Author: Baby Yit Lone

  • ဆိုလာပြားပေါ် ငှက်ချေး

    ဆိုလာပြားပေါ် ငှက်ချေး

    ဆိုလာပြားပေါ် ငှက်ချေးက ဘယ်လောက်ထိဒုက္ခပေးလဲဆို ကျွန်တော် ပြောပြမယ်။

    ငှက်ချေးပေနေတဲ့ အောက်က Cell တွေက အရောင်တွေပြောင်းတာကို သတိထားမိတယ်။

    ငှက်‌ချေးရှိနေတဲ့နေရာ ပေနေတဲ့နေရာက solar တွေစပျက်တာကိုသတိထားမိတယ်။ ဒါက လက်တွေ့အတွေ့အကြုံ။

    ငှက်ချေးကြောင့်ပျက်တတာသိပြီးသား ။ ဘာကြောင့် ပျက်တယ်ဆိုတာကိုတော့ မသိခဲ့ဘူး။ ခုတော့ကျွန်တော်သိသွားပါပြီ

    အများစုက ငှက်ချေးပေတာ သစ်ရွက်တင်တာကို မီးထွက်နည်းမယ်လို့ လောက်ဘဲထင်တတ်ကြတယ်။

    တကယ်တော့ ဒါဟာ ဆိုလာပြားကို ဖျက်ဆီးပစ်မယ့် တရားခံ ပါပဲ။

    ​ဘာကြောင့်လဲဆိုတာ နည်းပညာအရ ရှင်းပြရရင် ဆိုလာဆဲလ်ဆိုတာ ဆီလိကွန်နဲ့လုပ်ထားတာ။

    ဆီလီကွန်က semiconductor အလင်းနဲ့ထိ‌တော့ conductor ဖြစ်တယ် အလင်းမရှိရင် conduction စွမ်းရည်ကျသွားပြီး resistance များလာပါတယ်။

    စွမ်းရည်ကျတဲ့ကောင်တွေက resistor လိုဖြစ်သွားတော့ လျှပ်စစ်စီးဖို့ခက် အပူတွေထွက် ပြီးတော့ hot spot တွေဖြစ်လာတော့တာဘဲ။

    ငှက်ချေး ပေတဲ့နေရာတွေမှာ စုပြုံပြီး အပူချိန် အဆမတန် တက်လာပါတယ်။

    အပေါ်မှာပြောထားသလို အလင်းနဲ့မထိတဲ့ Cell က conduction ကျ ပြီး resistance တိုးလာပြီး အဲ့နာမှာ အပူတွေ စထွက်တာပါ။

    အဲဒီကနေတစ်ဆင့် Panel နောက်ကျောတွေလောင်၊ မှန်တွေအက်ပြီး ဆိုလာပြားပါပျက်စီးသွားတာပါ။

    ​ဆိုလာပြားထဲမှာ Bypass Diode လေးတွေ ပါပေမဲ့ ငှက်ချေးလောက် အရိပ်ကျတာကို By pass မလုပ်ပေးပါဘူး။

    ငှက်ချေးက အရိပ်ထက်ပိုဆိုးတယ်။ အဲ့နေရာကရွေ့ကိုမရွေ့ဘူး။

    ငှက်ချေးအစက်ကလေးနေရာက အပူချိန် 100 ကို‌‌ေကျာ် ပြီးတောင်ပူတတ်တယ်ဆိုဘဲ 120 °C ထိပူတယ်တဲ့ ။

    အဲ့ကနေစပြီ Hot spot ဖြစ်ပြီး မီးလောင်တဲ့ထိ အန္တရာယ်ဖြစ်‌ေစနိင်ပါတယ်တဲ့။

    အရိပ်တို့ သစ်ရွက်တို့နဲ့ အမှိုက်တွေများများကျရင် Cell တော်တော်များများ အရိပ်ကျရင်တော့ By pass လုပ်ပေးပါတယ် ။

