Author: Baby Yit Lone
-

ထားဝယ်နယ်မှာ စစ်တပ်ယာဥ်တန်းတိုက်ခိုက်
ထားဝယ်နယ်မှာ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှု ၆ စီးကို တော်လှန်ရေးတပ်များဖျက်ဆီးနိုင်၊ ကားသုံးစီးစာရိက္ခာနဲ့ လက်နက်တွေရ ထားဝယ်မြို့ဘက်ကနေလာတဲ့ စစ်တပ်ယာဥ်တန်း ၁၁ စီးမှ ၆ စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ ကျားသစ်နက်တပ်ဖွဲ့နဲ့ ဘီလုံးပြောက်ကျားတပ်တို့က စက်တင်ဘာ၂၀ ရက်မှာ ပူးပေါင်းထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ကား ၁၀ စီးပါယာဥ်တန်းဟာ သြဂုတ် ၂၁ ရက်ကတည်းက ထားဝယ်ကနေ ဝကုန်းရွာဘက်ကို ထွက်လာတာဖြစ်ပါတယ်။ အဲဒီယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့သလို ယာဥ်သုံးစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ရှေ့ဆက်မသွားနိုင်တဲ့ စစ်ယာဥ်တန်းမှ လက်ကျန်ကိုးစီးနှင့် ချောဆွဲထားတဲ့အရပ်သားယာဥ်တစ်စီးအပါအဝင် ၁၀ စီးကို စက်တင်ဘာ ၄ ရက်နေ့မနက် ၁၀ နာရီလောက်မှာ ဝကုန်းရွာ ဘုရားတောင်အနီး တော်လှန်ရေးတပ်တွေကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၁၂…
-

ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဗန်းမောက်မြို့အတွင်းရှိ စစ်ကော်မရှင်တပ်နှင့် SNA ရှမ်းနီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ “ဗန်းမောက်မြို့ကို ညနေကတည်းက သိမ်းထားတယ်ဆိုပြီး သိရပါတယ်။ SNA တပ်တွေအကုန် ထွက်ပြေးသွားပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့တွင် တော်လှန် ရေးပူးပေါင်းတပ်များက ဗန်းမောက်မြို့ရှိ ကာကင်းစခန်း ခြောက်ခုကို သိမ်းပိုက်ပြီးနောက် မြို့တွင်းကို ဆက် လက်တိုက်ခိုက်လာရာ ယနေ့ညနေပိုင်းတွင် မြို့ကို အပြီးသတ်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို အမှတ် ၁ စစ်ဒေသ ကသာခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်မှုဖြင့် ကသာခရိုင်တပ်ရင်း ၂၊ ၄၊…
-

တာမွေရှိ ဈေးရုံးတာဝန်ခံအမျိုးသမီးက လမ်းဘေးဈေးသည်များကို ရိုင်းစိုင်းစွာဆက်ဆံ၍ မောင်းထုတ်
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ဈေးရုံးတာဝန်ခံအမျိုးသမီးတစ်ဦးက လမ်းဘေးဈေးသည်များကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံပြီး မောင်းထုတ်ခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်။ မေတ္တာညွန့်ရပ်ကွက်ရှိ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနရှိ အမျိုးသမီးက စျေးသည်များကိုမောင်းထုတ်နေခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းကလည်း ထိုသို့မောင်းထုတ်ခဲ့ကြောင်း သိရသည်။ “အဲဒီအမျိုးသမီးက ဈေးရုံးတာဝန်ခံပါ။ ဈေးသည်တွေကို ရိုင်းရိုင်းစိုင်းစိုင်း၊ မောက်မောက်မာမာ ပြောတယ်၊ ဆူတယ်၊ ကြိမ်းမောင်းတယ်။ ကြက်ဥရောင်းတဲ့နေ့ဆိုရင် ကားကြီးကို လမ်းမှာပိတ်ရပ် တယ်။ ဈေးသည်တွေကိုတော့ လာရောင်းခွင့်မပြုဘူးလို့ ပြောပါတယ်” ဟု ဈေးသည်တစ်ဦးက ပြောသည်။ ထို့အပြင် စစ်ကော်မရှင်လက်အောက်ခံ ဈေးတာဝန်ခံရုံးအမျိုးသမီးသည် ၎င်း၏ရုံးရှိ ဝန်ထမ်းများ ကိုလည်း နေ့စဉ် မောက်မောက်မာမာဆက်ဆံနေမှုကြောင့် ဝန်ထမ်းများကလည်း မကျေနပ်မှုများ ရှိကြောင်း မေတ္တာညွန့်ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။ ပုံစာ- ဈေးရုံးတာဝန်ခံအမျိုးသမီး(အင်္ကျီအပြာဝမ်းဆက်ဝတ်ဆင်ထားသူ)၊ လမ်းပေါ်တက်၍…
-

