Author: Baby Yit Lone

  • ဆင်ပေါင်ဝဲ မြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာသည့်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့် ရဲ ၃ ဦးသေ (ရုပ်/သံ)

    ဆင်ပေါင်ဝဲ မြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာသည့်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့် ရဲ ၃ ဦးသေ (ရုပ်/သံ)

    မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းမှာ ဆင်ပေါင်ဝဲမြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာတဲ့ ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၃ ယောက်သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းမှာ ဆင်ပေါင်ဝဲမြို့နယ်မှူးအပါအဝင် စစ်သားနဲ့ ရဲတွေ စီးနင်းလာတဲ့ ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆင်ပေါင်ဝဲမြို့နယ်မှူးနဲ့ စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိသွားကာ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသလျက်ရှိတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ်(၅)တပ်ရင်း ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Video-သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း

  • ဒီးမော့ဆိုတွင် စစ်တပ် လက်နက်ကြီးကြောင့် မိဘ ၂ပါးနှင့် အဘွားဖြစ်သူ သေဆုံး

    ဒီးမော့ဆိုတွင် စစ်တပ် လက်နက်ကြီးကြောင့် မိဘ ၂ပါးနှင့် အဘွားဖြစ်သူ သေဆုံး

    အသက်မပြည့်သေးသည့် ကလေး ၃ ဦးသာ ဒဏ်ရာများနှင့် ကျန်ရစ်ခဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာမှာ မိသားစုတစ်စုကို ထိမှန်ခဲ့ပြီး မိဘ ၂ပါးနဲ့ အဘွားဖြစ်သူတို့ သေဆုံးကာ အသက်မပြည့်သေးတဲ့ ကလေး ၃ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ Free Burma Rangers က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက် ည ၁၀ နာရီဝန်းကျင်အချိန်မှာ စစ်တပ်ရဲ့ ခြေလျင်တပ်ရင်း (၁၀၂) ကနေ ဒီးမော့ဆိုမြို့နယ်၊ ဒေါဗျားခူကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် အဘွား၊ အမေ၊ အဖေနဲ့ ကလေးသုံးယောက်အပါအဝင် ၆ယောက် ရှိတဲ့ မိသားစုတစ်စုကို ထိမှန်ခဲ့ရာ အဘွားဖြစ်သူ ဒေါ်မီမာ…

  • ထရမ့်မှာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ စတင် ခံစားနေရတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ဆရာဝန်တွေပြော

    ထရမ့်မှာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ စတင် ခံစားနေရတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ဆရာဝန်တွေပြော

    ထရမ့်မှာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ စတင် ခံစားနေရတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ ဆရာဝန်တွေပြော အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မှတ်ဉာဏ်ချွတ်ယွင်းမှု ရောဂါ (dementia)ရဲ့ အစောပိုင်း လက္ခဏာတွေ စတင် ခံစားနေရတယ်လို့ ယူဆရကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။ စိတ္တဗေဒ အထူးပြု ဆရာဝန် နှစ်ဦးက ထရမ့်အနေနဲ့ ကိစ္စတွေကို မှတ်သားထားမှုတွေမှာ မကြာခဏ ရောနှော ရှုပ်ထွေးသွားတတ်တာ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း ကျန်းမာရေးအရ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ပိုများလာတာကို ထောက်ပြခဲ့ပြီး ဒါတွေက အသက်ကြီးလာလို့ သာမန် ဖြစ်လေ့ဖြစ်ထ ရှိနေတာတွေထက် အများကြီးပိုကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ စိတ္တဗေဒ အထူးပြု ဆရာဝန်တွေဖြစ်တဲ့ ဂျွန်ဂတ်နာနဲ့ ဟယ်ရီ ဆီးဂဲလ်တို့က အသက် ၇၉ နှစ်အရွယ် သမ္မတရဲ့…

