Author: Baby Yit Lone

  • ဒေါ်ကြူကြူလှ ပုံရိပ်ကျဆင်းစေသည်ဆိုကာ တိုင်ကြားခံရသည့် “သမီးဆိုး” ဖမ်းဆီးခံရ

    ဒေါ်ကြူကြူလှ ပုံရိပ်ကျဆင်းစေသည်ဆိုကာ တိုင်ကြားခံရသည့် “သမီးဆိုး” ဖမ်းဆီးခံရ

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှနှင့် စစ်အရာရှိများ၏ ပုံရိပ် ကျဆင်းစေသည်ဟုဆိုကာ တိုင်ကြားခံရသည့် “သမီးဆိုး” ခေါ် Shwe Thet အကောင့်ပိုင်ရှင်ကို ယနေ့ နံနက်ပိုင်းတွင် စင်ကာပူသို့ မထွက်ခွာမီ ရန်ကုန်လေဆိပ်၌ ဖမ်းဆီးလိုက်ကြောင်း စစ်ကော်မရှင်သတင်းများ ရေးသားဖော်ပြနေသည့် တယ်လီဂရမ်ချန်နယ်များက သိရသည်။ အဆိုပါ အမျိုးသမီးသည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့ ပြန်ရောက်လာခြင်းဖြစ်ကာ အွန်လိုင်း၌ လူသိများသည့်အမျိုးသမီးတဦးနှင့် လူမှုရေးပြဿနာတက်ခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ် ၎င်းတို့၂ ဦး၏ အပြန်အလှန် ပြောဆိုမှုများအား စိတ်ဝင်စားသူလည်း များပြားခဲ့သည်။ ထို့နောက် သမီးဆိုး ကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရဲစခန်းတွင် ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုထားကြောင်း သိရသည်။ သမီးဆိုးအား အောက်တိုဘာ ၇…

  • ပြည်သူအချို့နဲ့ အချင်းများခဲ့တဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူသွားမယ်

    ပြည်သူအချို့နဲ့ အချင်းများခဲ့တဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူသွားမယ်

    စဉ့်ကူးမှာ ပြည်သူအချို့နဲ့ အချင်းများခဲ့တဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူသွားမယ် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ ပြည်သူအချို့နဲ့ မန္တလေး PDF တပ်ဖွဲ့ဝင်အချို့ အချေအတင် အချင်းများနေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီး အဆိုပါတပ်ဖွဲ့ဝင်တွေကို သတိပေးအရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်က ယမန်နေ့ အောက်တိုဘာလ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ပွားခဲ့ပြီး စတားလင့်အင်တာနက်ကို အခကြေးငွေယူဆိုင်ဖွင့်လှစ်တာကြောင့် စတားလင့်စက်ပိုင်ရှင်တွေကို အရေးယူဖို့ လာရောက်တဲ့အချိန် အခုလို အချင်းများခဲ့ကြတာဖြစ်ပါတယ်။ ရုပ်သံဖိုင် ပျံ့နှံ့လာပြီးနောက် လူမှုကွန်ရက်မှာ ဝေဖန်သံတွေ များစွာထွက်ရှိလာခဲ့ပြီး အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကတော့ ဒီဝေဖန်သံတွေကို လက်ခံပြီး တပ်ဖွဲ့ဝင်တွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ “ဝေဖန်သံတွေနဲ့ ပတ်သက်လို့…

  • တရုတ်ပိုက်လိုင်းတွေနားက အန္တရာယ်ကြီးတဲ့အရှိတရားများ

    တရုတ်ပိုက်လိုင်းတွေနားက အန္တရာယ်ကြီးတဲ့အရှိတရားများ

    ရခိုင်ပြည်နယ်၊ရမ်းဗြဲနဲ့ မဒေးကျွန်းတွေကနေခရီးစတင်တဲ့ အဓိကပိုက်လိုင်းကြီး နှစ်ခုဟာတရုတ်နိုင်ငံထိ သွယ်တန်းနေပါတယ်။ ပိုက်လိုင်းတစ်ခုဟာ ကပ္ပလီပင်လယ်ထဲက သဘာဝ ဓာတ်ငွေ့တွေကို သွယ်တန်း ပေးပို့တာဖြစ်ပြီး တခြားပိုက်လိုင်းကတော့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံတွေဆီကနေတင်သွင်းလာတဲ့ရေနံစိမ်းတွေကို ပို့ဆောင်ပေးနေပါတယ်။ အဲဒီ ပိုက်လိုင်းတွေဟာ မိုင်ပေါင်း ရာနဲ့ချီ ရှည်လျားပြီးမြန်မာနိုင်ငံအထက်ပိုင်း ဒေသတွေကို ဖြတ်ကျော်သွားတဲ့နောက် တရုတ်ရဲ့ ကွီဂန်နဲ့ ကူမင်းလို မြို့တွေဆီ ရောက်ရှိသွားပါတယ်။ တရုတ်အတွက်တော့ဒီပိုက်လိုင်းကြီးတွေဟာ အင်မတန် ပါးနပ်တဲ့ ရင်းနှီးမြှုပ်နှံမှု အစီအမံတွေလို့ ပြောနိုင်ပါတယ်။အဲဒီပိုက်လိုင်းတွေကြောင့် ပုံမှန် ရေနံတင်ပို့မှု လမ်းကြောင်းတွေကို ကီလိုမီတာ ၁၂၀၀ လောက် ခရီးချုံ့နိုင်ခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ နိုင်ငံလူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ လျှပ်စစ်ဓာတ်အား ဖူဖူလုံလုံ မရနိုင်သေးတဲ့ မြန်မာလို နိုင်ငံအတွက်တော့ ဒီပိုက်လိုင်းကြီးတွေကို မြင်နေရတာ ရင်နာစရာပါပဲ။ မြန်မာဟာ ကိုယ့်နိုင်ငံ ပိုင်နက်ထဲက ထွက်ရှိတဲ့…

