Author: Baby Yit Lone
-

ဗိုလ်မှူး ဒါဘော (ခေါ်) စောကိုကို – ကော်သူးလေ၏ မကြောက်မရွံ့သောစိတ်ဓာတ်
ရဲရင့်ပြီး ပြတ်သားသောလူငယ်တစ်ဦးဖြစ်သည့် ဗိုလ်မှူးဒါဘောသည် ကျွန်ုပ်တို့၏ ကရင်တော်လှန်ရေးနှင့် မြန်မာနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော နွေဦးတော်လှန်ရေး၏ သက်ရှိသမိုင်းတွင် ၎င်း၏အမည်ကို ရေးထိုးထားပြီးဖြစ်သည်။ သူ၏ရဲစွမ်းသတ္တိသည် စစ်မြေပြင်တွင်သာမက မည်သည့်နေရာမှလာသည်ဖြစ်စေ၊ မည်သည့်ဒုက္ခမျိုးကို ခံစားခဲ့ရသည်ဖြစ်စေ လွတ်လပ်မှုသည် လူတိုင်းနှင့်သက်ဆိုင်သည်ဟူသော သူ၏ မယိမ်းယိုင်သောယုံကြည်ချက်တွင် တည်ရှိသည်။ သူသည် ရဲရင့်သည်၊ ယုံကြည်မှုရှိပြီး လူအများစုပင် အိပ်မက်မမက်ဝံ့သော လမ်းကို လျှောက်လှမ်းရန် မကြောက်သူဖြစ်သည်။ သူ၏ခေါင်းဆောင်မှုသည် သူ၏ရဲဘော်များကိုသာမက လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိသောဘဝကို ရှာဖွေနေသည့် လူငယ်များစွာကိုပါ လှုံ့ဆော်ပေးခဲ့သည်။ သူ၏တာဝန်ထမ်းဆောင်ရာတွင် ဗိုလ်မှူးဒါဘောသည် စိတ်ပျက်အားငယ်မှုများနှင့် မပြည့်စုံသော ကတိများ၏ လေးလံသောဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်ခဲ့ရသည်။ သို့တိုင် သူသည် လှည့်မပြန်ခဲ့ပေ။ ဒေါသ သို့မဟုတ် စိတ်ပျက်အားငယ်မှုတို့ကို သူလက်မခံခဲ့ပေ။ ယင်းအစား သူသည် ပိုမိုခက်ခဲသောလမ်းကို ရွေးချယ်ခဲ့သည်။ ဆက်လက်တိုက်ပွဲဝင်ခြင်း၊…
-
ရေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ် အထိနာနေ
မွန်ပြည်နယ် ရေးမြို့နယ်မှာ တစ်ကျော့ပြန် ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က အထိနာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁၀ ရက်နေ့ကစလို့ ရေးမြို့နယ်ရဲ့ စံပြ၊ အောင်သပြေ၊ ကနင်ကမော့နဲ့ ဘေးလမိုင်းကျေးရွာအနီး ပတ်ဝန်းကျင်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့က မနက်ပိုင်းက အောင်သပြေနဲ့ဘေးလမိုင်းကျေးရွာအနီးမှာ စစ်ကော် မရှင်တပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် အထိနာသွားတာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းနဲ့ တိုက်ခိုက်မှုပြီးနောက် စစ်ကောင်မရှင်တပ်ဟာ မော့ကနင်ကျေးရွာဘက်ကို ပြန်ဆုတ်သွားမယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီ ရေး – ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ…
-
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံတို့တွင် တိုက်ပွဲများပြင်းထန်နေ
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖယ်ခုံတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးကျော်သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အောက်တိုဘာလ ၆ ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဝမ်းမလန်းကျေးရွာအပေါ်ဘက် တောင်ကုန်းတစ်ခုတွင် ကာကင်းချထားသော အကြမ်းဖက် စစ်တပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ၁ နာရီနီးပါး ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရသည်။ ယင်းနေ့တွင်…
-

စဉ့်ကူးမြို့နယ် လေကြောင်းတိုက်မှု ပြည်သူ ၁ ဦးဒဏ်ရာရ
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ထုံးကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာ ၁၂ရက် မနေ့က မနက်၉နာရီ ကျော်မှာ ထုံးကြီးရဲစခန်းအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ “ရဲစခန်းကိုပဲ ကြဲလားမသိဘူး။ရဲစခန်းနဲ့ ဘုန်းကြီး ကျောင်းနားကို ကျပြီး အမျိုးသားတယောက်ကတော့ အစမှန်ဒဏ်ရာ ရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ ထုံးကြီးကျေးရွာကို စစ်ကောင်စီက မကြာခဏ လေကြောင်း တိုက်ခိုက်လေ့ရှိပြီး ယခင်ကလည်း ရဲစခန်းအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်စိုးမိုးထားတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ် နေတာပါ။ အောက်တိုဘာ ၁၁ရက်ကလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ (စဉ့်ကူးမြို့နယ်က…
-

ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည့် လူမှုကွန်ရက်တွင် လူသိများသည့် သမီးဆိုး(ခေါ်) ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် စစ်ဆေးနေ
ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသည့် လူမှုကွန်ရက်တွင် လူသိများသည့် သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ)ဖြင့် စစ်ဆေးနေကြောင်း သိရသည်။ သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုသည် မြန်မာပြည်ဖွားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ကာ ၎င်းသည် လူမှုကွန်ရက်မှတစ်ဆင့် လူသုံးကုန်ပစ္စည်းများ စျေးရောင်းချသူတစ်ဦးဖြစ်သည့်အပြင် အနုပညာရှင်အချို့နှင့် လူပုဂ္ဂိုလ်အချို့အား လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ပြောဆိုမှုများ ပြုလုပ်လေ့ရှိခဲ့သည်။ ထိုကဲ့သို့ သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကို၏ ပြောဆိုမှုအချို့ကြောင့် နစ်နာမှုရှိခဲ့သည်ဆိုကာ ဒေါ်အေသင်ကိုက သမီးဆိုးကို မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန်၌ လူချင်းတွေ့ဆုံရှင်းလင်းရန် ကနဦးတွင် တောင်းဆိုခဲ့သော်လည်း သမီးဆိုးက တွေ့ဆုံခြင်းမရှိသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းတွင် ဒေါ်အေသင်ကိုက ပုဒ်မ ၆၆(ဃ)ဖြင့် တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်၊ ထို့နောက် သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ထွက်ခွာရန် အောက်တိုဘာ ၁၂ရက်က ရန်ကုန်၊ မင်္ဂလာဒုံလေဆိပ်သို့ရောက်ရှိချိန်တွင် သက်ဆိုင်ရာက သမီးဆိုး(ခေါ်)ဒေါ်သက်ကိုကိုအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။ “လောလောဆယ်တော့…