Author: Baby Yit Lone
-

သတို့သမီးမပါဘဲ ဆင်နွှဲလိုက်ရတဲ့မင်္ဂလာပွဲ
ကံတရားကြီးက ရက်စက်လွန်းပါတယ်။ ဒီနေ့ဖိတ်စာကမ်းတယ် ဒီနေ့ပဲဆုံးသွားပြီတဲ့လား ညီမလေးရယ်😔။ ဒီနေ့ မင်္ဂလာအဝင်နေ့လေ ကလေးရယ်။ ညီမလေးရဲ့ဝတ်စုံလေးက သိပ်လှတာပဲကွယ်။ ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးတွေမကြုံပါစေနဲ့🥺။ ဒီဘဝဒီမျှနဲ့တင် ဝဋ်ကြွေးတွေ ကျေပါစေကလေးရယ်😔😔။ လိမ်မာတဲ့ကလေးမို့ အေးချမ်းတဲ့အရပ်ကိုရောက်ရှိပါစေ။ ကောင်လေးကတော့ သတို့သမီးမပါပေမယ့် မင်္ဂလာပွဲကို ဝမ်းနည်းခြင်းတွေနဲ့ဆက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ကောင်မလေးကတော့ မဂ်လာပွဲအကြိုနေမှာပဲ ရုတ်တရက် နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ အပျော်တွေနဲ့ စိတ်ကူးအိမ်မက်တွေ အကောင်ထည်ဖော်တော့မယ့်အချိန်မှာပဲ သေကွဲကွဲသွားခဲ့ရလို့ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်။ နောင်ဘဝဆိုတာရှိခဲ့ရင် သက်ဆုံးတိုင် ပေါင်းဖက်နိုင်ကြပါစေ။
-

မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်လာ၍ တိုက်ဖျက်ရမည်ဟု မင်းအောင်လှိုင် ကြွေးကြော်
တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖော်ဆောင်ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်လာ၍ တိုက်ဖျက်ရမည်ဟု မင်းအောင်လှိုင် ကြွေးကြော် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက် ကိုင်များအနေဖြင့် တိုက်ပွဲများ ဖော်ဆောင်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် (ကျားဖြန့်) အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လာ၍ တိုက်ဖျက်ရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်)တွင် ပြုလုပ်သော တပ်နယ် တွေ့ဆုံပွဲတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ EAO အဖွဲ့အချို့ နယ်မြေကျော်လွန်ဝင်ရောက်ခြင်း၊ တိုက်ပွဲဖော်ဆောင်ခြင်းများ လုပ်ဆောင်တတ်သည့် အလေ့အထရှိကြောင်း၊ ထို့ပြင် လက်ရှိအချိန် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါးထုတ် လုပ်ခြင်း လုပ်ငန်းများကိုပါ လုပ်ဆောင်လာကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်မှုမရှိစေရေးအမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်သွားရန် အလေးထားမှာကြားလိုကြောင်း၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးလုပ်ငန်းများကိုလည်း…
-

SF/ SAF နှင့်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၀ ဦးခန့် သေဆုံး
ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်(SF/SAF)နှင့် စစ်ကော်မရှင်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂ဝ ဦးခန့် သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု SF/SAF က ထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့နယ်သို့ အတုအယောင်ရွေးကောက်ပွဲအတွက် အင်အားဖြည့်တင်းရန်ထွက်လာသော အင်အား (၁၅ဝ)ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းနှင့် SF/SAF တို့ မဟာမိတ်ပူးပေါင်းတပ်များသည် နောက်တစ်နေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု SF/SAF ၏ ဇန်နဝါရီလ ၂ဝ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အဆိုပါတိုက်ပွဲအတွင်း ရန်သူ့စစ်ကြောင်းမှ (၂၀) ဦးခန့်ကျဆုံးခဲ့ပြီး (၂၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပွိင့် ၅ (.5) စက်သေနတ်တပ်ဆင်ထားသော ကား…
-

ဗင်နီဇွဲလား ရေနံတွေနဲ့ ဆက်စပ်တဲ့ သတ္တမမြောက် ရေနံတင်သင်္ဘောကို အမေရိကန် ဖမ်းဆီး
ပိတ်ဆို့ အရေးယူထားတဲ့ ဗင်နီဇွဲလား ရေနံတွေနဲ့ ဆက်စပ်တဲ့ နောက်ထပ် ရေနံတင် သင်္ဘောတစ်စီးကို ကြားဖြတ် ဖမ်းဆီးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။ ဇန်နဝါရီ ၂၀ ရက်နေ့က ကာရေဘီယန် ပင်လယ်ပြင်မှာ နောက်ထပ် ရေနံတင် သင်္ဘောတစ်စီးကို စီးနင်း ထိန်းချုပ်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ဆိုပါတယ်။ ဒါဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တစ်လလောက် ကြာမြင့်လာပြီဖြစ်တဲ့ ဗင်နီဇွဲလား ရေနံတွေ ပိတ်ဆို့ အရေးယူမှု စစ်ဆင်ရေးမှာ ၇ စီးမြောက် ဖမ်းဆီးခံရတဲ့ ရေယာဉ်လည်း ဖြစ်လာပါတယ်။ ဗင်နီဇွဲလား ပိုင်နက်နားက ရေပြင်မှာ ဖြန့်ကျက်ထားတဲ့ စစ်သင်္ဘော တစ်ဒါဇင်နီးပါးနဲ့ တပ်ဖွဲ့ဝင် ထောင်ဂဏန်းလောက်ကို ကွပ်ကဲနေတဲ့ အမေရိကန် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ Motor…
-

သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် အဖွဲ့ကို အမှုဖွင့်
ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ Sex Dance ကခဲ့တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ အကအဖွဲ့ကို ကမာရွတ်မြို့နယ်ရဲစခန်းက ပုဒ်မ ၂၉၄/၁၁၄ နဲ့ အမှုဖွင့်ထားတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။ ဇန်နဝါရီ ၁၅ ရက်က ကမာရွတ်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ပြည်လမ်းရှိ Novotel Hotel Yangon Ballroom ခန်းမမှာ ပြုလုပ်တဲ့ Cloud Seven Production & Entertainment ရဲ့ တည်ထောင်သူ CEO ကိုဇွဲခန့်အောင်ရဲ့ မွေးနေ့ပွဲမှာ Sex Dance ကခဲ့တယ်ဆိုပြီး သင်ဇာဝင့်ကျော်နဲ့အဖွဲ့ကို ကမာရွတ်မြို့မရဲစခန်း စခန်းမှူး ဘတိုးက အမှုဖွင့်ခဲ့တာလို့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။ “စခန်းမှူးက ဇန်နဝါရီလ…