    အဲ့လိုအရိပ်တွေ အမှိုက်အမြဲတမ်း အရိပ်ကျနေရင် Diode လောင်သွားတတ်ပါတယ်။

    ဆိုလာတပ်ရင် နေရောင်ရဖို့တင် မဟုတ်ဘူး၊ အရိပ်လွတ်ဖို့ပါ သတိထားရပါမယ်။ အရိပ်သေးသေးလေးကအစ ။

    ငှက်ချေးလေးတစ်စက်က တစ်ခြားအရိပ်လို နေရာမရွေ့ဘဲ ကပ်နေတာကြောင့် ဆိုလာပြားကြီးတစ်ချပ်လုံးကို လောင်စေနိုင်လို့ ပုံမှန် သန့်ရှင်းရေးလုပ်ပေးရမယ်။

    Hot spot ကို solar Optimizer နဲ့ 90%ထိကာကွယ်လို့ရပါတယ်တဲ့ ။

  • စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိကြောင်း KNA နှင့် BGF ပြသ

    စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိကြောင်း KNA နှင့် BGF ပြသ

    ကျောင်းပြန်ဖွင့်ရေး ကူညီပြီး စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိကြောင်း KNA နှင့် BGF ပြသ

    စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲကာလအတွင်း ပျက်စီးခဲ့သည့် မြဝတီမြို့အနီး သင်္ဃန်းညီနောင် အထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင်လျက်ရှိရာ ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ၊ နယ်ခြားစောင့်တပ် (BGF) အမှတ် ၄ တပ်နယ်မှူး ဗိုလ်မှူးချုပ် စောမုတ်သုန်တို့ မြေပြင်ဆင်းပြီး ကူညီပေးခြင်းဖြင့် စစ်တပ်နှင့် ပုံမှန်ဆက်ဆံရေးရှိနေကြောင်း ပြသနေသည်။

    လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ နှင့် ရွှေကုက္ကိုဒေသတို့၌ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)များ ပြန်လည်လုပ်ကိုင်မှု များပြားလာသော်လည်း စစ်တပ်မှ ဝင်ရောက်စီးနင်းမှုမရှိသည့်အပြင် KNA နှင့် BGF တို့က ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်းဟု ဒေသခံများက ဆိုသည်။

    မြဝတီမြို့ခံတဦးက “ကျောင်းတွေပျက်စီးတာပြန်ပြင်ဖို့၊ စာရေးခုံတွေ၊ ဆိုလာတွေ တပ်ဆင်ပေးဖို့ စောချစ်သူနဲ့ ဗိုလ်မုတ်သုန်တို့က တာဝန်ယူလုပ်ပေးမယ်လို့ သိရတယ်” ဟု ပြောသည်။

    ၂ နှစ်နီးပါးအကြာ ပိတ်ထားပြီး ချုံနွယ်များနှင့် ပျက်စီးနေသော အဆိုပါအထက်တန်းကျောင်းကို လာမည့်စာသင်နှစ် ကျောင်းဖွင့်ရာသီအမီ ကျောင်းအပ်လက်ခံသွားနိုင်ရန် KNA နှင့် BGF တို့မှ လူအင်အား၊ ငွေအင်အားတို့ဖြင့် ကူညီပေးနေ ခြင်းဟုလည်း ဒေသခံများက ဆိုသည်။

    ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း စစ်တပ်က သင်္ဃန်းညီနောင်နှင့် မြဝတီမြို့အနီးဒေသတို့ကို ပြန်လည်စိုးမိုးထိန်းချုပ်ပြီး နောက် မယ်ထော်သလေးဒေသ၊ မြဝတီနှင့် ရွှေကုက္ကိုတို့ရှိ ကျားဖြန့်ဆိုက်တချို့ကို ဝင်ရောက်စီးနင်းဖျက်ဆီးပြခဲ့သလို KNA တပ်များအား မြို့ပြင်မောင်းထုတ်ခြင်း၊ မြဝတီ၌ ကရင်လက်နက်ကိုင်အဖွဲ့များ လက်နက်ကိုင်ဆောင်မှု ကန့်သတ်တင်းကျပ် ခြင်း စသည်တို့ ပြုလုပ်ခဲ့သော်လည်း စစ်တပ်နှင့် KNA၊ BGF တို့ကြား အကျိုးစီးပွားမပျက် ယခင်အတိုင်း ဆက်ဆံရေး ပုံမှန်ရှိနေသည်ဟု ကရင်လက်နက်အကိုင်အဖွဲ့အစည်းများနှင့် နီးစပ်သည့် မြဝတီမြို့ခံများက ပြောသည်။

    ပုံစာ – သင်္ဃန်းညီနောင် အထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး KNA ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူနှင့် BGF အမှတ် ၄ တပ်နယ်မှူး ဗိုလ်မှူးချုပ် စောမုတ်သုန်တို့ မြေပြင်ဆင်းဆောင်ရွက်နေမှု/ Pyin Nyar Shwe Phuu

  • မုန်တိုင်းနှစ်လုံးပြူး

    မုန်တိုင်းနှစ်လုံးပြူး

    မေလ (၉) ရက်မှာ စတင်နိုင်လို့ မြန်မာပြည်သားများ အထူးသတိပြုကြဖို့

    မင်္ဂလာပါ မြန်မာ့ရာသီဥတု လေ့လာသူများခင်ဗျာ။

    လွန်ခဲ့တဲ့ ၃ နှစ်က မြန်မာပြည်ကို ဖျက်ဆီးခဲ့တဲ့ မိုခါမုန်တိုင်းရဲ့ နှစ်ပတ်လည် အချိန်အခါမှာပဲ မိုခါဆန်ဆန် ပြင်းထန်တဲ့ “မုန်တိုင်းနှစ်လုံးပြူး” ဖြစ်စဉ်တစ်ခု

    ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဆရာဦးဌေးတင့် (မိုးဇလ ဘလော့ဂါ) က သုံးသပ်သတိပေးလိုက်ပါတယ်။

    📌 ခန့်မှန်းချက် အနှစ်ချုပ် –

    မေလ ၆-၇ ရက်: လေဆုံချက် စတင်ပြင်းထန်လာပြီး တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ စတင်လှည့်ပတ်မယ်။

    မေလ ၈-၉ ရက်: မုန်တိုင်းသန္ဓေ စတင်ဖြစ်ပေါ်လာနိုင်ပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၅၀ မှ ၇၀ ကျော်အထိ အလွန်အားကောင်းလာနိုင်ပါတယ်။

    သက်ရောက်မှု: ဒီမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဦးတည်နိုင်ပြီး မြန်မာပြည် ကုန်းတွင်းပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဝင်ရောက်နိုင်တဲ့ အခြေအနေရှိနေပါတယ်။

    ⚠️ အထူးသတိပြုရန်:

    မုန်တိုင်းနဲ့အတူ မုတ်သုံရေငွေ့တွေကြောင့် မြန်မာပြည်အနှံ့အပြားမှာ Landscape Raining အဆင့် မိုးကြီးနိုင်ပါတယ်။

    အထူးသဖြင့် ကချင်၊ ချင်း၊ စစ်ကိုင်း၊ ရခိုင်၊ မကွေး၊ ဧရာဝတီ၊ ပဲခူး၊ ကရင်၊ မွန်နဲ့ တနင်္သာရီ ဒေသတွေမှာ မြေပြို၊ လမ်းပြိုနိုင်တဲ့အထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်လို့ ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

    ကချင်ပြည်နယ်မှာလည်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မေလလယ်မှာ ရေကြီးနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။

    မိမိတို့ မိတ်ဆွေတွေကို ကြိုတင်ပြင်ဆင်နိုင်အောင် သတင်းအချက်အလက်တွေ မျှဝေပေးကြပါဦးခင်ဗျာ။ 🙏

