Author: Baby Yit Lone

  • စစ်ကော်မရှင်က အလောင်းများဆွဲပြေးရသည်ကို မပေါက်ကြားရန်အတွက် စစ်သုံးကားကြီး နှစ်စီးဖြင့် အလောင်းသယ်ရန်အသင့်ပြင်ထား

    ပန်းတောင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်က အလောင်းများဆွဲပြေးရသည်ကို မပေါက်ကြားရန်အတွက် စစ်သုံးကားကြီး နှစ်စီးဖြင့် အလောင်းသယ်ရန်အသင့်ပြင်ထား စစ်ကော်မရှင်ထိုးစစ်ဆင်နေသည့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ လေသာတောင်တိုက်ပွဲတွင် ထိခိုက် သေဆုံးမှုများပြီး အလောင်းများဆွဲပြေးနေရသည်ကို မပေါက်ကြားရန်အတွက် စစ်သုံးကားများ အသုံးပြုရန် ပြင်ဆင်နေကြကြောင်း သိရသည်။ စစ်ကော်မရှင်သည် ၎င်းတို့ လက်လွတ်ဆုံးရှုံးလိုက်ရသည့် လေသာတောင်ရှိ စစ်စခန်းကို ပြန်လည်ရရှိရန်အတွက် အောက်တိုဘာ ၆ ရက်နေ့မှစတင်၍ စစ်ကြောင်းထိုးလာရာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး အလောင်းများဆွဲပြေးခဲ့ရသည်။ “ကားနှစ်စီးခေါ်ထားတာက အင်အားဖြည့်ဖို့မဟုတ်ပါဘူး။ အလောင်းကောက်ဖို့ဖြစ်ပါတယ်။ လူမှု ကူညီရေးအသင်းပိုင်ယာဉ်တွေနဲ့ အလောင်းတွေတင်လို့ သတင်းပေါက်ကြားပါတယ်ဆိုပြီး သူတို့ ကားတွေနဲ့အသင့်ပြင်ထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်တပ်သည် သေဆုံးတပ်ဖွဲ့ဝင်အလောင်းလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ဆောင်ရန်အတွက် အနီးနားကျေးရွာများမှ လူမှုကူညီရေးကားများကို အရေးပေါ်အသုံးပြုရာတွင် ပြင်ပသို့ သတင်းပေါက်ကြားသည်ဟုဆိုကာ တိုက်ပွဲအတွင်းမှ…

  • လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာသစ်တွင် အိမ်ခန်း မဲဖောက် ပေးမည်ဖြစ်ပြီး မုဆိုးမအများစု တိုက်ခန်း ရကြမည်

    လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာသစ်တွင် အိမ်ခန်း မဲဖောက် ပေးမည်ဖြစ်ပြီး မုဆိုးမအများစု တိုက်ခန်း ရကြမည်

    နိုင်ငံတစ်ဝန်းတိုက်ပွဲများသေဆုံးသွားသော အရာရှိနှင့်စစ်သားများ၏ ကျန်ရစ်သူမိသားစုများကို ရန်ကုန်လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာသစ်တွင် အိမ်ခန်း မဲဖောက် ပေးမည်ဖြစ်ပြီး မုဆိုးမအများစု တိုက်ခန်းရကြမည် မြန်မာနိုင်ငံတစ်ဝန်းတိုက်ပွဲများသေဆုံးသွားသော အရာရှိနှင့်စစ်သားများ၏ ကျန်ရစ်သူမိသားစုများကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်၊ လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာသစ်တွင် မဲဖောက် အခန်းပေးမည်ဖြစ်ပြီး မုဆိုးမအများစု တိုက်ခန်းရကြမည်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဟောင်း အိမ်ရာမြို့သစ်အဖြစ် ဒဂုံမြို့သစ်တောင်ပိုင်း လေးထောင့်ကန်တွင် အိမ်ခန်းပေါင်း ၄၀၀၀ ခန့် ပါဝင်သော မြို့သစ်စီမံကိန်းကို တည်ဆောက်လျက်ရှိရာတွင် အဆိုပါ အိမ်ရာသစ်တွင် တိုက်ပွဲအတွင်း ကျဆုံးသော အရာရှိနှင့် စစ်သည်များကို အခန်းများ ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။ “တပ်မတော်အတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့အရာရှိတွေကတော့ မဲနှိုက်စရာမလိုဘဲ အခန်းရဖို့ရှိမယ်လို့ သိရတယ်။ စစ်သည်တွေကတော့ လျှောက်လွှာတင်ထားတာတွေကို မဲနှိုက်ပေးမယ်။ မဲပေါက်ရင် အခန်းရမယ်။…

  • နတ်ရေကန်တောင်ဗျူဟာစခန်းကို လေယာဉ်ပေါ်ကလာချပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေအချို့ AA သိမ်းဆည်းရမိ