  • မန္တလေးမြို့လယ်က ဖုန်းဆိုင်တခု ဖောက်ထွင်းခံရ

    မန္တလေးမြို့လယ်က ဖုန်းဆိုင်တခု ဖောက်ထွင်းခံရ

    မန္တလေးမြို့လယ်ကတံခါးနှစ်ထပ်ခတ်ထားတဲ့ မိုဘိုင်းဖုန်းဆိုင်တခုဖောက်ထွင်းခံရပြီးဆိုင်ကယ် ၂ စီးအပါအဝင် ဖုန်းအပိုပစ္စည်းများ ဆုံးရှုံးခဲ့ပါတယ်။ စက်တင်ဘာ ၁၆ ရက် မနက် မနက် ၃ နာရီခွဲခန့်က မန္တလေးမြို့လယ်ဖြစ်တဲ့ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်း ၇၁ လမ်းနဲ့ ၇၂ လမ်းကြားက ဗန္ဓုလမိုဘိုင်းလ်ဆိုင် ဖောက်ထွင်းခံရတာပါ။ အဲဒီဖုန်းဆိုင်ထဲကသိန်း(၃၀)ကျော်တန်တဲ့ ဆိုင်ကယ်(၂)စီး၊ Bluetooth Box အပါအဝင် Internet WiFi Router တွေနဲ့ တခြားပစ္စည်း​တွေ ခိုးယူသွားကြောင်း ဖုန်းဆိုင်က အသိပေးပါတယ်။ ဆိုင်ကထုတ်ပြန်တဲ့ CCTV မှတ်တမ်းမှာတော့ ပုဆိုးဝတ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတဦးဟာ ခြံဝင်းတံခါးတိုင်ကနေကျော်ဝင်လာပြီး CCTV ကင်မရာကို တခုခုနဲ့ကာလိုက်ပါတယ်။ ကာတဲ့ပစ္စည်းက ပြုတ်ပြုတ်သွားပြီး အဲဒီအမျိုးသားဟာ ဝင်းတံခါးက သော့ကိုဖျက်နေခဲ့ပါတယ်။ ဝင်းတံခါးပွင့်သွားချိန်မှာတော့ အဲဒီလူဟာ ဆိုင်ထဲကို အနွေးထည်ကို…

  • တရားရုံးထုတ်ပြီး ပြန်လာသည့် အချုပ်သား ၇ ဦး ထွက်ပြေး

    တရားရုံးထုတ်ပြီး ပြန်လာသည့် အချုပ်သား ၇ ဦး ထွက်ပြေး

    မွန်ပြည်နယ်၊ သထုံမြို့မှာ စက်တင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းက တရားရုံးထုတ်ပြီး ပြန်လာတဲ့ အချုပ်သား ၇ ယောက် ထွက်ပြေးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ သထုံခရိုင်တရားရုံးမှာ မနေ့က ညနေပိုင်းက အမှုစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အချုပ်သားတွေကို ရဲအချုပ်ကားတစီးနဲ့ ဈေးမသွယ်ထောင်ကို ခေါ်ဆောင်သွားပြီးနောက် ထောင်အဝင်ဝအရောက်မှာ ထွက်ပြေးသွားကြတာလို့ ထောင်နဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။ “အဓိက လုံခြုံရေးအားနည်းတာကြောင့်ပေါ့။ ထောင်​အရှေ့ ကားလည်းရပ်ရော ခုန်ဆင်းပြီး ထွက်ပြေးကြတာ။ ရဲက အင်အားနည်းတော့ ပြန်ခုခံမှာ ကြောက်လို့ထင်တယ်။ ပစ်ခတ်ဖမ်းဆီးတာ မတွေ့ရဘူး။” ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေမှာ ခိုးဆိုးလုယက်မှုအပါအဝင် လူသတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်ကြောင်းနဲ့ အချုပ်သား ၇ ယောက်အနက် ၃ ယောက်ကို ပြန်လည်ဖမ်းဆီးရမိထားကြောင်း မြို့ခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၁၆…