  • တစ်လ (၇) သိန်းတန် သူနာပြုအကူ

    တစ်လ (၇) သိန်းတန် သူနာပြုအကူ

    တစ်လ (၇) သိန်းပေးပြီး ငှားထားတ့သူနာပြုအကူက ဖခင်အိုကြီးကို ညှဉ်းပန်းနေလို့တဲ့

    CCTV ကြည့်မှ အမှန်တရားကို သိလိုက်ရတဲ့ သမီးဖြစ်သူရဲ့ ရင်ကွဲသံ

    🚨 နိုင်ငံခြားကနေ ဖခင်ကိုစိတ်မချလို့ တစ်လ ၇ သိန်းပေးပြီး ငှားခဲ့ပေမယ့် CCTV ပြန်ကြည့်လိုက်ချိန်မှာတော့…

    ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ သမီးဖြစ်သူတစ်ဦးဟာ နေမကောင်းဖြစ်ပြီး (လေဖြတ်၊ ပေါင်ကျိုး) အိပ်ရာထဲဘဝရောက်နေတဲ့ ဖခင်ကြီးကို စိတ်မချတာကြောင့် အေဂျင်စီတစ်ခုကနေ တစ်လကို (၇) သိန်းကျပ်တိတိ ပေးပြီး သူနာပြုအကူ အမျိုးသားတစ်ဦးကို ငှားရမ်းခဲ့ပါတယ်။

    အစပိုင်းမှာတော့ သမီးဖြစ်သူဟာ သူနာပြုအကူကို ယုံကြည်ပြီး CCTV တွေကို အသေးစိတ် ပြန်မကြည့်ဖြစ်ခဲ့ပါဘူး။ ဖခင်ကို သေချာပြုစုပေးတယ်ဆိုတဲ့ အထင်နဲ့ လစာအပြင် မုန့်ဖိုးတွေပါ အပိုထပ်ပေးပြီး စေတနာထားခဲ့ပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးကြည့်လိုက်တဲ့ အချိန်မှာတော့ သမီးဖြစ်သူအတွက် ရင်ကွဲပက်လက်ဖြစ်စရာ မြင်ကွင်းတွေကို တွေ့လိုက်ရပါတယ်။ ယုံကြည်ပြီး အပ်ထားခဲ့တဲ့ သူနာပြုအကူဟာ ဖခင်ကြီးကို ကြမ်းကြမ်းတမ်းတမ်း ဆွဲရမ်းတာ၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ အမျိုးမျိုးပြုလုပ်နေခဲ့ပြီး ဖခင်ကြီးရဲ့ ခန္ဓာကိုယ်မှာလည်း အညိုအမည်းတွေ စွဲကျန်ရစ်တဲ့အထိ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

    ဒီဖြစ်ရပ်အတွက် မိမိကိုယ်ကို ခွင့်မလွှတ်နိုင်လောက်အောင် ခံစားနေရတဲ့ သမီးဖြစ်သူက အဆိုပါ အေဂျင်စီကို ဆက်သွယ်တိုင်ကြားခဲ့ပါတယ်။ အစပိုင်းမှာ အေဂျင်စီဘက်က လူစားထိုးလဲလှယ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တာဝန်ယူမှုမရှိဘဲ လူမလဲပေးနိုင်တော့ကြောင်း ငြင်းဆိုလာခဲ့ပါတယ်။