    နတ်ရေကန်တောင်ဗျူဟာစခန်းကို လေယာဉ်ပေါ်ကလာချပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေအချို့ AA သိမ်းဆည်းရမိ

    ဝိုင်းရံပိတ်ဆို့ခံနေရတဲ့ နတ်ရေကန်တောင်ဗျူဟာစခန်းကို လေယာဉ်ပေါ်ကလာချပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေအချို့ AA သိမ်းဆည်းရမိ ဝိုင်းရံ ပိတ်ဆို့ခံထားရသည့်အတွက် လက်နက်ခဲယမ်း၊ ရိက္ခာများပြတ်တောက်နေသော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒန်းမြို့အပိုင်အမ်း-ပဒန်း ရိုးတောင်ကျော်လမ်းရှိ နတ်ရေကန်လေကြောင်းရန် ဗျူဟာကုန်းကို လေယာဉ်မှ လေထီးဖြင့် လာချပေးနေရရာ ထိုအထဲက လက်နက်ခဲယမ်းများနှင့် ရိက္ခာထုပ်တချို့ကို အာရက္ခတပ်တော် (AA) မှသိမ်းဆည်းရမိကြောင်းသတင်းရရှိသည်။ ဒေသခံမြေပြင်သတင်းရင်းမြစ်တစ်ဦးက “ပစ္စည်းတွေမချပေးခင်ဂျက်နဲ့ပတ်ဝန်းကျင်ကို လာပစ်တယ်။ပြီးမှ Y8 လေယာဉ်နဲ့ပစ္စည်းထုပ်တွေကို ချတယ်။တချို့ ပစ္စည်းတွေက သူတို့(စစ်တပ်)ဖက်လည်းကျတယ်။AA ဖက်ကိုလည်းအထုပ်တွေ ကျလာတာတွေရှိတော့သိမ်းဆည်း ရမိထားတွေရှိတယ်”ဟုပြောသည်။ အင်အားရာနှင့်ချီရှိသည့် လေကြောင်းရန်ကာကွယ်ရေးဗျူဟာကိုအာရက္ခတပ်တော်နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက ဝိုင်းရံ ပိတ်ဆို့ထားသဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပြတ်တောက်နေ၍ ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နံနက်က Y8 လေယာဉ်ဖြင့်လက်နက်ခဲယမ်းနှင့်စားနပ်ရိက္ခာကိုလေထီးဖြင့်လာချပေးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောဆိုသည်။ အာရက္ခတပ်တော်နှင့်ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များသည်…

  • “မဲစာရင်း မှားယွင်းမှုကို  လာရောက်ဖြေရှင်းတဲ့ ပြည်သူများကို မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူးက  ခွေးနဲ့ခိုင်းနှိုင်း ပြောဆိုခဲ့”

    “မဲစာရင်း မှားယွင်းမှုကို လာရောက်ဖြေရှင်းတဲ့ ပြည်သူများကို မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူးက ခွေးနဲ့ခိုင်းနှိုင်း ပြောဆိုခဲ့”

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှ ပြည်သူများဟာ စစ်တပ်ကပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှာ ထပ်မံပါဝင်နေတဲ့အတွက် ဖြေရှင်းရန် လာရောက်ခဲ့ချိန်မှာ မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အချင်းများခဲ့ကြပါတယ်။ အဆိုပါ မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူများကို ခွေးနဲ့နှိုင်းခိုင်း ပြောဆိုခဲ့ခြင်းကြောင့် ပြည်သူများနဲ့ အချင်းများခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ရုပ်သံ – လူမှုကွန်ရက်

  • ချောင်းဦး ရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်အုပ်စုတပ်သားတချို့ သေဆုံး

    ချောင်းဦး ရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်အုပ်စုတပ်သားတချို့ သေဆုံး

    ချောင်းဦး ရဲစခန်းကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ စစ်အုပ်စုတပ်သားတချို့ သေဆုံး စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က စစ်အုပ်စုတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ မြို့မရဲစခန်းကို အောက်တိုဘာလ ၁၀ ရက်မှာ တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီးဒရုန်းတွေ ပစ်ချတိုက်ခိုက်ခဲ့တာလို့ Chaung U People’Defence Force အဖွဲ့ကထုတ်ပြန်ပါတယ်။ ၆၀- မမ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ရာမှာ ရဲစခန်းအတွင်းက ပစ္စည်းသိုလှောင်ထားတဲ့ ဂိုထောင်ထိမှန်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဗုံးသီးကျရောက် ပေါက်ကွဲတာကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ၊ တစ်ဦးဒဏ်ရာရခဲ့ပြီး သေဆုံးသွားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကိုတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို Chaung U People’Defence Forceနဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မနေ့က ညပိုင်းမှာပဲ…