Author: Baby Yit Lone
-

မဲစာရင်း မပြည့်စုံ၊ အချက်အလက်ကွဲလွဲမှုရှိဟု စစ်ကော်မရှင် ဝန်ခံ
ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရာ မဲစာရင်း မပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုများရှိနေကြောင်း စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်က ဝန်ခံပြောဆိုသည်။ ယမန်နေ့ (အောက်တိုဘာ ၁၀) က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကော်မရှင်၏ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် ဦးမြင့်ကြိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၁ ရက်)ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။ “အချို့ဒေသများ၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရှိရပါကြောင်း” ဦးမြင့်ကြိုင်က ပြောသည်။ ထို့သို့ ဖြစ်ရခြင်းမှာ လက်ရှိအတည်ပြု လူဦးရေစာရင်းတွင် ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြောင်းရွှေ့နေထိုင်ရာဒေသသို့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးသည့်အတွက် ဖြစ်ကြောင်းလည်း အကြောင်းပြသည်။ မဲစာရင်း ကွဲလွဲမှု အနည်းငယ်ရှိနေခြင်းဟု ဦးမြင့်ကြိုင်ကဆိုသော်လည်း…
-

သံတွဲနှင့် ဂွ ပြည်သူများ စစ်ရေးသတိရှိကြရန် AA အသိပေး
ရခိုင်ပြည်နယ် သံတွဲ၊ ဂွမြို့နယ်များကို စစ်တပ်က ရေကြောင်း လေကြောင်းမှ တိုက်ခိုက်နေသဖြင့် ပြည်သူများ အထူးသတိထားကြရန်နှင့် စစ်ရေးသတိရှိကြရန် အာရက္ခတပ်တော် (AA)က အသိပေးမှု ပြုလုပ်ထားသည်။ စစ်သင်္ဘောများက လူနေရပ်ကွက်များ ရွာများအတွင်း အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ ကမ်းနီးတနိုင်တပိုင် ဝမ်းစာရှာ ငါးဖမ်းထွက်သည့် ရေလုပ်သားများအား ဖမ်းဆီးသတ်ဖြတ်နေရာ စက်တင်ဘာ ၆ ရက်က သံတွဲမြို့ တောင်မကျည်း တိုက်နယ် ဆတ်လည်မျှော်ရွာမှ ရေလုပ်သား ဦးမောင်ကို၊ ဦးကျော်ဝေသန်း၊ ဦးဖိုးနီ၊ ဦးညီညီတို့ကို ရေတပ်မှ ဖမ်းဆီးခဲ့သလို အောက်တိုဘာ ၃ ရက်က ကျောက်ဖြူမြို့ ဆားပြင်ကွင်းရပ်ကွက်မှ ရေလုပ်သား ၂၀ ကျော် ဖမ်းဆီးခဲ့သည်။ စက်တင်ဘာ ၄ ရက်က စစ်သင်္ဘောမှ အမြောက်ဖြင့် ပစ်သဖြင့် ငပလီကမ်းခြေအနီးနှင့် လင်းရိုး…
-

မြန်မာပြည်- ဒါ ဘယ်သူ့စစ်ပွဲလဲ
တောင်အာရှဒေသတခုလုံးဟာ မပြီးဆုံးနိုင်တဲ့ ပြဿနာတွေနဲ့ ပြည့်နှက်နေပါတယ်။ ပါကစ္စတန်မှာ နိုင်ငံရေးအာဏာလွန်ဆွဲပွဲတွေ ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ကြားဖြတ်အစိုးရက မတည်ငြိမ်ပါဘူး။ သီရိလင်္ကာကလည်း ခက်ခက်ခဲခဲ ပြန်လည်ထူထောင်နေရတုန်းပါ။ ဒီပြဿနာတွေကြားမှာ မြန်မာ့အရေးဟာ မေ့လျော့ခံထားရတဲ့ ဇာတ်လမ်းတပုဒ်လို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲဟာ ဒေသတွင်းရဲ့ အနာဂတ်တည်ငြိမ်ရေးကို အဆုံးအဖြတ်ပေးမယ့် ကိစ္စတခု ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ဆယ်စုနှစ်တခုကြာခဲ့တဲ့ ဒီမိုကရေစီကူးပြောင်းရေးခရီးလည်း အဆုံးသတ်သွားခဲ့ရတယ်။ ဒီမိုကရေစီရဲ့ ပြယုဂ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုလည်း ဖယ်ရှားပစ်ခဲ့ပါတယ်။ စစ်တပ် ကျောထောက်နောက်ခံပြု USDP ပါတီက ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် “မဲလိမ်တယ်” လို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းမှုနဲ့အတူ…
-

မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်တွင် ပြောဆိုခဲ့မှုများကိုအသေးစိတ် သတင်းထုတ်ပြန်
မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်တွင် ပြောဆိုခဲ့မှုများကိုအသေးစိတ် သတင်းထုတ်ပြန်လိုက်သဖြင့် မြန်မာစစ်တပ်၏ လိမ်လည် သတင်း ထုတ်ပြန်မှု ထင်ရှားပေါ်ပေါက် စစ်တပ်၏ ရွေးကောက်ပွဲကို ဝမ်းမြောက်ဝမ်းသာနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မပြောဆိုခဲ့ဘဲ စစ်တပ်က လိမ်လည် ဝါဒဖြန့်ခဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်၏ နေပြည်တော်ခရီးစဉ်တွင် ပြောဆိုခဲ့မှုများနှင့်ပတ်သက်၍ အသေးစိတ် သတင်းထုတ်ပြန်လိုက်သဖြင့် မြန်မာစစ်တပ်၏ လိမ်လည် သတင်း ထုတ်ပြန်မှု ထင်ရှားပေါ်ပေါက်သွားသည်။ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်မှုကို ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်က မပြောခဲ့ဘဲ စစ်တပ်က လိမ်လည်ထုတ်ပြန်ခဲ့မှုမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာန၏ ယမန်နေ့ သတင်းထုတ်ပြန်မှုကြောင့် အဖြစ်မှန် ပေါ်ပေါက်လာခြင်းဖြစ်သည်။ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟက်ဆန်သည် အောက်တိုဘာလ ၉…
-

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို မနားတမ်း ခုခံနေသည့် KNDF ရဲဘော်များ (ဓာတ်ပုံသတင်း)
အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ကို သာလွန်အင်အား၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် – ၁၅ က ထုတ်ပြန်ထားပါတယ်။ စစ်ရေးပြင်းထန်နေတဲ့ကာလမှာ စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေကို နေ့မနား ညမအိပ် ခုခံကာကွယ်နေတဲ့ ရှေ့တန်းရောက် ရဲဘော်တွေရဲ့ ပုံရိပ်တွေနဲ့အတူ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိဝီရိယထားကာ သွားလာကြဖို့လည်း KNDF တပ်ရင်းအမှတ် – ၁၅ က မေတ္တာရပ်ခံထားပါတယ်။ ဓာတ်ပုံ – KNDF/B-15