    ယခုအခါမှာတော့ သမီးဖြစ်သူက သူမလိုမျိုး တခြားသူတွေ ထပ်ပြီးမခံရလေအောင် “အိမ်စောင့်၊ သူနာပြုအကူ ငှားရမ်းမယ်ဆိုရင် အေဂျင်စီတွေကို သေချာလေ့လာပြီး CCTV ကိုလည်း အမြဲစောင့်ကြည့်ကြဖို့” သတိပေး မျှဝေထားပါတယ်။ ဒါ့အပြင် ဒီလိုတာဝန်ယူမှုမရှိတဲ့ အေဂျင်စီနဲ့ ကျူးလွန်သူကို ဥပဒေအရဖြစ်စေ၊ အခြားနည်းလမ်းနဲ့ဖြစ်စေ ဘယ်လိုဆက်လက် အရေးယူဆောင်ရွက်သင့်လဲဆိုတာကိုလည်း အများပြည်သူထံကနေ အကြံဉာဏ်တောင်းခံထားပါတယ်။

    မိဘကို အကောင်းဆုံး ပြုစုချင်လွန်းလို့ ဂျပန်နိုင်ငံကနေ ပိုက်ဆံရှာပြီး တစ်လ (၇) သိန်းတန် သူနာပြုအကူ ခေါ်ပေးခဲ့ပေမယ့် ရလဒ်ကတော့ ရင်နင့်စရာပါပဲ။

    လေဖြတ်ပြီး ပေါင်ကျိုးနေတဲ့ ဖခင်အိုကြီးကို အေဂျင်စီကနေ ခေါ်ထားတဲ့ သူနာပြုအကူက ကောင်းကောင်းမွန်မွန် မပြုစုဘဲ လူမဆန်စွာ ပြုမူခဲ့တာကို CCTV ကနေတစ်ဆင့် သိရှိခဲ့ရပါတယ်။

    သမီးဖြစ်သူဟာ အစပိုင်းမှာ အေဂျင်စီနဲ့ သူနာပြုကို ယုံကြည်လွန်းလို့ လစာအပြင် မုန့်ဖိုးတွေပါ ပိုပေးခဲ့တာပါ။

    ဒါပေမဲ့ ဖခင်ကြီးရဲ့ ကိုယ်ပေါ်မှာ အညိုအမည်းစွဲတဲ့အထိ ထိခိုက်ဒဏ်ရာတွေ တွေ့လာရလို့ CCTV ပြန်ကြည့်လိုက်ချိန်မှာတော့…

    မြင်ရတဲ့ မြင်ကွင်းတွေကြောင့် ကိုယ့်ကိုယ်ကိုယ်တောင် ခွင့်မလွှတ်နိုင်လောက်အောင် စိတ်ထိခိုက်ခဲ့ရပါတယ်။ 😰

    “အေဂျင်စီရဲ့ တာဝန်ယူမှု ဘယ်မှာလဲ?”

    ဒီကိစ္စအတွက် အေဂျင်စီကို အကြောင်းကြားတဲ့အခါမှာလည်း အစပိုင်းမှာ လူလဲပေးမယ်ပြောပြီး နောက်ပိုင်းမှာတော့ တာဝန်ယူမှုမရှိဘဲ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

    အခုလို ဖြစ်ရပ်မျိုး တခြားသူတွေ မကြုံရအောင် သတိပေးရင်း ဒီကိစ္စကို ဥပဒေကြောင်းအရ ဘယ်လို ဆက်လုပ်သင့်သလဲဆိုတာ အကြံပေးကြဖို့ သမီးဖြစ်သူက အကူအညီတောင်းခံထားပါတယ်။

    မိဘကို သူစိမ်းလက်ထဲ အပ်ထားတဲ့သူများအနေနဲ့ CCTV ကို အမြဲမပြတ် စစ်ဆေးဖို့နဲ့ အေဂျင်စီတွေကို သေချာစိစစ်ရွေးချယ်ဖို့ အထူးသတိပြုကြပါခင်ဗျာ။ 🙏

  • မူရင်း စာရေးဆရာကို အသိမပေးဘဲ အောင်ဇမ္ဗူနဲ့ ရိုက်ဖို့ စီစဉ်နေတဲ့ ရုပ်ရှင်

    မူရင်း စာရေးဆရာကို အသိမပေးဘဲ အောင်ဇမ္ဗူနဲ့ ရိုက်ဖို့ စီစဉ်နေတဲ့ ရုပ်ရှင်

    မူရင်း စာရေးဆရာကို အသိမပေးဘဲ အောင်ဇမ္ဗူနဲ့ ရိုက်ဖို့ စီစဉ်နေတဲ့ ရုပ်ရှင်

    ၂၀၁၇ ၁၈ လောက်ကတည်းက ဝယ်သွားတဲ့ဇာတ်လမ်းပါ..