မိုးကုတ်မီလီယံနာသူကြွယ်ကြီးယောဆက် ၁၄ နှစ်ကျော်အိမ်တွင်းအကြမ်းဖက်မှု သမီးဖြစ်သူဖွင့်ချ
ကျောက်သူဌေးကြီး ယောဆက်ဆိုလျှင် တနိုင်ငံလုံးမသိသူမရှိကြပေ။ သူသည်လီဆူအမျိုးသား ကျောက်မျက် ရတနာသူကြွယ်ကြီး၊ရန်ကုန် ဗဟန်းမြို့နယ်နှင့် ပတ္တမြားမြေ မိုးကုတ်မြို့ရှိရွှေလိပ်ပြာ ဟိုတယ်များ၏ပိုင်ရှင်ဖြစ်သည်။ ဦးယောဆက်သည် နဝတခေတ်တွင် ကျောက်လုပ်ငန်းဖြင့်အလွန်ကြီးပွားချမ်းသာလာပြီး မိုးကုတ်မြို့၏လက်တဆုပ်စာထိပ်သီးသူကြွယ်စာရင်းဝင်ဖြစ်သည်။ ဦးယောဆက်သည် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း(MEEA)၏ ဥက္ကဋ္ဌ တာဝန်ယူဖူးသည်။ ယနေ့ စက်တင်ဘာ ၂၀ ညပိုင်းတွင် ဦးယောဆက်၏သမီးဖြစ်သူ ဂျူလီယာဆက်က ဖခင်ဖြစ်သူ၏ ဆယ်စုနှစ်ကြာ အိမ်တွင်းအကြမ်းဖက်မှု ကိုဖွင့်ချလာသည်။ ဦးယောဆက်သည် ဇနီးဖြစ်သူနှင့် သားသမီးများ ကိုအကြမ်းဖက်ရိုက်နှက် သူဖြစ်ကြောင်း လူမှုကွန်ရက်တွင် ဗီဒီယိုဖိုင်နှင့်တကွ ဖွင့်ချလာခဲ့သည်။ ဂျူလီယာဆက်သည် ဖက်ရှင်လောကတွင် ကာလာပညာရှင်၊ အရောင်ပညာရှင် (Image consultant)အဖြစ် နာမည်ရလာသည့်အမျိုးသမီးငယ်ဖြစ်သည်။ “ ၂၀၁၁ ကနေ ၂၀၂၅ အထိ ၁၄ နှစ်တိုင်တိုင်ပါ။ ကလေးဘဝမှာ ဘာမှမကယ်နိုင်ပဲ အမေအရိုက်ခံရတာကိုကြည့်ပြီးကူရာမဲ့ဖြစ်ခဲ့ ကြိုးစားပြီးအခုကိုယ့်ဟာကိုပိုက်ဆံရှာနိုင်မှဇူလိုင်…
-

ထီးဖြူဆောင်း ပလ္လင်ပေါ်မှာထိုင်ပြီး တရားဟောတဲ့ ပိဋကတ်သုံးဘုံမယ်တော်ကြီး ဆိုတဲ့အမျိုးသမီးကို ဖမ်းဆီး
ထီးဖြူဆောင်း ပလ္လင်ပေါ်မှာထိုင်ပြီး တရားဟောတဲ့ ပိဋကတ်သုံးဘုံမယ်တော်ကြီး ဆိုတဲ့အမျိုးသမီးကို ဖမ်းဆီး မွန်ပြည်နယ်၊မုဒုံမြို့နယ် ၊နှီးပဒေါရွာမှာ သာသနာ့အဆောက်အဦးတွေ တည်ဆောက်ပြီး ထီးဖြူဆောင်းကာ ပလ္လင်ပေါ်တက်ပြီး တရားဟောတဲ့ “ပိဋကတ် သုံးဘုံမယ်တော်ကြီး “ဆိုတဲ့အမျိုးသမီးကြီးကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ သက်ဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ အမျိုးသမီးကို လက်ရှိမှာ မုဒုံမြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး သာသနာညှိုးနွမ်း ပုဒ်မ ၂၉၅ နဲ့ အမှုဖွင့်တရားစွဲဆိုဖို့ မြို့နယ် သာသနာရေးဌာနက ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ဖမ်းဆီးထိန်းသိမ်းခြင်းမပြုလုပ်ခင် ဒီနေ့ ၁၂ နာရီအချိန်မှာ မြို့နယ်သံဃနာယကအဖွဲ့ရုံးကို လာရောက်ဖို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှတဆင့်စာပို့အကြောင်းကြားခဲ့ပေမယ့် ရောက်မလာခဲ့တဲ့အပြင် ဖုန်းဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာမရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင်မှာစိုးရိမ်တာကြောင့် ညနေပိုင်းမှာ ချက်ခြင်းဖမ်းဆီးထိန်းသိမ်းလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ ” မဖြစ်သင့်တဲ့ကိစ္စမို့အချိန်မီတားဆီးလိုက်တာပါ။ သူတိမ်းရှောင်သွားမှာစိုးလို့ အရင်ထိန်းသိမ်းလိုက်တာ။ အစည်းအဝေးပွဲဖိတ်ထားတာဘာလို့မလာလဲဆိုတော့ လာစရာမလိုဘူး ။ဘုန်းကြီးတွေက…