📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ယောဂီဝတ်စုံဖြင့် အလှူခံနေသည့် အမျိုးသမီးကြီး

မန္တလေးတွင် သားဖြစ်သူခိုင်းစေချက်အရ ညပိုင်းစားသောက်ဆိုင်များတွင် ယောဂီဝတ်စုံဖြင့် အလှူခံနေသည့် အမျိုးသမီးကြီးကို ခေါ်ယူဆုံးမ

မန္တလေးမြို့တွင် သားဖြစ်သူ၏ ခိုင်းစေချက်အရ စားသောက်ဆိုင်များတွင် ယောဂီဝတ်စုံဝတ်ဆင်ကာ ငွေဖလားဖြင့် လိုက်လံအလှူခံနေသည့် အမျိုးသမီးကြီးတဦးကို ယနေ့ ဇူလိုင်၈ရက် ညပိုင်းက ခေါ်ယူဆုံးမခဲ့ကြောင်း ချမ်အေးသာစံမြို့နယ်၊ သာသနာတော်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။

၆၂-လမ်းနှင့် —–လမ်းရှိ ဆိုင်တဆိုင်တွင် ညပိုင်းအချိန် စားသုံးနေသူများထံ သင်္ကန်းဝတ်ပုဂ္ဂိုလ်တဦး ဝင်ရောက် အလှူခံနေကြောင်း သတင်းများ တက်လာမှုကြောင့် ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်/သံဃနာယကဥက္ကဋ္ဌဆရာတော်ဦးဆောင်ပြီး သာ/ထိန်းအဖွဲ့ဆရာတော်များသည် အဆိုပါဆိုင်နေရာနှင့် နီးစပ်ရာ ဆိုင်များသို့ (၂)ညတိုင်တိုင် ကြွရောက်ကြရာ မတွေ့ရှိရပဲ ယနေ့ညပိုင်းတွင် ယောဂီအဝတ်အစား ဝတ်ကာ ငွေဖလားဖြင့် လှည့်လည် အလှူခံနေသည့် သက်ကြီးပိုင်း အမျိုးသမီးတဦးကို တွေ့ရှိရ၍ ခေါ်ယူ စစ်ဆေးကြခြင်းဖြစ်သည်။

“သားဖြစ်သူက အလှူခံမယ့်နေရာသို့ ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ သူက တနေရာမှာ ထိုင်စောင့်တယ်။ မိခင်ဖြစ်သူကို စားသောက်ဆိုင်တွေမှာ အလှူခံ ခိုင်းစေခြင်း ဖြစ်ပါတယ်။ ဒီသားအမိနှစ်ယောက်ကို ချမ်းအေးသာစံမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ၂၀၂၁-နှစ်ခန့်က ယခုလို အလှူခံမှုကြောင့် ​ခေါ်ယူဆုံးမပြီး ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတည်းက မိခင်ကြီးကို ခိုင်းမစားပါနဲ့၊ အလှူခံစားချင်ရင်လည်း ယောဂီရောင် အဝတ်အစားဝတ်ပြီး ငွေဖလားနဲ့ အလှူမခံပါနဲ့၊ ရိုးရိုးအဝတ်ဝတ်ပြီးမှ အလှူခံခိုင်းပါလို့ ဆိုဆုံးမပြီးသားဖြစ်ပါတယ်”ဟု ချမ်းအေးသာစံမြို့နယ်၊ သာ/ထိန်းအဖွဲ့ဝင် ဆရာတော်က မိန့်ပါသည်။

ယခု ဒုတိယအကြိမ်တွင် အဆိုပါ သားအမိအသုံးပြုသည့် ဆိုင်ကယ်ကိုခေတ္တ ထိန်းသိမ်းထားပြီး အားလုံး စုံစမ်းစစ်ဆေးပြီးပါက ခံဝန်ကတိလက်မှတ် ရေးထိုးစေကာ ဆိုင်ကယ်ကို ပြန်ပေးမည်ဖြစ်သည်။

ယခုအကြိမ် ခံဝန်ကတိလက်မှတ် ရေးထိုးပြီးဖြစ်သော်လည်း ဆက်လက် မလိုက်နာပါက ထိုက်သင့်သည့် အပြစ်ပေးမှုကို ခံယူရမည်ဖြစ်သည်။

photo credit : အရှင်ကဝိန်

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်