    “ဆယ့်နှစ်ကြိုးခင်သုန်” ကို နာမည်ပြောင်းထားတာထင်ပါတယ်။

    သူတို့ကို ရောင်းဖူးတာလည်း အဲ့ဒီ တခုတည်းရှိတယ်။

    ကျွန်တော့်ကို လာလာမေးနေကြလို့ဖြေရတာပါ။ ပြောရရင် ဒီကာလမှာ အဲ့ဒီဘက်ကို စိတ်လည်းမဝင်စားဘူး။ ပတ်လည်း မပတ်သတ်ချင်ပါဘူး။

    ခုချိန်ရိုက်မယ်ဆိုတာမျိုး အကြောင်းကြားတာ၊ အသိပေးတာမျိုးလည်း မရှိပါဘူး။

    အသိပေး၊ အကြောင်းကြားလည်း ကျွန်တော့်ဘက်က ဘာမှ လက်ခံပြောဆို ဆက်ဆံနေစရာမရှိပါဘူး။

    အချိန်တွေကြာနေပြီး ကျွန်တော့်ဆီလည်း စာချုပ်တောင် လက်ခံမရှိတော့တာမို့ ဘာဘာညာညာလည်း ပြောချင်၊ ငြင်းချင်စိတ်မရှိပါ။

    ခုမှ ထရိုက်တာကတော့ ဘာအထာလဲ မိမိလည်း မပြောတတ်။

    မင်းသားက ထောင်ကလွတ်လွတ်ချင်းမှာ အီးပါချင်တာနဲ့.. လမ်းဘေးက အိမ်တစ်အိမ်ကို ခိုးဝင်ပြီးအိမ်သာတက်ဖို့လုပ်။

    အိမ်ရှင်သမီးလေးကလည်း အီးပါပြီး ပြန်အထွက်။ ကြောက်လန့်တကြားအော်တော့ မင်းသားက ကောင်မလေးကို ဓားထောက်ပြီး အိမ်သာထဲ တံခါးပိတ်ဝင်ပုန်း။

    အိမ်သာကြီးကို ရပ်ကွက်အုပ်ကြီးနဲ့ ရဲတွေက ဝိုင်းထား။

    မင်သားက အီးပါနေရင်း သူဟာ ထောင်ထွက်ပေမယ့် လူဆိုးမဟုတ်ကြောင်း၊ ပထွေးဖြစ်သူနဲ့ အိမ်သာလုတက်ရင်း စကားများရာက မတော်တဆပထွေးကို သတ်မိသွားကြောင်း၊ ထောင်ထဲမှာလည်း ထောင်ဝင်စာမရှိလို့ မိလ္လာဘုတ်မှာ အီးပုံးထမ်းရကြောင်း ရှင်းပြ။

    ကောင်မလေးက သနား။

    အိမ်သာနောက်မှာ ကောင်မလေးအဖေမောင်းတဲ့ ချီးကားကြီးရပ်ထားကြောင်း၊ သူ့ကို ဓားစာခံလုပ်ပြီး ချီးကားကြီးနဲ့ လွတ်အောင်ပြေးဖို့အကြံပေးတာနဲ့ အကောင်ထည်ဖော်ဖို့ကြိုးစား။

    စောက်ရမ်းရိုက်ချင်ကြရင် အဲ့ဒီလို သည်းထိတ်ရင်ဖို့ကားရိုက်မလား။ ပေးမယ်လေ။

    ခက်ဇော်