Author: Baby Yit Lone

  • မန္တလေးတွင် ဖုန်းအားသွင်းရန် အိပ်ရာပေါ်သွယ်တန်းထားသည့်ပလပ်ခုံ အပူလွန်မီးလောင်

    မန္တလေးတွင် ဖုန်းအားသွင်းရန် အိပ်ရာပေါ်သွယ်တန်းထားသည့်ပလပ်ခုံ အပူလွန်မီးလောင်

    မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက်မနက်ပိုင်းက အိပ်ရာပေါ် ဖုန်းအားသွင်းဖို့အတွက် မီးပလပ်ခုံ သွယ်တန်းရာကနေကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ရဲမွန်တောင်ရပ်ကွက်၊ ၅၉ လမ်း၊ ၃၉ D လမ်းနဲ့ ၃၉ E လမ်းကြားမှာ အိပ်ရာပေါ်တင်ထားတဲ့ ပလပ်ခုံ အပူလွန်ကဲလို့ မီးလောင်ခဲ့တာဖြစ်ပြီး ၃၅ ပေ ၂၀ ပေ၊ သွပ်မိုး ထရံကာ၊ တထပ် အဆောက်အအုံနဲ့ အတွင်းပစ္စည်းတွေ၊ ဆိုင်ကယ် ၂ စီး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “မီးလောင်မှုက အောက်တိုဘာ ၁၀ ရက် မနက် ၇ နာရီ မိနစ် ၃၀ လောက်မှာဖြစ်တာ။ မီးလောင်မှုကြောင့် ပစ္စည်းတွေတော့ ဆုံးရှုံးခဲ့တယ်။…

  • စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန်နှင့်   နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန် အာဆီယံသို့   NUG ၊ CRPH ၊ NUCC နှင့်တိုင်းရင်းသားတော်လှန်ရေးတပ်များ အပါအဝင် အဖွဲ့ ၂၀ ကတောင်းဆို

    စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန် အာဆီယံသို့ NUG ၊ CRPH ၊ NUCC နှင့်တိုင်းရင်းသားတော်လှန်ရေးတပ်များ အပါအဝင် အဖွဲ့ ၂၀ ကတောင်းဆို

    စစ်တပ်၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန် အာဆီယံသို့ NUG ၊ CRPH ၊ NUCC နှင့်တိုင်းရင်းသားတော်လှန်ရေးတပ်များ အပါအဝင် အဖွဲ့ ၂၀ ကတောင်းဆို အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် မည်သည့် ရွေးကောက်ပွဲမဆို ငြင်းပယ်ရန်နှင့် အသိအမှတ်မပြုရန် ၊ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆေင်ရွက်ပေးရန် အာဆီယံသို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPH ၊ NUCC နှင့် ကရင်-KNU ၊ ချင်း-CNF ၊ ကချင်-KPICT ၊ ကရင်နီ- KNPP/IEC အပါအဝင် တော်လှန်ရေးတပ်များနှင့်…

  • နတ်​ရေကန်ဗျူဟာက စစ်သား​တွေ စတင်ထွက်​ပြေး

    နတ်​ရေကန်ဗျူဟာက စစ်သား​တွေ စတင်ထွက်​ပြေး

    အာရက္ခတပ်​တော်(AA) နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာထဲက စစ်ကောင်စီတပ်တွေ ဆုတ်ခွာထွက်ပြေး​​နေပြီး တော်လှန်​ရေးတပ်​တွေက အပြီးသတ်ထိုးစစ်ဆင်​နေပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ သတင်းရင်းမြစ်တစ်ဦးက ဗျူဟာထဲက စစ်ကောင်စီတပ်သားတွေ ထွက်ပြေးကုန်ပြီး ကျသွားပြီဆိုပြီး တပ်တွင်းသတင်းပေးတစ်ယောက်က မနေ့ည ၁၀ နာရီလောက်မှာ သတင်းပို့တယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။ ဒါ့အပြင် နတ်ရေကန်ဗျူဟာရပြီလို့ ပြောလို့ရကြောင်း သူက ဆိုပါတယ်။ အမ်း-ပဒါန်းလမ်းပိုင်းအနီးက ​လေ​ကြောင်းရန်ကာကွယ်​ရေးအတွက် ​ရေဒါပါ တပ်ဆင်ထားတဲ့​ဗျူဟာ​မြောက်စခန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ထိုးစစ်စတင်ခဲ့တာပါ။ ကာကင်းစခန်းကြီးဖြစ်တဲ့ MPT တာဝါတိုင်ကုန်းကို မတ်လမှာ သိမ်းယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး​နောက်မှာတော့ AA အပါအဝင် ညီ​နောင် မဟာမိတ်သုံးဖွဲ့က ငလျင်အ​ရေး​ပေါ်ကယ်ဆယ်​ရေးနဲ့ ပြန်လည်ထူ​ထောင်​ရေးအတွက်…

