Author: Baby Yit Lone

  • ရဲတပ်ဖွဲ့ ဝါဒဖြန့် ရုပ်ရှင်အား လုံခြုံရေးတင်းကျပ်ပြီး ရုံတင်ပြသ

    ရဲတပ်ဖွဲ့ ဝါဒဖြန့် ရုပ်ရှင်အား လုံခြုံရေးတင်းကျပ်ပြီး ရုံတင်ပြသ

    စစ်ကော်မရှင် ရဲတပ်ဖွဲ့ ဝါဒဖြန့် ရုပ်ရှင်အား လုံခြုံရေးတင်းကျပ်ပြီး ရုံတင်ပြသ စစ်ကော်မရှင် ရဲတပ်ဖွဲ့ဝါဒဖြန့် ဘဝကို စားသော ကိန်းဂဏန်းများ ရုပ်ရှင်အား လုံခြုံရေး တင်းကျပ်ကာ ရုံတင်ပြသခြင်း ပြုလုပ်နေကြောင်း ရုပ်ရှင် အသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ရုပ်ရှင်အား ရုပ်ရှင်အထူးပွဲ ပြသသည့် နေ့ကစပြီး ပြသသည့် ရုပ်ရှင်ရုံများ၌ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ “ရုပ်ရှင် Press Show က သမ္မတရုံမှာ လုပ်တာ။ အဲ့ဒီနေ့က မီဒီယာတွေကိုပါ အစစ်အဆေးတွေ လုပ်တာ။ ကျန်တဲ့ ပွဲတွေဆို မစစ်ဘူး” ဟု ပြည်တွင်း အနုပညာသတင်းထောက်တစ်ဦးက ပြောသည်။ ယင်း ရုပ်ရှင်အား စက်တင်ဘာ ၁၉ရက်မှ စ၍ သမ္မတရုပ်ရှင်ရုံအပါအဝင် ရုပ်ရှင်ရုံများ၌…

  • မွန်တော်လှန်ရေးတပ်များ ထပ်မံပူးပေါင်း

    မွန်တော်လှန်ရေးတပ်များ ထပ်မံပူးပေါင်း

    စစ်အာဏာရှင်ကို တိုက်ခိုက်ရာတွင် ပိုမိုထိရောက်စေရန် မွန်တော်လှန်ရေးတပ်များ ထပ်မံပူးပေါင်း အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ဖျက်ရာတွင် ပိုမို ထိရောက်စေရန်အတွက် ရာမညမွန်တပ်တော် နှင့် မွန်လွတ်မြောက်ရေးတပ်တော်တို့ ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောကြားသည်။ စက်တင်ဘာလ ၁၈ ရက်နေ့က တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော မွန်ပြည် ပေါ်ထွန်းရေး ရည်ရွယ်ချက်ဖြင့် စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် မွန် လွတ်မြောက်ရေးတပ်တော် (MLF) နှင့် မွန်ပြည်သစ် ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမည မွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “အခုလို ပူးပေါင်းလိုက်ခြင်းဖြင့် စစ်အာဏာရှင်ကို အတူတိုက်ဖျက်နေတဲ့နေရာမှာ ပိုပြီးထိရောက်ပြီး တော့ ပိုပြီးအားဖြစ်သွားစေမယ်လို့ ယုံကြည်ပါတယ်၊ ပြောလို့ရပါတယ်။ နောက်ပြီး ကျနော်တို့ မွန်…

  • ကျောက်ဖြူတွင် အကြမ်းဖက်တပ်၏စပိဘုတ်ကို AA က စနိုက်ဘာဖြင့်ပစ်ခတ်၍ ဗိုလ်အဆင့်အပါအဝင် လေးဦးသေဆုံးဟုဆို

    ကျောက်ဖြူတွင် အကြမ်းဖက်တပ်၏စပိဘုတ်ကို AA က စနိုက်ဘာဖြင့်ပစ်ခတ်၍ ဗိုလ်အဆင့်အပါအဝင် လေးဦးသေဆုံးဟုဆို

    ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ရေကြောင်းကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ်၏ စပိဘုတ်တစ်စီးကို အာရက္ခတပ်တော်(AA)က စနိုက်ဘာဖြင့်ပစ်ခတ်၍ ဗိုလ်အဆင့်အပါအဝင် တပ်ဖွဲ့ဝင်လေးဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ကျောက်ဖြူပင်လယ်ပြင်တွင်ရပ်နားထားသည့် အကြမ်းဖက်စစ်တပ်၏နေဗီများမှတဆင့် အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်အင်အား ၁ဝ ကျော်သည် စပိဘုတ်တစ်စီးနှင့် ဟွန်ဒါစက်လှေတစ်စီးတို့ဖြင့် ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ရေကြောင်းကင်းလှည့်နေစဉ် AA က စနိုက်ဘာဖြင့်ပစ်ခတ်၍ စပိဘုတ်ပေါ်မှ တပ်ဖွဲ့ဝင်လေးဦး ယခုကဲ့သို့သေဆုံးသွားခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “နေဗီကစစ်သားတွေက စပိဘုတ်တွေ၊ ဟွန်ဒါတွေနဲ့ဆင်းပြီး မြစ်ကမ်းတစ်လျှောက်ကင်းလှည့်တယ်။ အဲဒီနေဗီ တွေကို AA က စနိုက်ဘာနဲ့ ပစ်ချလိုက်တာ။ ဗိုလ်အဆင့်အပါအဝင် လေးယောက်သေတာကို လောလောဆယ်အတည်ပြုနိုင်တယ်” ဟု ပြောသည်။ အဆိုပါ စပိဘုတ်ပေါ်မှ သေဆုံးသွားသည့်အကြမ်းဖက်စစ်သားများ၏ရုပ်အလောင်းများကို ကျောက်ဖြူမြို့ဆေးရုံ၏ရင်ခွဲရုံသို့ အမှတ်(၁)ဆိပ်ကမ်းမှတဆင့် ကားဖြင့်တင်ဆောင်သွားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက အတည်ပြုပြောဆိုသည်။…

  • ပဲခူး ကပစ ၆ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အလောင်းများကို ကား ၃ စီး တိုက်သယ်ယူနေရ

    ပဲခူး ကပစ ၆ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အလောင်းများကို ကား ၃ စီး တိုက်သယ်ယူနေရ

    ပဲခူး ကပစ ၆ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အလောင်းများကို ကား ၃ စီး တိုက်သယ်ယူနေရ ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နယ်၊ ဆင်လန်ကျေးရွာအနီးရှိ ကာကင်းစခန်းကို စစ်ကော်မရှင် တပ်ဖွဲ့များ ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း‌ သိရသည်။ စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့်ရက်ပိုင်း စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ အာရက္ခ တပ်တော် (AA) ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည့် လေသာတောင်ကုန်းကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “သေတဲ့လူတွေက အရာရှိတွေများတယ်လို့ သိရတယ်။ စနိုက်ဘာထိပြီးသေကြတာ။ လေသာ တောင်ကုန်းကစစ်ရေးအရ အရေးပါတော့ စိုးမိုးမှုရဖို့ အပြင်း အထန်ဖြစ်နေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်၏ ထိုးစစ်ကို AA ပူးပေါင်းတပ်ဖွဲ့က…

  • တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် မင်းအောင်လှိုင်က အမိန့်ပေး

    တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် မင်းအောင်လှိုင်က အမိန့်ပေး

    စစ်တပ်ကို ထိခိုက်မှုများ မဖြစ်စေရေး တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် မင်းအောင်လှိုင် အမိန့်ပေး စစ်တပ်ကို ထိခိုက်မှုများ မဖြစ်စေရေး လူမှုကွန်ရက်အသုံးပြုမှုများ စစ်ဆေးကြပ်မတ်ရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ပေးလိုက်သည်။ ယမန်နေ့ တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ပြုလုပ်သော အရာရှိ၊စစ်သည်များနှင့်တွေ့ဆုံပွဲ အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆို အမိန့်ပေးလာခြင်းဖြစ်သည်။ မင်းအောင်လှိုင်က ယနေ့ခေတ်မှာ သတင်းမီဒီယာခေတ်ဖြစ်သည်နှင့်အညီ လူမှုကွန်ရက်များအသုံးပြုရာတွင်လည်း အကျိုးမဲ့ဖြစ်စေမည့် မိမိနှင့် မိမိတို့၏ အဖွဲ့အစည်းကိုထိခိုက်စေနိုင်သည့် လုပ် ဆောင်ချက်များမဖြစ်အောင် တစ်ဦးချင်းအသိတရားဖြင့် အသုံးပြုကြရန်လိုကြောင်း၊ တာဝန်ရှိသူများကလည်း စစ်ဆေးကြပ်မတ်ပေးနေရန်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ မင်းအောင်လှိုင်က လူမှုကွန်ရက် အသုံးပြုမှုများကို တောက်လျှောက်ဆိုသလို တင်းကျပ် စိစစ်ကြပ်မတ်ရန် အမိန့်ပေးနေပြီး စက်တင်ဘာလ ၁၂ ရက်နေ့ စစ်ကော်မရှင် အစည်းအဝေးတွင်လည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် လုံခြုံရေးကျိုးပေါက်မှုများကို…