  • မန္တလေးတွင် ပေါက်ကွဲမှုဖြစ်ပြီး မိန်းကလေးငယ် သေဆုံး၊ မိဘများ ဒဏ်ရာရ

    မန္တလေးတွင် ပေါက်ကွဲမှုဖြစ်ပြီး မိန်းကလေးငယ် သေဆုံး၊ မိဘများ ဒဏ်ရာရ

    မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က နေအိမ်တလုံးမှာ အောက်တိုဘာ ၁၁ ရက် မနေ့ ညနေ ၃ နာရီကျော်က ပေါက်ကွဲမှုဖြစ်လို့ အသက် ၁၃ နှစ်အရွယ်မိန်းကလေး သေဆုံးပြီး မိဘတွေ ဒဏ်ရာရသွားတယ်လို့ ဖြစ်စဉ်မှာ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။ ပန်းရံလုပ်ငန်းလုပ်သူ ကိုဝင်းနိုင်ဦးဟာ သူနေတဲ့ (စ) ရပ်ကွက်၊ ၁၂၃x၁၂၄ လမ်းကြားကနေအိမ်မှာ သန့်ရှင်းရေးလုပ်ငန်း လုပ်တဲ့ဆီကနေ ထည့်ယူလာတဲ့ သံတိုသံစထုပ်ကို ထုတ်ကြည့်ရာမှာ ဗုံးလို့ယူဆရတဲ့ ပစ္စည်းတခုက အစထွက်နေတဲ့ ကြိုးစလေးကို ဆွဲထုတ်မိရာက ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ကူညီဆောင်ရွက်ပေးခဲ့သူတယောက်က “ရှမ်းပြည်နယ်၊ နောင်ချိုမြို့ဆေးရုံကြီးမှာ သန့်ရှင်းရေးလုပ်ငန်း လုပ်ပြီး ထည့်ယူလာတဲ့ သံတိုသံစအိတ်ထဲကနေပါလာတဲ့ ဗုံးလို့ ယူဆရတဲ့ဟာက ပေါက်ကွဲ။ ကြိုးစလေးထွက်နေတာကို ဆွဲလိုက်တော့ ယမ်းအနံ့ထွက်လာလို့ ရေအိုးတွေထားတဲ့ဘက်ကို လွှင့်ပစ်လိုက်တာ။ ရေချိုးနေတဲ့…

  • ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

    ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား

    ပြည်သူ​တွေက BC လုပ်ထားလို့ ပွဲငှားနဲ့ ရုပ်ရှင်ရိုက်ဖို့ ဘယ်သူမှ မခေါ်ကြတဲ့အတွက် ထိုင်စောင့်နေရတယ်ဆိုတဲ့ လူရွှင်တော် ဒိန်းဒေါင်ငြီးတွား ပွဲငှားနဲ့ ရုပ်ရှင်ကားရိုက်ဖို့ ခေါ်တာတွေ မရှိတော့လို့ ထိုင်စောင့်နေရကြောင်းပြည်သူတွေကသပိတ်​မှောက် (BC-boycott)ထားတဲ့ စစ်တပ်ထောက်ခံသူ ဟာသလူရွှင်တော် ဒိန်းဒေါင်ကပြောပါတယ်။ အာဏာသိမ်းကာလတလျှောက်လုံး စစ်ကောင်စီကိုထောက်ခံခဲ့ပြီး စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေ၊ ဝါဒဖြန့်ဖျော်ဖြေပွဲတော်တွေမှာ လုပ်ကိုင်ပေးခဲ့တဲ့ ဟာသလူရွှင်တော်ဒိန်းဒေါင်ဟာ ပွဲငှားရော ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေပါ ခေါ်ယူတာတွေ မရှိတော့လို့ စောင့်မျှော်နေရကြောင်း NSS Youtube channel မှာ ဖြေဆိုထားတာတွေ့ရပါတယ်။ “ပွဲငှားတွေနည်းသွားတယ်။ ဇာတ်ကားတွေလည်း မရိုက်ရဘူး။ ရင်ထဲကခံစားချက်လေးပေါ့။ တချို့တွေ ဒိန်းဒေါင်ပါတဲ့ ရုပ်ရှင်ကားကို ရုံတင်တဲ့အခါ လူလာမကြည့်ရင် မင်းတာဝန်ယူမလားဆိုတဲ့ ပရိုဂျူဆာ၊ ဒါရိုက်တာတွေလည်းရှိတယ်။ နံပါတ် ၁ မရိုက်ရခြင်းအကြောင်းရင်းပေါ့။”လို့ ဒိန်းဒေါင်က ပြောပါတယ်။ ယခင်က စစ်ကောင်စီရဲ့…