Author: Baby Yit Lone

  • ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကို စစ်တပ်ခြိမ်းခြောက်နေဟု NUG ထုတ်ပြန်

    ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကို စစ်တပ်ခြိမ်းခြောက်နေဟု NUG ထုတ်ပြန်

    လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရချိန်မှာ အာဏာသိမ်းစစ်တပ်က ဆေးကုသခွင့်မပေးတာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာ ဖြစ်ပြီး ဒါကို စစ်တပ်အနေနဲ့ တာဝန်ခံရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုအောက်မှာ ရောက်နေချိန် နှလုံးရောဂါ အခြေအနေ စိုးရိမ်ဖွယ်ဖြစ်နေပြီး လုံလောက်တဲ့ ဆေးကုသမှု မရရှိနေကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေးထားတာကြောင့် သိရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ ဆေးကုသခွင့် မပေးတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ပါဝင်တဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်ပြီး ဖြစ်ပေါ်မယ့် အကျိုးဆက် အားလုံးကို စစ်အုပ်စုက တာဝန်ယူရမယ်လို့ NUG က ထုတ်ပြန်ပါတယ်။…

  • PDF နှင့်စစ်တပ် ရည်မှန်းချက်တူ၍ ညှိနှိုင်းပူးပေါင်းရန် မင်းအောင်လှိုင် ဖိတ်ခေါ်

    PDF နှင့်စစ်တပ် ရည်မှန်းချက်တူ၍ ညှိနှိုင်းပူးပေါင်းရန် မင်းအောင်လှိုင် ဖိတ်ခေါ်

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက PDF များကို လက်ကိုင်တုတ်အဖြစ် ဘ၀များ စတေးကာ နယ်မြေကျူးကျော်ချဲ့ထွင်ဟု စစ်တပ်က သွေးခွဲပြန် PDF နှင့်စစ်တပ် ရည်မှန်းချက်တူ၍ ညှိနှိုင်းပူးပေါင်းရန် ဖိတ်ခေါ် မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်က ယမန်နေ့ညပိုင်း PDF များဦးတည်သော အလင်းဝင်ရန် ကြေညာ ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များက PDF များကို လက်ကိုင်တုတ်အဖြစ် အသုံးပြုပြီး PDF ဘ၀များ စတေးကာ နယ်မြေကျူးကျော်ချဲ့ထွင်နေကြောင်း ကြေညာထားသည်။ အကြမ်းဖက် စစ်တပ်က ထုတ်ပြန်လာသော ဖိတ်ခေါ်ချက် အမည်တပ်ထားသော ကြေညာချက်တွင် တိုင်း ရင်းသားလက်နက်ကိုင်-EAO များက နယ်မြေကျူးကျော် ချဲ့ထွင်ခြင်းများအတွက် PDF များကို လက်ကိုင်တုတ်အဖြစ်အသုံးပြုစေကာ PDF တို့၏ ဘဝ များကို…

  • ရန်ကုန်တွင် တစ်ပတ်အတွင်း မတရားဖမ်းဆီးခံရသူ ၄၀ရှိ၊ ဧည့်စာရင်းကြောင့် ဖမ်းဆီးခံရသူများ

    ရန်ကုန်တွင် တစ်ပတ်အတွင်း မတရားဖမ်းဆီးခံရသူ ၄၀ရှိ၊ ဧည့်စာရင်းကြောင့် ဖမ်းဆီးခံရသူများ