  • ကြေးနီတူးနေတဲ့ တရုတ်ယန်စီကုမ္မဏီ ဒုတိယအကြိမ် လက်နက်ကြီး ပစ်ခံရ

    ကြေးနီတူးနေတဲ့ တရုတ်ယန်စီကုမ္မဏီ ဒုတိယအကြိမ် လက်နက်ကြီး ပစ်ခံရ

    တရုတ်က ပထမအကြိမ်လို စက်ရုံလည်ပတ်မှု မရပ်ဘဲ ပုံမှန်အတိုင်း ကြေးနီဆက်တူး စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်ကို ဖြိုချကာ ကြေးနီတူးနေတဲ့ တရုတ်ပိုင် ယန်စီကုမ္မဏီ ယမနေ့ညနေပိုင်းက ဒုတိယအကြိမ်အဖြစ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး တရုတ်ကုမ္ပဏီဝင်းထဲ ပေါက်ကွဲသံတချို့ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီခွဲအချိန်မှာ တရုတ် ယန်စီ ကုမ္ပဏီဝင်းထဲ လက်နက်ကြီး ပစ်ခတ်ခံရတာ ဖြစ်ပြီး ပေါက်ကွဲသံ သုံးချက် ကြားရတယ်လို့ ဆိုပါတယ်။ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ မသိရသေးသလို အထိအခိုက် ရှိ၊ မရှိကိုလည်း မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အသံက အတော်ကျယ်တယ်၊ သုံးလုံးပေါက်ကွဲသံ ကြားရတယ်၊ ကြားကြားချင်း ကုမ္မဏီက ကားသံတွေ…

  • အဖေကို အမြန်သင်္ဂြိုလ်ပြီး ရှေ့တန်းထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ်၆တပ်ရင်း ဆေးမှူး (ရုပ်/သံ)

    အဖေကို အမြန်သင်္ဂြိုလ်ပြီး ရှေ့တန်းထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ်၆တပ်ရင်း ဆေးမှူး (ရုပ်/သံ)

    စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းပျူစခန်းကို တိုက်ခိုက်ဖို့အတွက် အဖေဖြစ်သူကို အမြန်မီးသင်္ဂြိုလ်ပြီး ရှေ့ထွက်ခဲ့တဲ့ ယင်းမာပင်ခရိုင်အမှတ် ၆ တပ်ရင်း ဆေးမှူးက ၎င်းရဲ့အဖြစ်အပျက်ကို ကျည်ငါးသောင်းကမ်ပိန်းဖြစ်တဲ့ အနောက်ဖက်လွင်ပြင်သို့ကမ်ပိန်းမှာ ပြီးခဲ့ရက်ပိုင်းက အခုလို ပြောကြားခဲ့ပါတယ်။ ၎င်းကိုယ်တိုင် ခြေတစ်ဖက်မသန်တော့ပေမဲ့ လက်ရှိတော်လှန်ရေးကို နားတော့မယ်လို့ စိတ်ကူးတိုင်း ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကို မြင်ယောင်တဲ့အတွက် အသက်ရှင်နေသ၍ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမယ်လို့ ၄င်းကပြောဆိုခဲ့ပါတယ်။ Video-အနောက်မြောက်လွင်ပြင်သို့