Author: Baby Yit Lone
-

ဘီးလင်းတွင် စစ်ကော်မရှင်၏ အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
ဘီးလင်းတွင် စစ်ကော်မရှင်၏ အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိ စစ်ကော်မရှင်သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာကို အောက်တိုဘာ ၉ ရက်နေ့၊ ည ၈ နာရီဝန်းကျင်တွင် အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပျဉ်းမပင်ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၆ နှစ် မှ ၁၂ နှစ်အရွယ် ကလေးငယ် ငါးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးအထိရှိခဲ့ကြောင်းသိရသည်။ “ဂျက်ဖိုက်တာကြဲတာပါ။ အကြောင်းမဲ့ကြဲ သွားတာပါ။ ရွာထဲကို ကြဲတာလို့သိရတယ်။ အဲဒီရွာမှာ ဘာလက်နက်ကိုင်အဖွဲ့အစည်းမှာ မရှိကြပါဘူး။ ကလေးငယ်အပါအဝင် ငါး ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာ ရရှိပါတယ်” ဟု တပ်မဟာ(၁)PDF တာဝန်ခံ…
-
လေသာတောင်ကို စစ်ကူပေးရန်ခြုံခိုတက်လာသည့် စစ်ကော်မရှင်တပ် သေဆုံးမှုများနေ၍ လေကြောင်းပစ်ကူပေးပြီး ကယ်ထုတ်နေရ
ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်၊ လေသာတောင်သို့ စစ်ကူပေးရန်တက်လာသည့် စစ်ကော် မရှင်စစ်ကြောင်းသည် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်ခံရပြီး သေဆုံးမှု များကာ နောက်ဆုတ်ပြေးနေရကြောင်း သိရသည်။ ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဆင်လန်စခန်းမှ လေသာတောင်ဘက်သို့ ထွက်လာသည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများသည့်အတွက် လေကြောင်းမှပစ်ကူပေးပြီး ကယ်ထုတ်နေရကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “ဆင်လန်စခန်းကနေ လေသာတောင်ဘက်ကိုထွက်လာတဲ့တပ်က AA ထိပ်တိုက်တွေ့ပြီး အတိုက် ခံရတာ။ Y 12 နဲ့ဗုံးကြဲပေးနေရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အင်အား ၁၀၀ နီးပါးပါ စစ်ကော်မရှင်တပ်သည် ပန်းတောင်း-တောင်ကုတ် ကားလမ်းတစ်လျှောက် ခြုံခိုချီတက်လာပြီး လေသာတောင်ကြောသို့ ရောက်ရှိရန်ကြိုးစားစဉ်တွင် AA တပ်များနှင့် ထိပ်တိုက် တွေ့ပြီး ထိခိုက်သေဆုံးမှုများကာ…
-

တရုတ်ကုန်စည်အပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်တိုးကောက်မည်ဟု ထရမ့် ကြေညာ၊ ရှီနှင့်ဆွေးနွေးပွဲများ ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စည်းကြပ်ခွန်ထပ်တိုးကောက်မှုနှင့် အရေးပါသောဆော့ဖ်ဝဲများဆိုင်ရာ အမေရိကန်၏ ပို့ကုန်ထိန်းချုပ်မှုများသည် နိုဝင်ဘာ ၁ ရက်မှ စတင်အသက်ဝင်မည်ဖြစ်ကာ တရုတ်၏ “အလွန်ရန်လိုသော” လုပ်ရပ်များအတွက် တုံ့ပြန်မှုဖြစ်သည်ဟု ဆိုသည်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှု ပြန်လည်ပေါ်ပေါက်လာသဖြင့် အမေရိကန်စတော့ဈေးကွက် Nasdaq က ၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် S&P 500 က ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တရုတ်သည် ဖန်တနိုင်းကုန်သွယ်မှုတွင် ပံ့ပိုးပေးနေကြောင်းနှင့် မမျှတသော စီးပွားရေးလုပ်ထုံးလုပ်နည်းများကို ကျင့်သုံးနေကြောင်း ထရမ့်က စွပ်စွဲထားပြီး အမေရိကန်က လက်ရှိတွင် တရုတ်ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၃၀ ရာခိုင်နှုန်း ချမှတ်ထားသည်။ တရုတ်ကလည်း လက်တုံ့ပြန်အခွန်အဖြစ် ၁၀ ရာခိုင်နှုန်း ချမှတ်ထားသည်။ ထရမ့်က အခွန်အသစ်များချမှတ်မှုအကြောင်း…
-

မဲစာရင်း မပြည့်စုံ၊ အချက်အလက်ကွဲလွဲမှုရှိဟု စစ်ကော်မရှင် ဝန်ခံ
ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရာ မဲစာရင်း မပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုများရှိနေကြောင်း စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်က ဝန်ခံပြောဆိုသည်။ ယမန်နေ့ (အောက်တိုဘာ ၁၀) က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကော်မရှင်၏ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် ဦးမြင့်ကြိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၁ ရက်)ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။ “အချို့ဒေသများ၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရှိရပါကြောင်း” ဦးမြင့်ကြိုင်က ပြောသည်။ ထို့သို့ ဖြစ်ရခြင်းမှာ လက်ရှိအတည်ပြု လူဦးရေစာရင်းတွင် ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြောင်းရွှေ့နေထိုင်ရာဒေသသို့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးသည့်အတွက် ဖြစ်ကြောင်းလည်း အကြောင်းပြသည်။ မဲစာရင်း ကွဲလွဲမှု အနည်းငယ်ရှိနေခြင်းဟု ဦးမြင့်ကြိုင်ကဆိုသော်လည်း…
-

သံတွဲနှင့် ဂွ ပြည်သူများ စစ်ရေးသတိရှိကြရန် AA အသိပေး
ရခိုင်ပြည်နယ် သံတွဲ၊ ဂွမြို့နယ်များကို စစ်တပ်က ရေကြောင်း လေကြောင်းမှ တိုက်ခိုက်နေသဖြင့် ပြည်သူများ အထူးသတိထားကြရန်နှင့် စစ်ရေးသတိရှိကြရန် အာရက္ခတပ်တော် (AA)က အသိပေးမှု ပြုလုပ်ထားသည်။ စစ်သင်္ဘောများက လူနေရပ်ကွက်များ ရွာများအတွင်း အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ ကမ်းနီးတနိုင်တပိုင် ဝမ်းစာရှာ ငါးဖမ်းထွက်သည့် ရေလုပ်သားများအား ဖမ်းဆီးသတ်ဖြတ်နေရာ စက်တင်ဘာ ၆ ရက်က သံတွဲမြို့ တောင်မကျည်း တိုက်နယ် ဆတ်လည်မျှော်ရွာမှ ရေလုပ်သား ဦးမောင်ကို၊ ဦးကျော်ဝေသန်း၊ ဦးဖိုးနီ၊ ဦးညီညီတို့ကို ရေတပ်မှ ဖမ်းဆီးခဲ့သလို အောက်တိုဘာ ၃ ရက်က ကျောက်ဖြူမြို့ ဆားပြင်ကွင်းရပ်ကွက်မှ ရေလုပ်သား ၂၀ ကျော် ဖမ်းဆီးခဲ့သည်။ စက်တင်ဘာ ၄ ရက်က စစ်သင်္ဘောမှ အမြောက်ဖြင့် ပစ်သဖြင့် ငပလီကမ်းခြေအနီးနှင့် လင်းရိုး…