    ရန်ကုန်တွင် တစ်ပတ်အတွင်း မတရားဖမ်းဆီးခံရသူ ၄၀ရှိ၊ ဧည့်စာရင်းကြောင့် ဖမ်းဆီးခံရသူများ ရန်ကုန်မြို့တွင် တစ်ပတ်တာအတွင်း မတရားဖမ်းဆီးခံရသူ အယောက်၄၀ရှိကြောင်း Rangoon Scout Network-RSN က သတင်းထုတ်ပြန်သည်။ စက်တင်ဘာ၁ရက်မှ ၇ရက်အတွင်း တာမွေ၊ သာကေတ၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ သန်လျင်၊ ဗဟန်း နှင့် တောင်ဥက္ကလာမြို့နယ်တို့၌ လူ ၄၀ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူ ၁၂ ဦးထိရှိကာ အများဆုံးဖြစ်ကြောင်း RSN က စက်တင်ဘာ ၈ ရက်က သတင်း ထုတ်ပြန်သည်။ ဧည့်စာရင်းစစ်ကာ ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး RSN တာဝန်ရှိသူက “သင်္ဃန်းကျွန်း၊ ငမိုးရိပ်ဘက်မှာ ၇ ယောက် နဲ့ တောင်ဥက္ကလာ ၅ ရပ်ကွက်မှာ ၅ ယောက်ပါ။…

  • ပျူဘုန်းကြီး ပေါက်ကိုယ်တော် ထိုင်း အမျိုးသားရေး “နှုတ်ခမ်းမွှေး” ကို သွားတွေ့

    ပျူဘုန်းကြီး ပေါက်ကိုယ်တော် ထိုင်း အမျိုးသားရေး “နှုတ်ခမ်းမွှေး” ကို သွားတွေ့

    Tik Tok မှာ လူတစ်ဦးနဲ့ ရန်ဖြစ်ပြီးနောက် ပျူဘုန်းကြီး ထိုင်းအထိ ရောက်လာတာဖြစ် အာဏာသိမ်း စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ သင်္ကန်းဝတ် ပေါက်ကိုယ်တော် ခေါ် ဦးအရိယာဝံသ ဆိုသူဟာ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ KO Si ဆိုတဲ့ အကောင့်ပိုင်ရှင်နဲ့ Tik Tok မှာ စကားများ ရန်ဖြစ်ပြီးနောက် ထိုင်းနိုင်ငံအထိ ရောက်လာကာ KO Si ဆိုတဲ့ အကောင့်ပိုင်ရှင်ကို လိုက်လံရှာဖွေနေပါတယ်။ ပေါက်ကိုယ်တော်ဟာ စက်တင်ဘာ ၈ ရက် ညနေပိုင်းမှာ ထိုင်း မဘသတစ်ဦးအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Toon Ratchapakdi ခေါ် နှုတ်ခမ်းမွှေး နဲ့ တွေ့ဆုံခဲ့ပြီး KO SI ဆိုတဲ့…

  • ဗန်းမော်တိုက်ပွဲ စစ်တပ်အထိနာ

    ဗန်းမော်တိုက်ပွဲ စစ်တပ်အထိနာ

    ပွိုင့်ဖိုက်အပါအဝင် လက်နက်ခဲယမ်းများ KIA ပူးပေါင်းတပ်သိမ်းရ ဖားကန့်တိုက်ပွဲတွင်လည်း စစ်တပ်ထိခိုက်သေဆုံးမှုများဟုဆို ကချင်ပြည်နယ်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဗန်းမော်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ပွိုင့်ဖိုက် စက်သေနတ်ကြီးများအပါအဝင် လက်နက်နှင့် ကျည်ဆံများသိမ်းရသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “ဒီနေ့ကဗန်းမော်သံချပ်ကာတပ်ရင်းနဲ့ ၂၃၆ အဲဒီဘက်မှာ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ အဲဒီမှာ စခတွေ ထိခိုက်ကျဆုံးမှုများတယ်။ ပြီးတော့လည်း စခ လက်နက်တွေ ပွိုင့်ဖိုက်သေနတ်တွေသိမ်းမိထားတာရှိတယ်။ ကျည်ဆံတွေရောအများကြီးပဲ”ဟု ကချင်သတင်းရင်းမြစ်က စက်တင်ဘာ ၈ ရက် ညပိုင်း၌ ပြောသည်။ စစ်ကောင်စီ၏ သံချပ်ကာတပ်ရင်းနှင့် ခလရ(၂၃၆)တပ်ရင်းကို ယခင်ကတည်း က KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားရာ ပြီးခဲ့သည့် ဩဂုတ်လတွင် စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။…