် ၃,၀၀၀ အထိတောင်းရင် တောင်းတာ”ဟု ၎င်းက ပြော သည်။…
-

ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်
ချောက်မြို့ ခလရ ၁၃ နှင့် စလေမြို့ရှိ မခရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးများပြားဟုဆို မကွေးတိုင်း၊ ချောက်မြို့၊ ခလရ ၁၃ နှင့် စလေမြို့ရှိ ခမရ ၄၁၆ တပ်ရင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃၅ ဦးသေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးမှ Cyrus က ပြောကြားသည်။ စက်တင်ဘာလ ၄ ရက် ည ၉ နာရီ ၄၅ မိနစ်က ချောက်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၃ ကို ရှော့တိုက်ဒုံး – Short…
-

လင်ကြီး သေဆုံးကြောင်း ဆာတီဖီကိတ်
“လင်ကြီး သေဆုံးကြောင်း ဆာတီဖီကိတ်” ဇူလိုင်လ ၁၇ ရက်နေ့က ဧရာဝတီ မြစ်ကြောင်းအတိုင်း ဗန်းမော်ကို ခဲယမ်းရိက္ခာပို့တဲ့ စစ်သင်္ဘောအုပ်စုနဲ့ လုံခြုံရေး ယူပေးနေတဲ့ ခွေးတပ်က ခြင်းကြားတွေကို MDY-PDF က တမုန်းကြိတ်လို့ စစ်ခွေးတွေ အတုံးအရုံး သေခဲ့ကြတာ မှတ်မိကြတယ်မလား? အဲ့ထဲမှာ သပိတ်ကျင်း အခြေစိုက် ခလရ (၁၄၈) က ငစနူတွေ အထိနာဆုံး ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်တွေက အတိအကျ မထုတ်ပြန်နိုင်ခဲ့တဲ့ ခွေးသေဝက်သေကောင်တွေကို နောက်လင်ရှာချင်တဲ့ ပေါက်ပြားမက ဆီဘူးခါပြီး ထုတ်ပြန်လာတယ်။ သူ့ခမျာ မှိုင်းဝေတို့ Ko Thet တို့လို လော်ဘီငနှိုက်ကောင်တွေတောင် နှိုက်မမြည်းချင်လောက်အောင် ရူပါက ချူချာလွန်းတော့လဲ နောက်လင်ရဖို့က “လင်ကြီး သေဆုံးကြောင်း ဆာတီဖီကိတ်” ပြဖို့က အရေးကြီးတယ်လေ.. ချဉ်ချဉ်တူးတူး…